Transparency Myanmar

transparency.myanmar@gmail.com

ကာဗွန်ဒိုင်အောက်ဆိုဒ်ရောင်းချရန်စဉ်းစားသင့်

ရန်ကုန် ၂၇၊ ၂၊ ၂၀၁၁

            စက်မှုဖွံ့ဖြိုးသောနိုင်ငံများနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများသော နိုင်ငံများသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ရောင်းချရန် စဉ်းစားသင့်ကြောင်း ကုလသမ္မဂဆိုင်ရာအကြီးတန်းအရာရှိကြီးတစ်ဦး(ငြိမ်း)က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုသို့ကာဗွန်ဒိုင်အောက်ဆိုဒ်ရောင်းချနိုင်ပါက အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံခန့် ရရှိနိုင်သည်ဟုလည်း အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

            ကာဗွန်ဒိုင်အောက်ဆိုဒ်ရောင်းချခြင်းဆိုသည်မှာ သစ်ပင်သစ်တောထူထပ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု နည်းသည့် နိုင်ငံများကို သစ်ပင်သစ်တောနည်းပါးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများသော နိုင်ငံကြီးများက သစ်ပင်သစ်တောထိန်းသိမ်းရန် ငွေကြေးထောက်ပံ့ခြင်းဖြစ်သည်။

            " နိုင်ငံတွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်ဖို့ ပမာဏအကန့်အသတ်ရှိပါတယ်။ ဥပမာ တရုတ်နိုင်ငံကိုကြည့် ရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုက တစ်နှစ်ကို ကုဗတန်ချိန်တစ်သိန်းဆိုပါတော့ ၊ သူက တစ်သိန်းခွဲထုတ်ချင်တယ်၊ မြန်မာက တစ်သိန်းထုတ်ခွင့်ရပေမယ့် ငါးသောင်းတောင်မထုတ်နိုင်ဘူး၊ ဒီတော့ပိုနေတဲ့သောင်းကို တရုတ်ကိုရောင်းပေးရ တဲ့သဘောပါ၊ မြန်မာမှာကသစ်တောတွေလဲပေါတယ်လေ၊ အဲ့ဒီတော့တရုတ်က မြန်မာကို သစ်တောထိန်းသိမ်းတဲ့အတွက် ဆိုပြီး ထောက်ပံကြေးပေးတာပါ" ဟု ပညာရှင်တစ်ဦးကရှင်းပြသည်။

            ကမ္ဘာကြီးပူနွေးလာမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့၍ထုတ်လုပ်ရန် ဝိုင်းဝန်းအဖြေရှာလျှက်ရှိကြသော်လည်း ယနေ့တိုင် ဖြေရှင်းရခက်သည့် အကြောင်းအရင်းတစ်ရပ်အနေဖြင့်ရှိနေသည်။

           

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment