Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သော နိုင်ငံခြား ဓာတ်ပုံ သတင်းထောက် နှစ်ဦးအား ပြည်နှင်ဒဏ် ပေးမည့် ထိုင်းအစိုးရ၏ အစီအစဉ်အား အမေရိကန် ပြည်ထောင်စု၊ နယူးယောက် အခြေစိုက် သတင်းစာ လွတ်လပ်ခွင့် ရရှိရေး လှုပ်ရှားသော အဖွဲ့တစ်ခုက ပြစ်တင် ဝေဖန်လိုက်သည်။

ထိုင်းအခြေစိုက်၊ မြန်မာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ ဂျွန်စံလင်း နှင့် ဘယ်လ်ဂျီယံ လူမျိုး ပတ်စကဲလ် ရှတ်တားမန်းတို့သည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်စဉ် ဖမ်းဆီး ခံခဲ့ရသည်။ ၎င်းတို့အား ထိုင်းပြည်နယ် တရားရုံးက လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ဒဏ်ငွေ ဘတ် ၅၀၀ (၁၆ ဒေါ်လာ) ချမှတ်ပြီး ပြည်နှင်ဒဏ်ပေးရန် ဖမ်းဆီး ချုပ်နှောင်ထားသည်။

"ထိုင်းအာဏာပိုင်များ အနေဖြင့် သတင်းစာ ဆရာများ ဖြစ်သော ဂျွန်စံလင်းနှင့် ပတ်စကဲလ် ရှတ်တားမန်းတို့အား ပြည်နှင်ဒဏ် ပေးမည့် ကိစ္စကို ပြန်လည် စဉ်းစား သုံးသပ်သင့်သည်ဟု ကျွန်ုပ်တို့က တိုက်တွန်းလိုသည်။ အထူးသဖြင့် မြန်မာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ ဂျွန်စံလင်းအား မြန်မာနိုင်ငံသို့ ပြန်ပို့မည် ဆိုပါက ဖိနှိပ် ညှဉ်းပန်းမှုများဖြင့် ရင်ဆိုင်ရမည့် အရေးကို အလေး အနက် စဉ်းစားသင့်သည်" ဟု သတင်းစာဆရာများ အကာအကွယ် ပေးရေး ကော်မတီ (CPJ) မှ အရှေ့တောင် အာရှ ဆိုင်ရာ ကိုယ်စားလှယ် Shawn Crispin က ကြေညာချက် ထုတ်ပြန်သည်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ လွတ်လွတ် လပ်လပ် ရေးသားနိုင်ဖို့ ထိုင်းနိုင်ငံဟာ ဂျာနယ်လစ်တွေ အတွက် အင်မတန် ကောင်းမွန်တဲ့၊ လုံခြုံတဲ့ နေရာ တစ်ခုပါပဲ။ ထိုင်းအစိုးရ အနေနဲ့ အဲဒီလို သတင်းစာ လွတ်လပ်ခွင့် အတွက် ဒေသတွင်း အရေးပါတဲ့ အခန်းကဏ္ဍ ရောက်နေတဲ့ အနေအထားကို ဆက်လက် ထိန်းသိမ်း ထားသင့်ပါတယ်" ဟု ၎င်းက ပြောသည်။ ထို့ပြင် မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား တိုက်ခိုက်မှုများ အမြန်ဆုံး အဆုံးသတ်ရန် ၎င်းက တိုက်တွန်းသည်။

ဆယ်စုနှစ် နှစ်ခုကြာမျှ ဖြစ်ပွားခဲ့သော မြန်မာ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသော ကရင် ဒုက္ခသည် ၁၅၀၀၀၀ ခန့်အတွက် ဒုက္ခသည် စခန်းများကို ထိုင်းနိုင်ငံက အထောက်အပံ့ ပေးထားသည်။ ထို့ပြင် ထိုင်းနိုင်ငံသည် မြန်မာပြည်မှ ထွက်ပြေးလာသော နိုင်ငံရေး သမားများ၊ လာရောက် အလုပ် လုပ်ကိုင်လျက် ရှိသော မြန်မာနိုင်ငံသား နှစ်သန်းခန့် အလုပ်အကိုင် ရရှိရေး အတွက် ခိုလှုံစရာ နေရာ တစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲ ပြီးဆုံးသွားပြီး နောက်ပိုင်း ထိုင်းနိုင်ငံတွင် နေထိုင်လျက် ရှိသော ရွှေ့ပြောင်း လုပ်သားများ အပေါ် ထိုင်းအစိုးရ၏ စာနာ ထောက်ထား စိတ်လျော့နည်း သွားမည်လော ဟူသည့်ူ စိုးရိမ် ပူပန်မှုများလည်း ထွက်ပေါ်လျက် ရှိသည်။

Monster and Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment