Transparency Myanmar

transparency.myanmar@gmail.com

BBC News, 22nd October 2010

စက်မှု ဖွံ့ဖြိုး တိုးတက်သော စီးပွားရေး ဦးဆောင်နိုင်ငံများ G 20 အုပ်စုမှ ဘဏ္ဍာရေး ၀န်ကြီးများသည် နိုင်ငံနှင့် အစိုးရအဖွဲ့ အကြီးအကဲများ၏ လာမည့်လ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မှီ တောင်ကိုးရီး ယားနိုင်ငံ ဂျောင်ဂျူးတွင် တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။

ငွေလဲနှုန်းများနှင့် ပတ်သက် ဆက်လက် တင်းမာနေမှုမှာ ဆွေးနွေးမှုများတွင် အဓိက ပါဝင်မည့် လက္ခဏာ ရှိသည်။ ယွမ်ငွေကို သိသိသာသာ နှုန်းရှင် မျှောခွင့်ပြုရန် ဖိအားပေးမှုကို တရုတ်က ခုခံ ပြောဆိုလျက် ရှိပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုသည်လည်း ငွေကြေးတန်ဖိုး တက်မှုကြောင့် ပို့ကုန်လုပ်ငန်း ထိခိုက်မည်ကို စိုးရိမ်နေကြသည်။ ချမ်းသာသော နိုင်ငံများတွင် အတိုးနှုန်း နည်းပါးမှုက ရင်းနှီး မြှုပ်နှံသူများအား ပေါ်ထွက်လာသော စီးပွားရေး ကဏ္ဍများမှ ရလဒ်ကောင်းများ ရှာဖွေရန် တိုက်တွန်း အားပေးလျက် ရှိသည်။

ငွေကြေး အကျပ်အတည်း အတွင်းမှ ညှိနှိုင်းမှု ရှိသော လမ်းကြောင်းတစ်ခုကို တွေ့ရှိရန် G20 က ကြိုးစားလျက် ရှိသည်။

ငွေကြေးဈေးကွက် အတွင်းမှ ပြဿနာများကို ဖြေရှင်းရန် အားလုံး လက်ခံနိုင်မည့် နည်းလမ်း တစ်ခုကို သဘော တူညီမှု ရရေးမှာ ယင်းတို့အတွက် လတ်တလော စိန်ခေါ်မှုဖြစ်ရန် အလားအလာ များ ဖြစ်သည်။

ဘဏ္ဍာရေး ၀န်ကြီး အနေဖြင့် အရေးပါသော ရှေ့ခြေလှမ်းကို ပြုလုပ်ရန်အတွက် ရုန်းကန် ရလိမ့်မည် ဖြစ်ကြောင်း အားလုံးသော လက္ခဏာများက ညွှန်ပြနေသည်။

များစွာသော ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ ယင်းတို့၏ ပို့ကုန်များ ယှဉ်ပြိုင်နိုင်စွမ်း လျှော့နည်းသွားအောင် ပြုလုပ်နိုင်သည့် ယင်းတို့ ငွေကြေးအပေါ် ဖိအားပေးမှုနှင့် ပတ်သက် စိုးရိမ်ပူပန်လျက် ရှိသည်။

ယင်းဖိအား၏ နောက်ကွယ်တွင် ချမ်းသာသော နိုင်ငံများ၏ အလွန်နည်းသော အတိုးနှုန်းရှိ နေပြီး ရင်းနှီး မြှုပ်နှံသူများအား ပေါ်ထွက်လာသော စီးပွားရေး ကဏ္ဍများမှ အမြတ်ရှာဖွေရန် တိုက်တွန်း အားပေးနိုင်ခြင်း ဖြစ်ပေသည်။ ယင်းအစီအစဉ်မှာ ငွေကြေးတန်ဖိုးများတက်လာအောင် တွန်းအားပေး ရန် ရည်ရွယ်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံကမူ ဒေါ်လာငွေများ ၀ယ်ယူခြင်းဖြင့် ယွမ်ငွေအပေါ် ကျရောက်လာသည့် ဖိအားကို ခုခံလျက် ရှိသည်။ ထို့အတွက် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နေရသည့် အခြားနိုင်ငံများ၏ ပြဿနာကို ပိုမို ဆိုးဝါးစေသည်။

တရုတ်နိုင်ငံ အနေဖြင့် ကြားဝင် စွက်ဖက်မှုကို ရပ်ဆိုင်းကာ ယွမ်ငွေတန်ဖိုး တက်ခြင်းကို ခွင့်ပြုခြင်းအား G-20 အုပ်စုတွင်းမှ အများစုက တွေ့မြင်လိုကြသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။

သို့သော်လည်း မကြာမီအတွင်း ကြီးကြီးမားမား အပြောင်းအလဲ လုပ်ရန် ဆန္ဒ မရှိကြောင်း တရုတ်တို့က ပြသနေသည်။

ငွေလဲနှုန်း ပြဿနာ တင်းမာမှု နောက်ကွယ်ရှိ အခြား အကြောင်းရင်း တစ်ခု ဖြစ်သော ချမ်းသာသော နိုင်ငံများ၏ ဘဏ်တိုးနှုန်း လျှော့ချမှုမှာလည်း မကြာမီ အတွင်း ပြောင်းလဲမည့် လက္ခဏာ မရှိပါ။

ယင်းပြဿနာမှာ ယင်းတို့၏ ချည့်နဲ့သော စီးပွားရေး နာလံထူမှုများ၏ ရလဒ်ပင် ဖြစ်သည်။ အမှန်တကယ်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်မှ ဗဟိုဘဏ်များသည် စီးပွားရေး နာလံထူမှုကို နှိုးဆော်ရန် ဆက်လက် လုပ်ဆောင်မည့် အဆင့်များကို ပြုလုပ်သည့် လက္ခဏာများ ရှိနေရာ အတိုးနှုန်း ကျဆင်းစေသည် သာမက ပေါ်ထွန်းစ စီးပွားရေး နိုင်ငံများသို့ ငွေများ ပိုမို စီးဝင်ကာ ငွေလဲနှုန်း ပြဿနာ တင်းမာမှုကို ဆက်လက် ဆိုးဝါးစေလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment