Transparency Myanmar

transparency.myanmar@gmail.com

(China Daily မှ 16 February 2011 ရက်စွဲပါ "Myanmar Official Media Demands Sanctions Lift" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားသော အမေရိကန် ဦးဆောင်သည့် အနောက် နိုင်ငံ များ၏ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုများ အစီအစဉ်များ ရုတ်သိမ်း ပေးရန် မြန်မာ အစိုးရ အာဘော် New Light of Myanmar အင်္ဂလိပ် ဘာသာ သတင်းစာက ဗုဒ္ဓဟူးနေ့တွင် တောင်းဆို လိုက်သည်။

အရေးယူ ပိတ်ဆို့မှုများသည် စစ်ဖက် အုပ်ချုပ်သူ များကိုသာ ထိခိုက် စေပြီး ပြည်သူများကို မထိခိုက်ကြောင်း လတ်တလော ကြေညာချက် ထုတ်ပြန် စောဒက တက်ထားသည့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော NLD ပါတီ ကိုလည်း သတင်းစာပါ ဆောင်းပါးတွင် ပြစ်တင် ဝေဖန် ထားသည်။ အရေးယူ ဒဏ်ခတ်မှု အစီအစဉ် များသည် မြန်မာ နိုင်ငံ စီးပွားရေး အပေါ် သက်ရောက်မှု ရှိခဲ့သော်လည်း ကိုယ်ပိုင် လမ်းစဉ်ဖြင့် ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်မည့် နိုင်ငံတော်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်ဘဲ အနောက် နိုင်ငံများ မျှော်လင့် ထားသည့် ရလဒ်ကို လုံးဝ ရရှိ လိမ့်မည် မဟုတ်ကြောင်း အဆိုပါ ဆောင်းပါးတွင် ဖော်ပြ ထားသည်။

အစိုးရ အာဘော် ဆောင်းပါးတွင် မြန်မာ နိုင်ငံက နိုင်ငံ တကာ လုံခြုံရေးကို ခြိမ်းခြောက် နေသည် ဟူသော အမေရိကန် ပြည်ထောင်စု၏ စွပ်စွဲချက် ကိုလည်း ငြင်းဆို ထားပြီး မြန်မာ နိုင်ငံတွင် ထိုသို့ ပြုလုပ်ရန် ရည်ရွယ်ချက်နှင့် စွမ်းပကား မရှိဟု ရေးသား ထားသည်။

မြန်မာ အစိုးရသည် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် "မိမိကိုယ်ကိုသာ အားထားရာ" ဝါဒကို အခြေခံကာ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်ဟုလည်း ဆောင်းပါးရှင်က ဆိုသည်။

အဆင့် ၇ ဆင့် ဒီမိုကရေစီ လမ်းညွှန် မြေပုံ အရ ပြုလုပ် ခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများ အပြီးတွင် မြန်မာ နိုင်ငံသည် ခေတ်သစ် တစ်ခုသို့ ရောက်ရှိ ခဲ့ပြီး အရပ်ဖက် အစိုးရသစ် ပေါ်ထွက် လာတော့မည်ဟု အစိုးရ အာဘော် ဖြစ်သော ယင်းဆောင်းပါးတွင် ရေးသား ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment