Transparency Myanmar

transparency.myanmar@gmail.com

(Associated Press မှ 2 February 2011 ရက်စွဲပါ "Malaysia to Evacuate 11000 Students from Egypt" ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် နိုင်ငံကို လှုပ်ခါ သွားစေသည့် ဆန္ဒပြပွဲများ ကြားမှပင် ကိုင်ရို မြို့တော်မှ ကျောင်းသား ၁၁၀၀၀ ကျော်ကို ပြန်လည် ခေါ်ယူရန် အတွက် သင်္ဘော တစ်စီးနှင့် လေယာဉ်များ စေလွှတ်မည်ဟု မလေးရှား နိုင်ငံက ပြောကြားသည်။

အေဒင် ပင်လယ်ကွေ့ရှိ ဆိုမာလီ ပင်လယ် ဓားပြများ၏ ရန်မှ မလေးရှား သင်္ဘောများကို ကာကွယ် ပေးနေသော ရေတပ်က အသုံး ပြုနေသည့် ကုန်သင်္ဘောသည် ကျောင်းသား ၅၀၀ ခန့်ကို ခေါ်ဆောင်ရန် အတွက် ကိုင်ရို တောင်ဘက် ဆိပ်ကမ်းသို့ ယခု သီတင်းပတ် ကုန်တွင် ရောက်ရှိမည်ဟု မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောကြားခဲ့သည်။

အခြား ကျောင်းသားများ မှာမူ မလေးရှား လေတပ်၊ မလေးရှား လေကြောင်းလိုင်းများနှင့် Air Asia တို့မှ လေယာဉ်များဖြင့် ပြန်လည် ရောက်ရှိလာကြမည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

၎င်းက Bernama National News Agency မှတစ်ဆင့် အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန် ရာတွင် အချို့ ကျောင်းသားများမှာ ဆော်ဒီ အာရေဗျ နှင့် အခြား အိမ်နီးချင်း တိုင်းပြည်များသို့ သွားကြမည် ဖြစ်ပြီး ဆက်စပ် လေကြောင်းလိုင်းများမှ တစ်ဆင့် မလေးရှားသို့ ပြန်လာကြမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment