Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်တပ်နှင့် သူပုန် တပ်ဖွဲ့ အပြန်အလှန် စစ်မက် ဖြစ်ပွားနေသည့် ရှေ့တန်း နေရာတွင် အကျဉ်းသားများမှာ မိုင်းရှင်းသူ လူသား (Human Mine Sweeper) များအဖြစ် အသုံးချခြင်း ခံနေရကြောင်း သိရသည်။ မြန်မာ အကျဉ်းသား ၆၀၀ ခန့်မှာ ထိုင်းမြန်မာ နယ်စပ် ဒေသသို့ စေလွှတ်ခြင်း ခံရကြောင်း၊ ၎င်းတို့မှာ မြန်မာ စစ်တပ်ရှေ့မှ ခြေလျင် လမ်းလျှောက်ရန် ဖိအားပေး ခိုင်းစေခြင်း ခံရပြီးနောက် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြကြောင်း လူ့အခွင့်အရေး အဖွဲ့တစ်ခုက ဆိုသည်။

အဆိုပါ လုပ်ရပ်ကို လူ့ကျင့်ဝတ် ချိုးဖောက်သော ရာဇဝတ်မှု တစ်ခုအဖြစ် သတ်မှတ်နိုင်သည် ဟုလည်း ဆိုသည်။ ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ ထွက်ပြေး လွတ်မြောက်လာသော အကျဉ်းသား သုံးဦး၏ အဆိုအရ မိုင်းရှင်း လူသားများကို စစ်မှုထမ်း ဆောင်ရန် တပ်ထဲသို့ ဦးစွာ ပို့လွှတ်လေ့ ရှိကြောင်း၊ ၎င်းတို့အား စစ်လက်နက် ခဲယမ်းများ သယ်ဆောင်ပေးရသူ ပေါ်တာများ အဖြစ်လည်း အသုံးချလေ့ ရှိကြောင်း သိရသည်။

Independent သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment