Transparency Myanmar

transparency.myanmar@gmail.com

Reuters, 14th October 2010

သံမဏိနှင့် ဘိလပ်မြေ ထုတ်လုပ်သူများ အပါအဝင် အဓိက စက်မှု လုပ်ငန်း (၉) ခုမှ တရုတ် ကုမ္ပဏီများသည် ဘဏ္ဍာငွေ ပိုမို ရှာဖွေရေး အတွက် စီစဉ်ရန် သင့်မသင့် National Development and Retorm Commission နှင့် တိုင်ပင်ညှိနှိုင်း အကြံဥာဏ် ယူရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း ပြည်တွင်း မီဒီယာက သောကြာနေ့က ပြောကြားလိုက်သည်။

မြေနှင့် အိမ်ရာ အခြေပစ္စည်း ကုမ္ပဏီများသည်လည်း ဘဏ္ဍာငွေ ရှာဖွေရာတွင် မြေနှင့် သယံဇာတ ဝန်ကြီးဌာနနှင့် အကြံဥာဏ်ကို တောင်းခံရန် လိုအပ်မည် ဖြစ်ကြောင်း China Securities ဂျနယ်က သတင်း ပို့ခဲ့သည်။

အမည် မဖော်လိုသူ သတင်းရင်းမြစ် တစ်ခုက ပြောရာတွင် နည်းဥပဒေ အသစ်များ၏ သက်ရောက်မှုကို ခံရမည့် စက်မှုလုပ်ငန်း (၉) ခုတွင် သံမဏိ၊ ဘိလပ်မြေ၊ ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ အလျူမီနီယမ်၊ သင်္ဘော ဆောက်လုပ်ခြင်း၊ လေအား အသုံးပြု ကိရိယာများ၊ ပေါ်လီ ဆီလီကွန်နှင့် ကွန်ရည်ကျို လုပ်ငန်းများ ပါဝင်သည်ဟု ဆိုသည်။

ယခု လုပ်ဆောင်မှုသည် တရုတ် အစိုးရက ငွေဖော်နိုင်မှုကို ကန့်သတ်မှုနှင့် လျင်မြန်စွာ တိုးတက်သော စီးပွားရေးကို အေးအေးဆေးဆေး ဖြစ်စေရန် လုပ်ဆောင်မှုများ အနက် တစ်ခု ဖြစ်သည်။

အိမ်ရာ ဆောက်လုပ်သူများကို ချုပ်ကိုင် နိုင်လောက်သည့် ပါဝင် ပတ်သက်မှုများ ရှိသော ကုမ္ပဏီများသည်လည်း ၎င်းတို့ ငွေတိုးမြှင့်ရန် စီစဉ်ပါက မြေယာနှင့် သယံဇာတ ဝန်ကြီးဌာန အမြင်ကို တောင်းခံရန် လိုအပ်မည် ဖြစ်ကြောင်း အဆိုပါ သတင်းစာက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment