Transparency Myanmar

transparency.myanmar@gmail.com

Human Rights Watch, 14th October 2010

အင်ဒိုနီးရှား အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို လူသိရှင်ကြား ထောက်ခံသင့်ကြောင်း Human Rights Watch က ယနေ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Dr.R.M.Marty M. Natalegawa ထံသို့ စာရေးသား ပေးပို့ရာတွင် ထည့်သွင်း ရေးသားခဲ့သည်။

"မြန်မာ နိုင်ငံတွင် စိုးရိမ်ဖွယ် ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက် ကိုင်တွယ်ရန် အင်ဒိုနီးရှား အနေဖြင့် အာရှ နိုင်ငံများ အကြားတွင် တာဝန်ယူသော ဦးဆောင်မှုဖြင့် ကြိုးစား ပြသင့်ပါတယ်" ဟု Human Rights Watch မှ အာရှ ဒုတိယ ဒါရိုက်တာ Elaine Pearson က ပြောကြားခဲ့သည်။ "နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့ဖို့ ထောက်ခံခြင်းဟာ အခု အင်ဒိုနီးရှား တက်တက်ကြွကြွ ချဉ်းကပ်နေတဲ့ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှု တိုးတက် ဖြစ်ပေါ်ရေး အတွက် လုပ်ငန်းစဉ်နဲ့ တစ်မျိုးတည်းပါပဲ" ဟု Pearson က ပြောသည်။

မြန်မာ နိုင်ငံတွင် ၂၀၀၂ ကတည်းက နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာသော ဥပဒေများကို ချိုးဖောက်မှုများနှင့် ချိုးဖောက်သူများကို စုံစမ်း အစီရင်ခံစာ တင်ရန် ကုလသမဂ္ဂ ကော်မရှင်အား ထူထောင် အခွင့်အာဏာ ပေးရေး ကိစ္စကို ထောက်ခံရန် Human Rights Watch က Dr.Natalegawa အား တိုက်တွန်းထားသည်။

Dr. Natakgawa သည် ယခင်က စိုးရိမ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက် အခြား စွပ်စွဲချက်များ အပေါ် နိုင်ငံတကာ စုံစမ်းရေး အဖွဲ့ ဖွဲ့ရေး ကြိုးပမ်းခဲ့ဖူးသည်။ ၂၀၁၀ ခုနှစ် ဇွန်လက ယင်းသည် မေလ (၃၁) ရက်နေ့က ဂါဇာသို့ လာသော အကူအညီ ပေးရေး သင်္ဘောအား အစ္စရေး လုံခြုံရေးတပ်များသည် အင်အား သုံး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲချက်နှင့် ပတ်သက် ကုလသမဂ္ဂသို့ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ဖူးသည်။

"အင်ဒိုနီးရှားဟာ နိုင်ငံတကာမှာ တာဝန် ယူတတ်မှုနဲ့ ပြောရဲ ဆိုရဲသည့် နည်းတူ မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ် ရာဇ၀တ်မှုများအပေါ် အရေးယူရေးကိုလည်း ပြောဆိုဖို့ လိုအပ်ပါတယ်" ဟု Pearson က ပြောပါသည်။ "အင်ဒိုနီးရှား ပေါ်လစီ ချမှတ်သူများ အနေဖြင့် အာရှတိုက် ပြင်ပ ကျူးလွန်မှုတွေကို ထောက်ခံ အလေးထားသည့် နည်းတူ မြန်မာနိုင်ငံက ကျူးလွန်မှုတွေ အပေါ်မှာလည်း ရှေ့တစ်လှမ်း တိုးပြီး တာဝန်ယူ ပြောဆိုသင့်ပါတယ်" ဟု ယင်းက ပြောသည်။

မြန်မာ လုံခြုံရေး တပ်ဖွဲ့များသည် အရပ်သားများအပေါ် တမင် ရည်ရွယ် တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လိင်မှုဆိုင်ရာများ ကျူးလွန်ခြင်း၊ နှိပ်စက်ခြင်း၊ ကလေး စစ်သားများ အသုံးပြုခြင်း၊ အစာရေစာများ ဖြတ်တောက်ခြင်း၊ လူများကို အတင်း ရွှေ့ပြောင်းစေခြင်း၊ မြေမြှုပ်မိုင်းများ အသုံးပြုခြင်းတို့ကို ကျူးလွန်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည်လည်း သတ်ဖြတ်ခြင်း၊ ကလေးစစ်သား အသုံးပြုခြင်းနှင့် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းများတွင် တာဝန်ရှိသည်။ ထိုကျူးလွန်မှုများကို ဆယ်စုနှစ်နှင့် ချီ အရေးယူ အပြစ်ပေးခြင်း မခံရဘဲ လုပ်ကိုင် ကျူးလွန်နေကြသည်။

"နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုဟာ အရေးကြီးလှပြီး၊ မြန်မာ နိုင်ငံမှာ တရား ဥပဒေ စိုးမိုးရေး အတွက် လုပ်ပေးသင့်သည်မှာ အချိန်လွန်နေပြီ ဖြစ်ပါတယ်"ဟု Pearson က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment