Transparency Myanmar

transparency.myanmar@gmail.com

(The Strait Times မှ 16 Feb 2011 ရက်စွဲပါ "China rice laced with heavy metals from pollution" ကို ဘာသာ ပြန်ဆိုသည်။)

တရုတ် နိုင်ငံတွင် စိုက်ပျိုးသော ဆန်စပါး၏ ၁၀ ရာခိုင်နှုန်းခန့်မှာ နိုင်ငံအတွင် လျင်မြန်စွာ စက်မှု ကဏ္ဍ ဖွံ့ဖြိုးမှုနှင့် ဆက်စပ်နေသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှု၏ ရလဒ်အဖြစ် ဘေးဥပါဒ် ဖြစ်စေသော သတ္တုဓါတ်များ ရောနှောပါဝင် နေသည်ဟု သတင်း အစီရင်ခံစာ တစ်စောင်က ဖော်ပြသည်။

တရုတ်ဆန် အများစုတွင် Cadmium ကဲ့သို့သော ဘေးဖြစ် စေသည့် သတ္တုဓါတ်များ စိမ့်ဝင် ရောနှောနေသည်မှာ နှစ်ပေါင်း အတော်ကြာပြီ ဖြစ်သော်လည်း အန္တရာယ်ကို မီးမောင်း ထိုးပြမှု အနည်းငယ်သာ ရှိခဲ့ကြောင်း ညွှန်ပြထားသည့် လေ့လာမှု အစီရင်ခံစာများကို ကိုးကားကာ ယခု တစ်ပတ်ထုတ် New Century မဂ္ဂဇင်းက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ လျင်မြန်လွန်းသော စက်မှု ဖွံ့ဖြိုးရေး ကာလ အတွင်း နေရာ တကာတွင် သတ္ထု တူးဖော်ရေး ကဲ့သို့သော လုပ်ငန်းများက Cadmiun (ကက်မီယံ)၊ Arsenic (အာဆင်းနစ်) နှင့် Mercury (ပြဒါး) စသော ဘေးဖြစ်စေသည့် ဓာတု ပစ္စည်းများကို ပတ်ဝန်းကျင် ညစ်ညမ်းအောင် စွန့်ထုတ် နေကြသည်ဟု အဆိုပါ သတင်းက ဆိုသည်။

" ဒီလို ဘေးဖြစ်စေတဲ့ သတ္ထုဓါတ်တွေဟာ လေထုနဲ့ ရေကတဆင့် ပျံ့နှံ့သွားပြီး ကျယ်ပြန့်တဲ့ တရုတ် မြေလွှာတွေကို ညစ်ညမ်းစေတဲ့ အတွက် စားနပ်ရိက္ခာ ညစ်ညမ်းမှု ဖြစ်စဉ် ဖြစ်ပွားနေခဲ့တာ အတော် ကြာပါပြီ" ဟု သတင်းတွင် ဖော်ပြထားသည်။

အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် အရိုးဆိုင်ရာ ရောဂါ ဝေဒနာများ ပိုများလာမှု ကဲ့သို့သော ကျန်းမာရေး ပြဿနာများ ပေါ်ပေါက်နေသည့် တရုတ်ပြည် တောင်ပိုင်း စက်မှုဇုန်များနှင့် သတ္ထုတွင်းများ အနီးမှ ကျေးရွာ မြောက်များစွာကို ၂၀၀၇ ခုနှစ်က လေ့လာခဲ့ပြီး နောက်ပိုင်း ပေါ်ထွက်လာသည့် ပညာရပ် ဆိုင်ရာ အစီရင်ခံစာများကို ကိုးကား၍ အဆိုပါ သတင်းကို ရေးသား ဖော်ပြခြင်း ဖြစ်သည်။

အထူးသဖြင့် ခဲ၊ သံဖြူ၊ ကြေးနီ သတ္ထုတွင်းများ အနီးတဝိုက်ရှိ ချောင်း၊ မြောင်းများမှ သွယ်ယူ အသုံးပြုသော ရေတွင်းများတွင် စိမ့်ဝင်နေသည့် ကက်မီယမ် သတ္တုဓါတ်ကို စုပ်ယူရာတွင် ဆန်စပါးသည် အခြား ကောက်ပဲ သီးနှံများထက် စုပ်ယူမှုအား ပို၍ ကောင်းသည် ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment