Transparency Myanmar

transparency.myanmar@gmail.com

BBC News, 23rd October 2010

စီးပွားရေး ဦးဆောင်နိုင်ငံများ အုပ်စု G20 မှ ဘဏ္ဍာရေး ၀န်ကြီးများက နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ကို ပြုပြင် ပြောင်းလဲရန် သဘောတူခဲ့ကြပြီး အဓိက ဖွံ့ဖြိုးဆဲ နိုင်ငံများကို ပြောရေးဆိုခွင့် ပိုမို ပေးအပ်ခဲ့သည်။

လျှင်မြန်စွာ ကြီးထွားနေသော ဖွံ့ဖြိုးဆဲ နိုင်ငံအချို့ကို ရည်ရွယ်ကာ IMF အတွင်း မဲပေးခွင့် ၆ % ခန့် ပြောင်းလဲပေးရန် တောင်ကိုးရီးယားတွင် ပြုလုပ်သော အစည်းအဝေးတွင် ယင်းတို့က သဘော တူခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဖွံ့ဖြိုးဆဲ နိုင်ငံကြီးများက IMF ဘုတ်အဖွဲ့တွင် ကိုယ်စားလှယ် နေရာ ပိုမို ရရှိလာမည် ဖြစ်ပြီး အနောက် ဥရောပ နိုင်ငံများက ၂ နေရာ လျှော့နည်းသွားမည်ဟုဆိုသည်။

သို့သော်လည်း အဓိက ဆုံးဖြတ်ချက်များ အပေါ် လွှမ်းမိုးနိုင်သည့် ဗီတိုအာဏာကိုမူ အမေရိကန် ပြည်ထောင်စုက ဆက်လက် ရယူထားမည် ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်များ ချမှတ်ရန် မဲဆန္ဒ ၈၅ % လိုအပ်ပြီး IMF ၏ အင်အား အခြေပြု မဲပေး စနစ်အရ ၀ါရှင်တန်က ၁၇ % ဆုပ်ကိုင်ထားသည်။

G20 ၀န်ကြီးများက ယင်းတို့၏ ငွေကြေးများ ယှဉ်ပြိုင်နိုင်စွမ်း ရှိအောင် ငွေတန်ဖိုး ချမှုများကို မပြုလုပ်ကြရန်နှင့် ပိုမို လွတ်လပ်သော ဈေးကွက် အခြေပြု ငွေကြေးစနစ်များကို ဦးတည် ဆောင်ရွက်ကြရန် သဘောတူခဲ့ကြသည်။

ငွေကြေးဆိုင်ရာ ရည်ရွယ် ထိန်းချုပ်မှု

ငွေကြေးစစ်ပွဲဟု အချို့က ခေါ်ဝေါ်နေကြသည့် ငွေကြေးဈေးကွက် အတွင်းမှ တင်းမာမှု နောက်ခံဖြစ်ရပ်များကို ဖြေရှင်းရန်အတွက် ဂျောင်ဂျူးမြို့တော် ဆွေးနွေးပွဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ငွေကြေး ဈေးကွက် အတွင်းမှ တင်းမာမှု အများစုအတွက် အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နိုင်ငံအပေါ် အပြစ်တင်နေကြသော်လည်း နောက်ဆုံး သဘော တူညီချက်များကြောင့် ပျော့ပြောင်းမည့် လက္ခဏာကို ယင်းတို့ ၂ နိုင်ငံက ရှင်းရှင်းလင်းလင်း ပြသခြင်း မရှိသေးပါ။

တရုတ်နိုင်ငံ အနေဖြင့် ယင်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန်အတွက် ရည်ရွယ်သည်။ ယွမ်ငွေ တန်ဖိုး ချသည့် မူဝါဒကို အဆုံးသတ်ရန် ဖိအားများ ကျရောက်နေသည်။

သို့သော်လည်း ငွေတန်ဖိုး ချသည့် မူဝါဒ ပြောင်းလဲရန် သဘော တူညီချက်မှာ အချိန် သတ်မှတ်ချက် မရှိသဖြင့် ဘေဂျင်းက ယင်း၏ ငွေကြေးမူဝါဒကို တဖြည်းဖြည်း ပြောင်းလဲမည်ဟု တစိုက်မတ်မတ် ပြောဆိုနေမှုကို ဆက်လက် ကိုင်စွဲထားလျက် ရှိသည်။

အမေရိကန်တွင်လည်း ဘဏ်တိုးနှုန်း လျှော့ချမှုနှင့် အခြား ဗဟိုဘဏ် မူဝါဒများက ရင်းနှီး မြှုပ်နှံသူများအား ဖွံ့ဖြိုးဆဲ နိုင်ငံကြီးများမှ အကျိုးအမြတ် များများ ရှာဖွေရန် တိုက်တွန်း အားပေးလျက် ရှိပြီး အဆိုပါ နိုင်ငံများ၏ ငွေကြေးတန်ဖိုး တက်ကာ ယှဉ်ပြိုင်နိုင်စွမ်း နည်းသွားရန် ရည်ရွယ်လျက် ရှိသည်။

ဖြစ်ရပ်မှာ မည်သည့် နေရာမှမဆို အကျိုးအမြတ် များစွာ ရရှိရန် ရင်းနှီး မြှုပ်နှံသူများက ကြိုးစားနေသည့် အမေရိကန် ပြည်ထောင်စု မူဝါဒများ၏ ရလဒ် တစ်စိတ် တစ်ပိုင်းသာ ရှိသေးသည်။

ဒေါ်လာ အားနည်းနေခြင်းမှာ တမင်တကာ တန်ဖိုးချခြင်း၏ ရလဒ် မဟုတ်ဟု အမေရိကန် တာဝန်ရှိသူများက အငြင်းပွားကြသော်လည်း အမှန်စင်စစ် မူဝါဒများ၏ ဘေးထွက် ရလဒ် တစ်ခု ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၏ ပြည်တွင်း စီးပွားရေးကို လှုံ့ဆော်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

မူဝါဒများ၏ နောက်ကွယ်မှ မြှုပ်ကွက် ဖြစ်သည့် ဒေါ်လာ ပိုမို အားနည်းသွားမည့် အလားအလာ ရှိနေပြီး ပြည်ထောင်စု အရံငွေကြေး အဖွဲ့ကလည်း အမေရိကန် ပိုက်ဆံ ဖြည့်ဆည်းမှုကို လာမည့် သီတင်းပတ် အနည်းငယ်အတွင်း တရှိန်ထိုး ကျယ်ပြန့်စွာ လုပ်ဆောင်တော့မည် ဖြစ်သည်။

ဂျာမန် စီးပွားရေး ၀န်ကြီး Rainer Bruederle က အကြံပြု ဆွေးနွေးရာတွင် အမေရိကန် ပြည်ထောင်စု၏ မူဝါဒများကို နောက်ပြန် မလှည့်ပါက တရုတ်နိုင်ငံကို ချိန်ရွယ်ထားသည့် စွပ်စွဲမှုဖြစ်သော "တမင်တကာ ငွေကြေးထိန်းချုပ်မှု" ကို သွယ်ဝိုက်ဖြစ်ပေါ်စေလိမ့်မည်ဟု ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment