Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 22 Jan 2011 ရက်စွဲပါ "Obama  warned Hu to pressure N.Korea" သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက ၎င်းအနေဖြင့် အာရှတိုက်တွင် အမေရိကန် တပ်ဖွဲ့များ ပြန်လည် တပ်စွဲရန် ဖိအားပေး လုပ်ဆောင်ဖွယ် ရှိသည်ဟု တရုတ် သမ္မတ ဟူကျင်းတောင်ကို သတိပေးလိုက်ပြီး မြောက်ကိုရီးယား အပေါ် တရုတ်နိုင်ငံက တင်းတင်းမာမာ ဆက်ဆံအောင် ဖိအား ပေးလိုက်သည်ဟု  တာဝန်ရှိသူ တစ်ဦးက သောကြာနေ့တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုများ၊ နျူကလီယာ အစီအစဉ်နှင့် ရန်လိုသော အပြုအမူကြောင့် အမေရိကန်ပြည်မနှင့် အာရှမှ မဟာမိတ်များ အတွက် ပြုံယမ်းသည် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေသည်ဟု ဝါရှင်တန်ကို ရှုမြင်လာစေခဲ့ကြောင်း သမ္မတ အိုဘားမားက တရုတ် ခေါင်းဆောင်ကို ပြောကြားခဲ့သည်ဟု ဆိုသည်။

 တရုတ် သမ္မတ၏ နိုင်ငံတော် ခရီးစဉ် အတော အတွင်း ဟူကျင်းတောင်နှင့် အိုဘားမား အကြား ဆွေးနွေးပွဲများတွင် မြောက်ကိုရီးယား အရေးသည် အဓိက ဆွေးနွေးသည့် ကိစ္စ ဖြစ်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု၏ သတိပေးမှုများက မြောက်ကိုရီးယား အပေါ် တရုတ်က ပို၍ ကြပ်မတ် လာစေရန် လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် အရာရှိများက ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၏ သတိပေးမှုကို အိုဘားမားနှင့် ဟူကျင့်တောင် အကြား ယခင်လ တယ်လီဖုန်း ဆက်သွယ် ပြောဆိုရာတွင် ပထမဆုံး ပြုလုပ်ခဲ့ပြီး အင်္ဂါနေ့က အိမ်ဖြူတော် သီးသန့် ညစာစားပွဲတွင် ထပ်မံ ပြုလုပ်ခဲ့သည်ဟု New York Times က အစောပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ဆိုးလ်က လက်ခံသော ပြုံယမ်း၏ ယခု တစ်ပတ် ကမ်းလှမ်းမှု ဖြစ်သည့် တောင်နှင့် မြောက်ကိုရီယား အကြား ထိပ်ပိုင်း အဆင့် စစ်ဖက်ဆွေးနွေးပွဲ ပြန်လည် စတင်ရေး အစီအစဉ်ကို သမ္မတဟူနှင့် သမ္မတ အိုဘားမား တို့အကြား ဆွေးနွေးမှုများက ပံ့ပိုး ဖြစ်ပေါ်စေခဲ့သည်ဟု အိမ်ဖြူတော် တာဝန် ရှိသူများက ဆိုသည်။

လူအသေ အပျောက် ရှိခဲ့သော နိုဝင်ဘာလ တောင်ကိုရီးယားကျွန်းကို မြောက်ကိုရီးယား၏ အမြှောက် ပစ်ခတ်မှု နောက်ပိုင်း ယခု ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်မှာ ပထမဆုံး ဖြစ်လာဖွယ် ရှိသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကိုရီးယား ကျွန်းဆွယ်ကို စစ်ရိပ် စစ်ငွေ့ သန်းစေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment