Transparency Myanmar

transparency.myanmar@gmail.com

(Thai ASEAM Nws Network မှ  14 Jan 2011 ရက်စွဲပါ "Refugees Return to Myanmar as Clashes Subside" သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ အစိုးရ တပ်ဖွဲ့နှင့် နယ်မြေခံ လက်နက်ကိုင် အုပ်စု အကြား ရင်ဆိုင် တိုက်ခိုက်မှုများ ရှိနေသော်လည်း ထိုင်းနိုင်ငံ တပ်ခ် ပြည်နယ် အတွင်းသို့ နယ်စပ် ဖြတ်ကူး ထွက်ပြေးလာသည့် ဒုက္ခသည် ရာဂဏန်းကို မြန်မာ နိုင်ငံသို့ ပြန်ကြရန် တောင်းဆိုထားသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံ တပ်ခ် ပြည်နယ် ပေါ့ဖရား ခရိုင်သို့ နယ်စပ်ဖြတ်ကူး ဝင်ပြေးလာသည့် မြန်မာ ဒုက္ခသည် ၂၀၀ ခန့်ကို အိမ်ပြန်ကြရန် ထိုင်းအာဏာပိုင်များက တောင်းဆိုထားခြင်း ဖြစ်သည်။

မြန်မာအစိုးရ တပ်ဖွဲ့နှင့် DKBA တပ်ဖွဲ့အကြား ထိပ်တိုက် ရင်ဆိုင်မှုများ ရှိခဲ့သော်လည်း လတ်တလောတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဟု ဆိုသည်။

လတ်တလော တိုက်ပွဲများ ငြိမ်သက်သွားသည့် အနေအထားကြောင့် ဒုက္ခသည်များ မွိုင်မြစ် (သောင်ရင်းမြစ်) ကို ဖြတ်ကူး၍ အိမ်ပြန်ကြရန် ထိုင်းအစိုးရက တောင်းဆိုခဲ့သည်။ ဒုက္ခသည်များ၏ လုံခြုံရေးအတွက် ထိုင်းနိုင်ငံရှိ ပစ္စည်းများကို ထားခဲ့ကာ ညတွင်းချင်း အိမ်ပြန်ကြရမည်ဟု ဆိုသည်။

နောက်ဆုံး သတင်းများအရ တပ်ခ်ပြည်နယ် မဲဆောက် ခရိုင်နှင့် တိုက်ရိုက် ဆက်စပ်နေသော DKBA ထိန်းချုပ် နယ်မြေတွင် မြန်မာ အစိုးရ တပ်ဖွဲ့များ ရှေ့တိုး နေရာယူလျက် ရှိသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment