Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 1 February 2011 ရက်စွဲပါ "Military Calls Egyptian People's Demand Legitimate"ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် ပြည်သူတို့၏ တောင်းဆိုမှုများသည် တရားဝင်ကြောင်း အီဂျစ် ဩဇာကြီး တပ်မတော်က တနင်္လာနေ့တွင် ပြောကြားလိုက်ပြီး အင်္ဂါနေ့တွင် စီစဉ် ထားကြသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲကြီးများကို နှိမ်နင်းမည် မဟုတ်ဟု အခိုင် အမာ ပြောဆိုခဲ့သည်။

"ကြီးမြတ်သော အီဂျစ် ပြည်သူများ ခင်ဗျာ၊ သင်တို့ရဲ့ လက်နက်ကိုင် တပ်မတော်ဟာ ပြည်သူ တွေရဲ့ တရားဝင် အခွင့်အရေးတွေကို အသိအမှတ် ပြုပါတယ်၊ အီဂျစ် ပြည်သူ တွေ အပေါ် အင်အား သုံးပြီး နှိမ်နင်း ခဲ့ခြင်း မရှိ သလို နောင်ကိုလည်း အင်အား သုံးမှာ မဟုတ်ပါဘူး" ဟု အီဂျစ် တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

"ငြိမ်းချမ်းသော လွတ်လပ်စွာ ပြောဆိုခွင့်ကို လူတိုင်း အတွက် ခွင့်ပြုထားသည်" ဟု တပ်မတော် ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည့် အတိုင်း အီဂျစ် နိုင်ငံပိုင် ရုပ်သံနှင့် နိုင်ငံပိုင် MENA သတင်း ဌာနက ထုတ်လွှင့် ဖော်ပြ ခဲ့သည်။

သမ္မတ ဟော့စနီ မူဘာရက်၏ အနှစ် သုံးဆယ် အာဏာ ချုပ်ကိုင်မှု အပေါ် မကြုံစဖူး ကြီးမားစွာ စိန်ခေါ်ခဲ့သည့် ဆန္ဒ ပြပွဲများသည် တနင်္လာနေ့တွင် ၇ ရက် မြောက် အဖြစ် ကိုင်ရို မြို့တွင်း ပြည့်လျှံ သွားခဲ့ပြီး မူဘာရက် လက်အောက်မှ အစိုးရ အဖွဲ့သစ်ကို ပယ်ချခဲ့ကြသည်။

အနည်းဆုံး ၁၂၅ ဦး သေဆုံးကာ ထောင်နှင့် ချီ၍ ဒဏ်ရာ ရရှိခဲ့ကြသော တစ်ပတ်ကြာ ဆန္ဒပြ တော်လှန်မှု အပြီး အင်္ဂါနေ့တွင် မြို့တော် ကိုင်ရို၌ လူပေါင်း တစ်သန်း ချီတက် ဆန္ဒ ပြမည်ဟု စည်းရုံး လှုပ်ရှား သူများက ကတိ ပြုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment