Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

-၁၂-၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် ကလင်တန်တွေ့ဆုံ၍ ပြုပြင်ပြောင်းလဲမှု ကိစ္စများဆွေးနွေး

(Associated Press မှ 2 Dec 2011 ရက်စွဲပါ “Clinton meets Suu kyi. Lays down reform markers” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာအရပ်ဖက်အဖွဲ့အစည်းကို ဒေါ်လာ ၁.၂ သန်း ကူညီရန် ကလင်တန် ကမ်းလှမ်း

(AFP သတင်းမှ 2 Dec 2011 ရက်စွဲပါ " Clinton offers $ 1.2 million to Myanmar Civil Society " သတင်းကို ဘာသာပြန်ဆိုသည် )

************************************

ဒေါ်အောင်ဆန်းစုကြည်နှင့် ကလင်တန်တွေ့ဆုံ၍ ပြုပြင်ပြောင်းလဲမှု ကိစ္စများဆွေးနွေး

(Associated Press မှ 2 Dec 2011 ရက်စွဲပါ “Clinton meets Suu kyi. Lays down reform markers” သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာ့အသိအမှတ်ပြုခံရဆုံး အမျိုးသမီးခေါင်းဆောင်များထဲမှ နှစ်ဦးသည် မြန်မာနိုင်ငံအား ဒီမိုကရေစီဆောင် ကြဉ်းပေးရန်အတွက် အတူတကွ လုပ်ဆောင်သွားကြရန် ကတိပြုလိုက်ကြပြီဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်နှင့် နှစ်ရက်အတွင်း နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “တကယ်လို့ ကျွန်မတို့ အတူတကွ ရှေ့ကိုလက်တွဲသွားကြ မယ်ဆိုရင် ဒီမိုကရေစီကိုသွားတဲ့လမ်း Road to Democracy ပေါ်ကနေ နောက်ပြန်ဆုတ်စရာ မရှိတော့ဘူးလို့ ကျွန်မ စိတ်ချယုံကြည် ထားပါတယ်။ ဒါပေမယ့် ဒီလမ်းပေါ်ကို ကျွန်မတို့ အခုထိမရောက်သေးပါဘူး”ပာု ပြောကြားခဲ့သည်။ မြန်မာအစိုးရနှင့် အမေရိကန်ပြည်ထောင်စု ထိတွေ့ဆက်ဆံမှုကို များစွာအသိအမှတ်ပြု ထောက်ခံကြောင်း ထုတ် ဖော်ပြောကြားသည့် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများ အကုန်လုံးကို လွှတ်ပေးရန်နှင့် တိုင်းရင်း သားတို့အပေါ် ထိုးစစ်ဆင်မှုများ အဆုံးသတ်ရန် တောင်းဆို လိုက်သည်။

ယင်းကဲ့သို့ ခိုင်ခိုင်မာမာ၊ ပြတ်ပြတ်သားသား ဦးဆောင်မှုပေးနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပီာလာရီကလင်တန်က ကျေးဇူးစကား ဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမှ အခြေအနေများ တိုးတက်စေရန်အတွက် ဒီမိုကရေစီ လိုလားလှုပ်ရှားသူများနှင့်လည်းကောင်း နှစ်ဖွဲ့စလုံးနှင့် အတူပူးပေါင်းဆောင်ရွက် သွားရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

*****************************************************************

မြန်မာအရပ်ဖက်အဖွဲ့အစည်းများကို ဒေါ်လာ ၁.၂ သန်း ကူညီရန် ကလင်တန် ကမ်းလှမ်း

(AFP သတင်းမှ 2 Dec 2011 ရက်စွဲပါ " Clinton offers $ 1.2 million to Myanmar Civil Society " သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် အရှေ့တောင်အာရှမှ အချိန်ကြာအပယ်ခံနိုင်ငံသို့ သွားရောက် သော အထင်ကရခရီးစဉ်တွင် ထိုနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများကို အားပေးရန် ကြိုးစားသည့်အနေဖြင့် မြန်မာအရပ်ဖက်လူ့အဖွဲ့အစည်းများကို ရည်ရွယ်၍ ဒေါ်လာ ၁.၂ သန်း ထောက်ပံ့ကူညီရန် သောကြာနေ့တွင် ကမ်းလှမ်းလိုက်သည်။

သူမ၏ ခရီးစဉ်အပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကလင်တန်က "ယခု ရန်ပုံငွေဖြင့် အသေးစား ချေးငွေ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပြည်တွင်းစစ်အတွင်း မြေမြှပ်မိုင်းဒဏ်ခံရသူများ ထောက်ပံကူညီမည်" ဟု ပြောကြားသည်။ တပ်မတော်ကသာ နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့သော နိုင်ငံတွင် မရေမရာရပ်တည်နေရသော အရပ်ဖက် အဖွဲ့ အစည်းအုပ်စုများနှင့် သောကြာနေ့အစောပိုင်းက တွေ့ဆုံခဲ့သော ဟီလာရီကလင်တန်က "ဒီနိုင်ငံ က ပြည်သူတွေအပေါ် ကျွန်မတို့ရဲ့တာဝန်သိမှုကို ပြသဖို့အတွက် ကိစ္စတော်တော်များများ လုပ်ဆောင်သွားမှာပါ" ဟု ပြောကြားသည်။ "တကယ်လို့ ဒီက ပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရအောင် ဆက်ထိန်းထားမယ်ဆိုရင် ကျွန်မတို့ ရှေ့ကို ဆက်သွားကြဖို့ ပြင်ဆင် ထားပါတယ်" ဟု သူမက ဆိုသည်။

မြန်မာနိုင်ငံတဝှမ်း အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် လိုအပ်သမျှဖြည့်စည်းပေးနေကြသော အရပ်ဖက် လူ့အဖွဲ့အစည်းအုပ်စုများကို အမေရိကန်ပြည်ထောင်စုက ကူညီထောက်ပံသွားမည်ဟုလည်း ကလင်တန်က ပြောကြား သည်။

ကလင်တန် နှင့် လိုက်ပါလာသော အမေရိကန်တာဝန်ရှိသူ တစ်ဦးက "ယခု အစီအစဉ်အတွက် ထောက်ပံမည့် ရန်ပုံငွေမှာ ဒေါ်လာတစ်သန်း ဖြစ် ကြောင်း၊ ကျန် ဒေါ်လာ ၂ သိန်းမှာ မြေမြှုပ်မိုင်းထိပြီး အသက်ရှင်ကျန်သူများ၊ ပြည်တွင်း စစ်ဒဏ်ခံ သားကောင်များကို ကူညီရန်ဖြစ်၍ ထိုရန်ပုံငွေကို ဒေါ်လာ ၈ သိန်း အထိ ထပ်တိုးရန်မှန်းထားကြောင်း" ရှင်းလင်း ပြောကြားသည်။

ထို့အပြင် ဟာဝိုင်ယီ အခြေစိုက် East-West Center ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် 'အဓိက ကျသော' အင်္ဂလိပ်ဘာသာစကား သင်ကြားမှု အစီအစဉ်ကို စတင်လုပ်ဆောင်ရန်ရှိသည် ဟု ကလင်တန် က ထုတ်ပြန်ကြေညာသည်။ အမည်မဖော်လိုသော အဆိုပါ တာဝန်ရှိသူက "ဘာသာစကား သင်ကြားရေး အစီအစဉ်အတွက် ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ရန် မျှော်လင့်ထားကြောင်း၊ အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို အခြားအရှေ့ တောင် အာရှ နိုင်ငံများ နည်းတူ ကြိုဆိုသော ဘရူနိုင်း နိုင်ငံ မှ ရန်ပုံငွေ ပိုက်ဆံများ ရောက်လာမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

နိုင်ငံခြားကူညီထောက်ပံ့မှုကို လွှတ်တော်တွင် အမြဲတမ်းအငြင်းပွားလေ့ရှိသော အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့်ဆက်စပ်သော အစီအစဉ် ပေါင်းစုံအတွက် ဒေါ်လာ ၃၈ သန်းကျော် နှစ်စဉ် ထောက်ပံ့လျက်ရှိသည်။ မြန်မာအစိုးရ၏ တစ်သီးတခြား လွင်တီးခေါင်မြို့တော်နေပြည်တော်သို့ ရောက်ရှိပြီးနောက် ကြာသပတေးနေ့တွင် ကလင်တန်က "လိုအပ်သော အကူအညီများနှင့် ပတ်သက်၍ နိုင်ငံတကာ အကဲဖြတ်မှုကို ထောက်ခံခြင်း၊ ဒုတိယ ကမ္ဘာစစ် အတွင်း ပျောက်ဆုံးအမေရိကန်စစ်သားများ ရှာဖွေမှု စတင်ခြင်း" တို့ အပါအဝင် အသေးအမွှားကိစ္စများ ကိုလည်း ထုတ်ပြန် ကြေညာခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံအပေါ် အရေးယူထားသော sanctions များကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ချမှတ်ထားသည်။ ထို sanctions များကို ရုတ်သိမ်းရန် မစဉ်းစားမီ မြန်မာအစိုးရသစ်၏ ပြောင်းလဲတိုးတက်မှု များကို အမေရိကန်ပြည်ထောင်စုက အကဲဖြတ်လျက်ရှိကြောင်း မြန်မာ ခေါင်းဆောင်များကို အသိပေးပြောကြားထားသည် ဟု ကလင်တန်က ဆိုသည်။

"လက်တွေ့ကို လက်တွေ့နဲ့ တုန့်ပြန်ကြိုဆိုမယ်။ တကယ်လို့ လုံလုံလောက်လောက် တိုးတက်ပြောင်းလဲမှု ထင်ထင်ရှားရှား ရှိနေတယ်ဆိုရင် sanctions တွေကို ရုတ်သိမ်းပေးဖို့ ကျွန်မတို့ စဉ်းစားမှာပါ" ဟု ကလင်တန်က ပြောကြား သည်။

ကလင်တန်က ဆက်လက်၍ " ဒါပေမယ့် ကျွန်မအရင်က ပြောခဲ့တဲ့အတိုင်း ဒီဒိုင်ယာလော့က တကယ့်ကို အစပဲ ရှိပါသေးတယ်။ တကယ်လို့ အမေရိကန်က sanctions တွေ ရုတ်သိမ်းပေးတယ် ဆိုရင်တောင် မြန်မာနိုင်ငံဘက်က မှန်ကန်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မရှိရင် ဒီအကျိုး သက်ရောက်မှုတွေကို ချက်ခြင်းခံစားရမှာ မဟုတ်ပါဘူး " ဟု သုံးသပ် ပြောကြားသွားသည်။

***************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment