Transparency Myanmar

transparency.myanmar@gmail.com

(16 ဇန်နဝါရီ 2011 ရက်စွဲပါ Reuters  သတင်းဌာန၏ ASEAN  to keep pushing Myanmar for democracy progress ကို တိုက်ရိုက် ဘာသာပြန်သည်)

အရှေ့တောင် အာရှ နိုင်ငံများသည် မြန်မာနိုင်ငံတွင် မကြာမီက ကျင်းပခဲ့သော ရွေးကောက်ပွဲကို အခြေခံ၍ လည်းကောင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေးခဲ့ပြီး နိုင်ငံရေး စနစ်တွင် ပါဝင်ခွင့်ပြု၍ လည်းကောင်း အခြေခံ၍ တည်ဆောက်ရန် မြန်မာနိုင်ငံအား တွန်းအား ပေးလိုကြောင်း၊ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

နိုင်ငံရေးအရ အထီးကျန် ပြုလုပ်ခံထားရသော မြန်မာနိုင်ငံကြောင့် အာဆီယံအပေါ် နိုင်ငံတကာက စိတ်ပျက်ရလေ့ ရှိပြီး ယခု မြန်မာနိုင်ငံ၏ ဖြစ်ပေါ်မှုများသည် အာဏာကို စစ်တပ်ကပင် ဆုပ်ကိုင်ထားသော်လည်း ဒီမိုကရေစီကို အနည်းငယ် မိတ်ဆက် ပေးလာသည့် သဘော ဆောင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်းသည် ဒီမိုကရေစီအတွက် ရှေ့ပြေး ဖြစ်လိမ့်မည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြားခဲ့သည်။

"သူမ အဖြေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊ ပြဿနာတော့ မဟုတ်ပါဘူး။ တိုးတက်မှုတွေ ဆုတ်ယုတ် သွားတာမျိုးကို ခွင့်မပြုရပါဘူး" ဟု Natalegawa က အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းတွင် ပြုလုပ်သော အရှေ့တောင် အာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် Reuters သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အစိုးရ၏ ပါတီကသာ အနိုင်ရခဲ့ပြီး၊ မသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲမှုများ ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အားလည်း နိုင်ငံရေးအရ နေရာ မရအောင် ပြုလုပ်ခဲ့သည်ဟု ဆိုသော်လည်း၊ ယခုအခါ သူမ အနေဖြင့် ဗိုလ်ချုပ်များ နိုင်ငံတကာ အရေးယူမှုများ ဖြေလျော့ရေး ကြိုးစားရာတွင် ပိုမို၍ အကူအညီ ပေးနိုင်မည်ဟု ဝေဖန် သုံးသပ်သူများက ပြောခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ ဖြစ်သော အင်ဒိုနီးရှား အနေဖြင့် ယခုနှစ်တွင် မြန်မာ နိုင်ငံတွင် တိုးတက်မှုများ မြင်တွေ့လိုကြောင်း Natalegawa က ပြောကြားခဲ့သည်။

အာဆီယံ ထိပ်သီး အစည်းအဝေးများတွင် မြန်မာ စစ်အစိုးရ၏ အငြင်းပွားဖွယ် ကိစ္စများက အရိပ်ထိုးလေ့ ရှိသည်။ အာဆီယံ ထိပ်သီး အစည်းအဝေးများသည် လူသန်း (၅၀၀) ကျော် ရှိပြီး ကမ္ဘာပေါ်တွင် အမြန်ဆုံး စီးပွားရေး တိုးတက်နေသော ဒေသကို ၂၀၁၅ တွင် စီးပွားရေး အသိုင်းအဝိုင်း တစ်ခု ဖြစ်ရေး အတွက် ရည်ရွယ် ကျင်းပနေခြင်း ဖြစ်သည်။

"မြန်မာ နိုင်ငံဟာ အာဆီယံက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးမှာ ပြဿနာ မဖြစ်စေရ တော့ပါဘူး ဆိုတဲ့ ကတိတွေလည်း ကျွန်တော်တို့ ရထားပါတယ်" အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Surin  Pitsuwan က ဝန်ကြီးများနှင့် စကားပြော အပြီးတွင် ပြောကြားခဲ့သည်။ အာဆီယံ အနေဖြင့် မြန်မာ ခေါင်းဆောင်များနှင့် ပိုမို ထိတွေ့ရေးကို ကြိုးစားလျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Pitsuwan က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌ နေရာကို ရယူလိုကြောင်း သို့သော် ထိုသို့ ရယူရေး အတွက် ၎င်း၏ တည်ငြိမ်မှု အတွက် နိုင်ငံတကာ ယုံကြည် စိတ်ချရန် လိုအပ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံနှင့် အပြန်အလှန် ဆက်ဆံမှုများ လေလေ ရင်းနှီး မြှုပ်နှံမှုများ အတွက် ပိုကောင်း လေလေ ဖြစ်ကြောင်း၊ အာဆီယံက မြန်မာနိုင်ငံအား အိန္ဒိယသို့ လမ်းပန်း ဆက်သွယ်နိုင်ခြင်း၊ စားနပ်ရိက္ခာ ထုတ်လုပ်ရေး၊ စွမ်းအင် အရင်းအမြစ်များ ရှိခြင်းနှင့် ခရီးသွား လုပ်ငန်း တို့အတွက် နေရာကောင်း အဖြစ် မျက်စိ ကျကြောင်း ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment