Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

-၁၂-၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဟီလာရီက ပိုမိုလေးနက်သော ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် တိုက်တွန်း

(1 Dec 2011 ရက်စွဲပါ Christian Science Monitor ပါ Haward Lafranchi ရေးသားသော Clinton urges Burma (Myanmar) to deepen reforms, announces modest US move ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနှင့်အတူ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်တွင် အမေရိကန် အတူလျှောက်မည်

(2 Dec 2011 ရက်စွဲပါ VOA မှ ခေါင်းကြီးပိုင်းဖြစ်သော Staying The Course on Burma ကို ဘာသာပြန်ဆိုသည်)

*****************************************************************************************************

ဟီလာရီက ပိုမိုလေးနက်သော ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် တိုက်တွန်း

(1 Dec 2011 ရက်စွဲပါ Christian Science Monitor ပါ Haward Lafranchi ရေးသားသော Clinton urges Burma (Myanmar) to deepen reforms, announces modest US move ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောက်စုသည် မြန်မာနိုင်ငံက ရှာဖွေနေသော ကမ္ဘာ့ဘဏ်ကဲ့သို့သော အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့မှုများကို ဆက် လက်၍ ပိတ်ဆို့တော့မည်မပာုတ်ပေ။ သို့သော် သံတမန်ဆက်ဆံရေး မကြာမီအတွင်း ပြန်လည်လုပ်ဆောင်ရန် မရှိသေးကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာန တာဝန်ရှိပုဂ္ဂိုလ်များက ပြောကြားလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် အပယ်ခံနိုင်ငံအပေါ် သူမ၏ သမိုင်းဝင်ခရီးစဉ်ကို အသုံးပြု၍ ကြာသပတေးနေ့က စီးပွားရေးအရ ကန့်သတ်ချက်အချို့အား ဖြေလျော့မှုအချို့ပေးရေး ကြေညာခဲ့သည်။ သူမသည် မြန်မာခေါင်းဆောင်များအား တိုင်းပြည်၏ ယခုပြုပြင်ပြောင်းလဲရေး အသစ် များကို ဆက်လက်တိုးချဲ့လုပ်ဆောင်ပါက မျှော်လင့်နိုင်သည့်အကျိုးအမြတ်များအတွက် အမြည်းသဘောမျိုးပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်(World Bank)နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) တို့မှ ငွေကြေးထောက်ပံ့မှုများကို ဆက်လက်ပိတ်ဆို့ထားတော့မည် မပာုတ်တော့ပေ။ အဆိုပါ ကိစ္စကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြေညာ ခဲ့ သည်။ သို့ရာတွင် ၎င်းသည် ကြီးမားသော ဖြေလျော့မှု မပာုတ်သေးပေ။ အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများ ဖြေလျော့မှု ပါဝင်ခြင်း မရှိသေးပေ။ ထို့အပြင် သံတမန်ဆက်ဆံရေး ပြန်လည်ပြုလုပ်ရန် လတ်တလော ဖြစ်နိုင်ဦးမည်မပာုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများ၏ အဆိုအရ သိရှိရသည်။ သို့သော် ဟီလာရီသည် အရပ်သားသမ္မတဦးသိန်းစိန်နှင့် အမေရိကန်နှင့် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ရရှိရေး လမ်းကြောင်းနှင့် မြန်မာနိုင်ငံ နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးလမ်းကြောင်းများကို အသေ အချာ ဆွေးနွေးခဲ့သည်ပာု တာဝန်ရှိသူများက ပြောကြားခဲ့ သည်။ ထိုလမ်းကြောင်းများတွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေး ရေးနှင့် လူ့အခွင့်အရေး လေးစားလိုက်နာမှုတိုးတက်ရေးများ ပါဝင်သည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စုသည်  မြန်မာနိုင်ငံတွင် သံအမတ်ကြီး မရှိသည်မှာ ဆယ်စုနှစ် နှစ်ခုခန့်ရှိပြီ ဖြစ်ပြီး၊ သံရုံးယာယီတာဝန်ခံအဆင့်သာ ထားရှိ ထားသည်။ “ဒီနေ့ အမေရိကန်ပြည်ထောင်စုပာာ မြန်မာနိုင်ငံသားတွေရဲ့ ဘဝတွေ တိုးတက်ဖို့နဲ့ အထီးကျန်မှုလျော့ပါးရေး အတွက် ပြုပြင် ပြောင်း လဲမှုခြေလှမ်းတွေကို တုန့်ပြန်ဖို့ ပြင်ဆင်ထားပါတယ်”ပာု ကလင်တန်က နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။

                ကလင်တန်သည် ပြီးခဲ့သည့်နှစ်က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခြင်းနှင့် လာမည့်နှစ် ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာပါဝင်ခွင့်ရခြင်းကို ချီးကျူးပြောဆိုခဲ့သည်။ သို့သော် အထင်ကရ ပါတီကြီးနိုင်ငံရေးအရ လွတ်လပ်ခွင့် ပြန်ရရုံဖြင့် မပြည့်စုံပဲ နိုင်ငံရေးပါတီအားလုံး လွတ်လပ်၍ တရားမျှတပြီး အများလက်ခံသည့် ရွေးကောက်ပွဲဖြင့် ယှဉ်ပြိုင်နိုင်ရန်လိုအပ်ကြောင်း သူမကဖြည့်စွက်ပြောခဲ့သည်။ ကြာသပတေးနေ့နှောင်းပိုင်းတွင် ရန်ကုန်၌ ကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ကမ္ဘာ့နိုင်ငံ ရေး အထင်ကရပုဂ္ဂိုလ်နှစ်ဦးသည် ပုဂ္ဂလိကညစာမသုံးဆောင်မီ တစ်ဦးကိုတစ်ဦး နှစ်သက်သဘောကျမှုများကို ပြောဆို ခဲ့ကြသည်။

နိုဘယ်ဆုရှင်က ပြောကြားရာတွင် သူမသည် အမေရိကန်က မြန်မာနိုင်ငံတွင် ကဏ္ဍသစ်ဖွင့်လှစ်မှုနှင့် ဟီလာရီကလင်တန်၏ခရီးစဉ်အား စစ်ခေါင်းဆောင်များကို ပြုပြင်ပြောင်းလဲမှုများ နက်နက်ရှိုင်းရှိုင်းပြုလုပ်ရေးအတွက် အားပေးသည့်အဓိပ္ပါယ် သက်ရောက်၍ ထောက်ခံကြောင်း ပြောကြားခဲ့ သည်။ သူမက ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သားအစိုးရသစ်ကို ယုံကြည်ကြောင်း၊ တိုင်းပြည်ခေါင်းဆောင်အားလုံးအနက် ယခုလိုနိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစပြုမှုများ ကို သဘောမတူသူများရှိသည်ဆိုသည်ကို သူမသိရှိကြောင်း ပြောကြားခဲ့သည်။

ဟီလာရီက ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အမေရိကန်က စောင့်ကြည့်မည့် အသေးစိတ်ခြေလှမ်းများကို ဖော်ပြခဲ့ပြီး၊ သို့မှသာ နှစ်နိုင်ငံ ဆက်ဆံ ရေး တိုးတက်မည့် ကိစ္စများ စဉ်းစားမည်ဖြစ်ကြောင်း ပြောခဲ့သည်ပာု သတင်းထောက် များအား နိုင်ငံရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ တစ်ဦးက အကျဉ်း ပြောပြခဲ့သည်။ ဟီလာရီကလင်တန်က ပြောင်းလဲမှုတွင် လိုအပ်သော အရေးကြီးသည့် နယ်ပယ်ငါးခုကို ချပြခဲ့ရာ နျူကလီးယား နယ်ပယ် နှင့် မြောက်ကိုရီးယားဖြင့် စစ်တပ်ဆက်ဆံရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနယ်ပယ်၊ တိုင်းရင်းသားများနှင့် တိုးတက်မှုရှိ ရေးနှင့် ပြန်လည်စည်းလုံးညီညွှတ်ရေး နယ်ပယ်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် တရားဥပဒေစိုးမိုးရေးစနစ်နှင့် လေးစားလိုက်နာမှု တိုးတက်ရေးတို့ဖြစ်သည်။

အမေရိကန်အစိုးရတာဝန်ရှိသူက ပြောကြားခဲ့ရာတွင် ဆွေးနွေးပွဲ၌ တိုးတက်မှုများအတွက် အချိန်ကန့်သတ်ချက် မထားခဲ့သော်လည်း ကလင်တန် ၏ အဓိကဆိုလိုချက်ဖြစ်သော အမေရိကန်၏ အရေးယူမှုများဖြေလျော့ရေး ဆောင်ရွက် ချက်များသည် မြန်မာနိုင်ငံ၏ခြေလှမ်းများပေါ်တွင် မူတည်သည် ဆိုသည်ကို အထူးသတိချပ်ရမည်ဖြစ်သည်ပာု ဆိုသည်။ ကလင်တန်က ပြောကြားရာတွင် အခြေအနေများသည် မိမိတို့ အရေးယူမှုများအား ဖြေလျော့ ပေးရေး စဉ်းစားရန် ပွိုင့်သို့မရောက်သေးကြောင်း၊ သို့သော် အစိုးရ၏ ခြေလှမ်းတိုင်းသည် အမေရိကန်တို့နှင့်ကိုက်ညီမှု ရှိလိမ့်မည်ပာု သူမက ဆိုခဲ့သည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ ပြစ်ဒဏ်ချမှတ်အရေးယူမှုများသည် ရုတ်သိမ်းပေးရန် ကွန်ကရက် ၏ လုပ်ဆောင်မှုလိုအပ်သည် ပာု သူမကဖော်ပြခဲ့ခြင်းမရှိပေ။ အချို့ ကွန်ကရက်ခေါင်းဆောင်များသည် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို သဘောမတူကြပေ။ ၎င်းတို့က ယခုပြုလုပ်နေသော ပြုပြင်ပြောင်းလဲမှုလေးများ သည် လွယ်လွယ်နှင့်နောက်ပြန်ဆုတ်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

*****************************************************************************

မြန်မာနှင့်အတူ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်တွင် အမေရိကန် အတူလျှောက်မည်

(2 Dec 2011 ရက်စွဲပါ VOA မှ ခေါင်းကြီးပိုင်းဖြစ်သော Staying The Course on Burma ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်၏ လတ်တလောမြန်မာနိုင်ငံခရီးစဉ်သည် ရာစုနှစ်တစ်ဝက်ကျော်အတွင်း အမေရိကန်ထိပ်တန်း သံတမန်တစ်ဦးအနေဖြင့် ပထမဦးဆုံးခရီးစဉ် အဖြစ်မှတ်တမ်း ဝင်ခဲ့သည်။ ယခု သမိုင်းဝင်ခရီးစဉ်အား ပြီးခဲ့သည့်လကမှ အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ကြေညာခဲ့ရာ အမေရိကန် ပြည်ထောင်စု၏ မူအားဖြင့် ဆက်ဆံရေးနှင့် ဖိအား ပေးမှုများပါဝင်သော လမ်းနှစ်သွယ်မူဝါဒ၏ ရလဒ်ပင်ဖြစ်သည်။

သူမ၏ တွေ့ဆုံဆွေးနွေးမှုများမှတဆင့် မြန်မာနိုင်ငံတါင် မကြာသေးမီက တိုးတက်မှုများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျ သိရှိခဲ့ရပြီး မြန်မာခေါင်းဆောင်များအား ပြုပြင်ပြောင်းလဲရေး ခြေလှမ်း များ ထပ်မံလုပ်ဆောင်ရန်နှင့် မြန်မာပြည်သူများအတွက် အပေါင်းလက္ခဏာ ဆောင်သော ဦးတည်ချက်များကို လုပ်ဆောင် ရန် အားပေးခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်သော အထင်ကရကိစ္စများ ကိုလည်း အစိုးရ လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအတိုက် အခံအပေါ် မပြောင်းမလဲပဲ ထောက်ခံနေမည်ဆိုသည်ကို သူမကဖော်ထုတ်ပြသခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ကာလရှည်ကြာစွာစောင့်ဆိုင်းခဲ့ရသော လမ်းဖွင့်ပေးမှုများကို ပထမဆုံးခြေလှမ်းအဖြစ် လုပ်ဆောင်ခဲ့သည်။ ထိုအထဲတွင် အစိုးရနှင့် ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေး နွေးမှု၊ နိုင်ငံရေးအကျဉ်းသားအချို့လွှတ်ပေးခြင်း၊ မီဒီယာကန့်သတ် ချက် များ ဖြေလျှော့ပေးခြင်း နိုင်ငံရေးဝန်းကျင်ကို လမ်း ဖွင့်ပေးသော ဥပဒေအချို့တို့ပါဝင်သည်။ တိုးတက်မှု၏ လက္ခဏာများရှိနေသော်လည်း ပိုမို၍ လုပ်ဆောင်ရန်များ လိုအပ်နေသေးသည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသော နိုင်ငံရေးစနစ်နှင့် ပတ်သက်သည်များကို စိုးရိမ် ပူပန်နေဆဲဖြစ်ရာ တိုင်းရင်းသားများအပေါ် ကိုင်တွယ်မှုများ၊ နိုင်ငံရေးအကျဉ်းသား(၁၀၀၀) ကျော် ထိန်းသိမ်းထားမှုများနှင့် ၎င်း၏ မြောက် ကိုရီးယား နှင့် ဆက်ဆံရေးများ ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာခေါင်းဆောင်များက အာမခံခဲ့သော အချက်များမှာ တိုးတက်မှုများ ဆက်လက် လုပ် ဆောင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မည်ဆိုသော အချက်များဖြစ်သည်။ သို့ဆိုပါက အမေရိကန်ပြည်ထောင်စုကလည်း စစ်မှန်သော ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်သော အစိုးရအတွင်း ကိုရော အစိုးရ အပြင်ဖက်ကိုပါ တက်ကြွစွာ ထောက်ခံပံ့ပိုးမည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် သူမ၏ ခရီးစဉ်အတွင်း ညွှန်ပြခဲ့သလို မြန်မာအစိုးရအနေဖြင့် ယခု ဦးတည်ချက်အတိုင်း ရွေးချယ်၍ ဆက်လက်လျှောက်လှမ်း သွားမည် ဆိုပါက အမေရိကန်ပြည်ထောင်စုသည် မြန်မာအစိုးရနှင့် အတူပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် အတူ လျှောက်လှမ်းရန် ပြင်ဆင် ထားလျက် ရှိသည်။

************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment