Transparency Myanmar

transparency.myanmar@gmail.com

(Associated Press မှ 1 February 2011 ရက်စွဲပါ "Last Internet Provider in Egypt Goes Dark" ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် နိုင်ငံ၏ အဓိက အင်တာနက် Service Providers များ အနက်မှ နောက်ဆုံး ကျန်နေသော Noor Group အမှောင် ကျသွားပြီ ဖြစ်ကြောင်း သိရသည်။

အီဂျစ်၏ အဓိက Providers လေးခု ဖြစ်သော Link Egypt၊ Vodafone/Raya၊ Telecom Egypt၊ Etisalat Misr တို့ သောကြာနေ့ မနက်တွင် ပြည်ဝင် ပြည်ထွက် အင်တာနက် ဆက်သွယ်မှုကို ရုတ်တရက် ရပ်ဆိုင်း လိုက်သည့် နောက်ပိုင်း၌ပင် အွန်လိုင်း ပေါ်၌ Noor Group ကျန်နေခဲ့ သေးသည်ဟု သိရသည်။

တနင်္လာနေ့ည ဒေသ စံတော်ချိန် ၁၁ နာရီတွင်မူ Noor Group ကို ချိတ်ဆက်၍ မရနိုင်တော့ ဟု နယူးဟမ့်ရှိုင်းယား၊ မန်ချက်စတာ အခြေစိုက် Renesys နည်းပညာ ဌာန အကြီးအကဲ James Cowie က ပြောကြားခဲ့သည်။ Noor Group ၏ လမ်းကြောင်းများကို စောင့်ကြည့် ရှာဖွေ ခဲ့သော်လည်း မတွေ့ရတော့ဟု ၎င်းက ဆိုသည်။

Noor Group နှင့် အခြား Internet Service Providers များမှ အင်ဂျင်နီယာများက ပရိုဂရမ် ဖိုင်များကို ပြောင်းကာ အင်တာနက်ကို အလျင် အမြန် ပိတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု Mr. Cowie က ပြောကြားခဲ့သည်။ သောကြာနေ့က ကနဦး အင်တာနက် အမှောင် ချမှု လုံးဝ ပြီးစီးရန် မိနစ် ၂၀ မျှသာ ကြာခဲ့သည် ဟုလည်း သိရှိရသည်။

အီဂျစ်တွင် မိုဘိုင်းဖုန်း ဝန်ဆောင်မှုများကို မနေ့က ပြန်လည် ဖွင့်ပေး ခဲ့သော်လည်း ဆန္ဒပြပွဲများ ရှိနေသရွေ့ Text Message စာပို့လွှာကို ဖြတ်တောက် ထားမည်ဟု ဆိုသည်။

ထို အတော အတွင်း Google က ပြောကြားရာတွင် အင်တာနက် ပြတ်တောက် နေသော်လည်း အီဂျစ် ပြည်သူများ Twitter Message ပို့နိုင်မည့် ဝန်ဆောင်မှု အသစ်ကို ယခု သီတင်းပတ် အတွင်း ဆောင်ရွက် ခဲ့သည်ဟု ဆိုသည်။

Speak-to-Tweet ဟုခေါ်သော ဝန်ဆောင်မှု အသစ်ကို Google၊ Twitter နှင့် ပြီးခဲ့သော အပတ်တွင် Google က သိမ်းယူ ခဲ့သော Say Now တို့မှ အင်ဂျင်နီယာများက အကောင် အထည် ဖော် ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment