Transparency Myanmar

transparency.myanmar@gmail.com

BBC News, 22nd October 2010

တရုတ်နိုင်ငံတွင် တိဗက် ကျောင်းသားများသည် ယင်းတို့၏ ဘာသာစကား သင်ယူပိုင်ခွင့်နှင့် ပတ်သက်၍ ဆန္ဒပြမှုများမှာ ပို၍ ကျယ်ပြန့်လာကြောင်း လူ့အခွင့်အရေး အုပ်စုများနှင့် နိုင်ငံပိုင် မီဒီယာ၏ အဆိုအရ သိရှိရသည်။

ဗုဒ္ဓဟူးနေ့က Qinghai ပြည်နယ်တွင် ထောင်ပေါင်းများစွာ ချီတက်ခဲ့ကြပြီး လွန်ခဲ့သော ရက်ကလည်း Tongren တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ဟု ဆိုသည်။

အတည် မပြုနိုင်သော သတင်းများအရ စာသင်ခန်းများတွင် တရုတ် ဘာသာကို ဦးစားပေးပြီး တိဗက် ဘာသာ စကားကို ကန့်သတ်မှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။

Qinghai ပြည်နယ်သည် တိဗက် တိုင်းရင်းသား အများအပြား နေထိုင်ရာ ဒေသ ဖြစ်ပြီး ၂၀၀၈ ခုနှစ်က တရုတ် ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

ဆယ်ကျော်သက် အများစု ပါဝင်သော ထောင်ပေါင် များစွာသော ကျောင်းသားများသည် ယင်းတို့၏ မိခင် ဘာသာ စကား တိဗက်ကို ဆက်လက် သင်ကြားလိုကြောင်း ထုတ်ဖော်ခဲ့ကြသည်ဟု လန်ဒန် အခြေစိုက် Free Tibet က ပြောသည်။

စည်းရုံးရေး အုပ်စုက ပြောကြားရာတွင် ကြာသပတေးနေ့က Qinghai ပြည်နယ် Guolo တွင်လည်း ဆန္ဒပြမှုများ ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် BBC ကမူ အတည် မပြုနိုင်သေးဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က Gonghe ပြည်နယ် Chabha ကျောင်းလေးကျောင်းမှ ကျောင်းသား (၂၀၀၀)ခန့် သည် "ကျွန်ုပ်တို့ တိဗက် ဘာသာ စကား လွတ်လပ်ခွင့် အလိုရှိတယ်"ဟု ကြွေးကြော်ဆန္ဒပြခဲ့သည်ဟု Free Tibet က ပြောသည်။

Xinghai တွင်လည်း အလယ်တန်း ကျောင်းသားများ ဆန္ဒပြခဲ့သည်ဟု ဆိုသော်လည်း အသေးစိတ် သိရခြင်း မရှိပေ။

The Global Times သတင်းစာတွင် ဖော်ပြထားရာ၌ Gonghe တွင် ကျောင်းဝတ်စုံဝတ် ကျောင်းသားများ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ဟု ဆိုသည်။

"အဲဒီနေ့မှာပဲ  ပုံမှန်အနေအထား ပြန်ရောက်ပါတယ်"ဟု မျက်မြင် တစ်ဦး၏ ပြောစကားကို ကိုးကား ဖော်ပြခဲ့သည်။

အာဏာပိုင်များက ပြောကြားရာတွင် တိုင်းရင်းသား ပြည်နယ်များတွင် တရုတ်ဘာသာကို တိုးမြှင့် သင်ကြားပေးရခြင်းမှာ ဒေသခံများအတွက် ပင်မ လူ့အဖွဲ့အစည်းနှင့် တစ်စုတစ်ဝေးတည်း ဖြစ်စေရန် အထောက်အကူ ပြုရန်ဟု ဆိုသည်။

သို့သော် တိဗက် အများစုက ယင်းတို့၏ ယဉ်ကျေးမှုမှာ အားနည်းသွားကြောင်း ယင်းမှာ ဝေးလံသော ဟိမ၀န္တာဒေသတွင် တရုတ်က ယင်း၏ ချုပ်ကိုင်နိုင်မှုအတွက် စစ်ဆင်ရေး၊ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း မကျေမနပ် ပြောဆိုကြသည်။

တရုတ်သည် တိဗက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို တင်းကြပ်စွာ အုပ်ချုပ်ထား သော်လည်း အခြားဒေသများ ထက်စာလျှင် ပိုလွတ်လပ်ခွင့် ပေးထားသည်။ တိဗက်နှင့် Qinghai တွင် တရားဝင် ရုံးသုံး ဘာသာ စကားမှာ တိဗက်ဖြစ်သည်။

တရုတ် အစိုးရသည် ယင်းတို့က လျစ်လျူရှုထားသည်ဟု ကာလ ရှည်ကြာက ပြောခံခဲ့ရသော ဒေသများတွင် ဖွံ့ဖြိုး တိုးတက်မှုနှင့် စီးပွားရေး အခွင့်အလမ်းများ ပြုလုပ်ပေးလျက် ရှိသည်ဟု ပြောကြား ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment