Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ အပေါ် အနောက် နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများ အားလုံး ဖယ်ရှားပေးရန် တိုင်းရင်းသား အတိုက်အခံ ပါတီကြီးများက တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ထွက်လာမည့် ပါလီမန် လွှတ်တော် ခေါ်ယူရန် ပြင်ဆင်နေချိန်တွင် တိုင်းရင်းသား အတိုက်အခံ ပါတီကြီးများက ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများက ပြဌာန်းထားသော မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူရေး မူဝါဒများသည် အရေးကြီးသော နယ်ပယ်များ ဖြစ်သည့် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် မော်ဒန် နည်းပညာများ တိုင်းရင်းသား ဒေသများတွင် ဖွံ့ဖြိုး တိုးတက်မှု အစရှိသည် တို့တွင် အခက်အခဲ များစွာ ဖြစ်ပေါ်စေကြောင်း တိုင်းရင်းသား အတိုက်အခံ ပါတီကြီးများ ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

"အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများ အနေဖြင့် ပိတ်ဆို့ အရေးယူမှုများ အားလုံးကို ဖယ်ရှားပေးရန် ကျွန်ုပ်တို့ တိုင်းရင်းသား ပါတီများက အတူတကွ အဆို ပြုလိုက်ပါသည်" ဟု ပါရှိသည်။

အဆိုပါ ကြေညာချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ ရခိုင် အမျိုးသားများ ဖွံ့ဖြိုးရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ မွန်ပြည်လုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ Phalon-Sawaw ဒီမိုကရက်တစ် ပါတီတို့က လက်မှတ် ရေးထိုးကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အတိုက်အခံ တိုင်းရင်းသား ပါတီကြီး ငါးခုသည် အငြင်းပွားစရာ ဖြစ်ခဲ့သည့် နိုဝင်ဘာ ၇ ရက် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ပြီး ယင်းတို့ အနက်မှ SNDP ပါတီသည် အမတ် နေရာ ၅၇ နေရာရရှိခဲ့ကာ တိုင်းရင်းသား ပါတီများတွင် မဲအများဆုံး ရရှိခဲ့သည့် ပါတီ ဖြစ်ခဲ့သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment