Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၂၈ ရက် ၂၀၁၁ ရက်စွဲပါ Monsters and Critics မှ Ko Ko and Peter Janssen ရေးသားသော Myanmar Parliaments to usher in new era of Military rule ကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

စစ်တပ်မှ အုပ်ချုပ်သော မြန်မာ နိုင်ငံတွင် တနင်္လာနေ့တွင် ပထမဦးဆုံး ပါလီမန် အစည်းအဝေးကို ကျင်းပမည် ဖြစ်ရာ စစ်တပ် ခေါင်းဆောင်သော ပါလီမန် အုပ်ချုပ်ရေး ခေတ်သစ် တစ်ခုကို စတင်တော့မည် ဖြစ်သည်။

လွှတ်တော် နှစ်ရပ်တွင် ရွေးကောက် တင်မြှောက် ခံထားရသော ကိုယ်စားလှယ်များနှင့် စစ်တပ်မှ ခန့်ထားသော ကိုယ်စားလှယ် ၁၆၆ ဦးတို့သည် မြို့တော် နေပြည်တော်တွင် တွေ့ဆုံ ကြမည် ဖြစ်ပြီး ပထမဦးဆုံး ပြုလုပ်မည့် အစီအစဉ်မှာ သမ္မတသစ် ရွေးကောက် တင်မြှောက်ရေးပင် ဖြစ်သည်။

ပထမဆုံး သမ္မတမှာ နိုင်ငံကို ၁၉၉၂မှ စအုပ်ချုပ်လာသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်လိမ့် မည်ဟု ကျယ်ကျယ် ပြန့်ပြန့် ခန့်မှန်းမှုများ ရှိနေသည်။

"ကျွန်တော် ထင်တယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ သမ္မတ လုပ်လိမ့်မယ်။ ဘာလို့လဲ ဆိုတော့ အကြွင်းမဲ့ အာဏာကို သူလွယ်လွယ် နဲ့တော့ လက်လွှတ် လိမ့်မယ် မဟုတ်ဘူးလို့ ထင်တယ်။"ဟု စီးပွားရေး သမား တစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း အခြား ခန့်မှန်းမှုများ ရှိနေပြန်သည်။

"အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဦးရွှေမန်း ကတော့ သမ္မတ ဖြစ်ဖို့ အဖြစ်နိုင်ဆုံး လူပါပဲ။ ဒါပေမယ့် သန်းရွှေ ကတော့ သမ္မတကို နောက်ကနေ ကြိုးကိုင် နေဦးမှာပါပဲ" ဟု အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အာဏာ ဆက်ကိုင်ထားရန် အကြောင်းပြချက် ကောင်းကောင်း ကလည်း ရှိနေသည်။ ယင်းအား ဆက်ခံမည့်သူအား အခွင့်အလမ်း ကောင်းများ မပေးလိုခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ မှ ၁၉၈၈ ထိ တန်ခိုး ထွားခဲ့သော ဗိုလ်ချုပ်မှူးကြီး နေ၀င်းသည် နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် ၂၀၀၂ တွင် ဆိုးဆိုး ၀ါးဝါး အခြေအနေတွင် ကွယ်လွန်ခဲ့ရသည်။ ထိုသို့ ဖြစ်စေရန် သန်းရွှေကပင် စီမံခဲ့ခြင်း ဖြစ်သည်။

ယခု လက်ရှိ စနစ်အရ လက်ရှိ အုပ်ချုပ်သူကို မျက်နှာသာ ပေး ရနိုင်သေးသည်။

မြန်မာနိုင်ငံ၏ အခြေခံ ဥပေဒအသစ် အရ လွှတ်တော် နှစ်ရပ်မှ သမ္မလောင်း တစ်ဦးစီ ပေါင်း နှစ်ဦးနှင့် ခန့်အပ် ထားသော တပ်မတော်သား အမတ်များက တစ်ဦးကို အမည် စာရင်း တင်သွင်းရန် ဖြစ်သည်။

အကယ် တပ်မတော်သား ကိုယ်စားလှယ်များက သန်းရွှေအား သမ္မတလောင်း အမည် စာရင်း မတင်သွင်း ခဲ့သည့်တိုင် ကျန် လွှတ်တော် နှစ်ရပ် အနက် တစ်ရပ်ရပ်က ယင်းအား အမည် စာရင်း တင်သွင်း နိုင်ပေသေးသည်။

လွှတ်တော် နှစ်ရပ်အတွက် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် စစ်အစိုးရ အလိုကျ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၇၇ % အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲကို အတိုက် အခံ ကိုယ်စားလှယ်များအား ကန့်သတ် ချုပ်ချယ်မှုများ ရှိသည်ဟု ဝေဖန်ခဲ့ကြသည်။

USDP ကို စစ်တပ်မှ အငြိမ်းစားများနှင့် အစိုးရ ၀န်ထမ်းများဖြင့် ဖွဲ့စည်းထားပြီး ယင်းတို့ အများစု၏ ဘ၀မှာ သန်းရွှေပေါ် ကျေးဇူးများ ရှိနေသည်။

သမ္မတသည် ကက်ဘိနက် အသစ်၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့ကို ခန့်အပ်ပိုင်ခွင့် ရှိသည်။ သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ဥက္ကဌ ဖြစ်လာမည် ဖြစ်သည်။

အဆိုပါ ကောင်စီသည် စစ်တပ်များ၏ ဦးစီးချုပ်ကို ခန့်အပ် ပိုင်ခွင့်၊ တာဝန်မှ ရုတ်သိမ်းပိုင်ခွင့် ရှိသည်။

အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီး၊ သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ စစ်တပ်ဦးစီးချုပ်၊ ဒု ဦးစီးချုပ်၊ လွှတ်တော် နှစ်ရပ်မှ ဥက္ကဌများ၊ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီး နှင့် နယ်စပ် စည်ပင် ၀န်ကြီးတို့ ပါဝင်ကြသည်။

အဆိုပါ ကောင်စီသည် စစ်တပ်ကို ထိရောက်စွာ ထိန်းချုပ်လိမ့်မည် ဖြစ်သည်။ စစ်တပ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း မြန်မာ နိုင်ငံ၏ အာဏာ ထွက်ပေါ်သည့် မူရင်းအရပ် ဖြစ်သည်။ "ဒီအဖွဲ့ကတော့ Beijing က ပေါ်လစ် ဗျူရိုနှင့် အတူတူပါပဲဗျာ"ဟု လန်ဒန် အခြေစိုက် တက်ကြွစွာ လှုပ်ရှားသူ ပညာရှင် မောင်ဇာနည်က ပြောသည်။ "တကယ်လို့ လက်တစ်ဆုပ်စာ ကွန်မြူနစ် အစစ် မဟုတ်တဲ့ အုပ်ချုပ်သူတွေဟာ တရုတ်ပြည်မှာ တရုတ် ၁.၃ ဘီလီယံကို ကောင်းကောင်း ထိန်းချုပ် နိုင်တယ်ဆိုရင် ဒီ လုံခြုံရေး ကောင်စီဟာ ယူနီဖောင်းဝတ် လေးသိန်း လောက်ကို မက်လုံးတွေပြ၊ ဇွတ်အတင်းခိုင်း၊ နမူနာ အရေးယူတာတွေ ပြပြီး လွယ်လွယ်လေး ထိန်းချုပ်နိုင်ပါတယ်" ဟု ယင်းက ပြောသည်။

အထက်ပါ အချက်များသည် သန်းရွှေသည် သမ္မတ နေရာ ယူရန် သော်လည်းကောင်း၊ မည်သူ သမ္မတ ဖြစ်သည် ဖြစ်စေ ယင်း၏ အိတ်ထဲတွင် လုံခြုံစွာ ထည့်ထားနိုင်သည် ဆိုသည့် အချက်များကို ကောင်းကောင်း ပြဆို နေသည်။

သို့သော် အချို့ သုံးသပ်သူများက ပြောင်းလဲမှု အတွက် အချက် အချို့ကို တွေ့မြင်ပြီး ဖြစ်သည်ဟု ဆိုသည်။

"အခု မြန်မာ နိုင်ငံမှာ အဖွဲ့အစည်း တစ်ခုက အုပ်ချုပ်တော့မှာပါ။ စစ်တပ်နှင့် အစိုးရ ဖြစ်ပါတယ်။ အဲတော့ သူတို့ နှစ်ယောက် ကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာပါမယ်။ အဲတော့ ပြောင်းလဲမှု အတွက် အခွင့်အရေး အချို့ ရှိလာနိုင်ပါတယ်" ဟု US Campaign for Burma မှ အမှုဆောင် ဒါရိုက်တာ အောင်ဒင်က ပြောသည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အရပ်ဖက် အဖွဲ့အစည်းများ (Civil society) ပေါ်ပေါက်လာမှုက ပြောင်းလဲမှုအတွက် အခွင့်အလမ်းများ တွေ့ရ သည်ဟု ဆိုသည်။

အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် ပြုမည့် ဥပဒေကြမ်းများသည် နိုင်ငံရေး လှုပ်ရှားသူများ အတွက် မျှော်လင့်ချက်များ ရှိသည်ဟု သိရသည်။

ရွေးချယ် တင်မြှောက်ခဲ့သော ပါလီမန်နှင့် ကက်ဘိနက် အသစ်ကမူ အနည်းငယ်သာ မျှော်လင့် ရနိုင်မည် ဖြစ်သည်။

"နောက်အစိုးရမှာ အရပ်သားတွေ အတွက် ဘယ်ကဏ္ဍမှာမှ အခွင့်အလမ်း မမြင်ပါဘူး။ ယူနီဖောင်း ချွတ်ထားတဲ့ အရပ်သား ဆိုသူများသာ နေရာ ရပါလိမ့်မယ်"ဟု NLD အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment