Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၁.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စောင့်ကြည့်ရဦးမည့် စမ်းသပ်ပွဲ

*******************************

ဆောင်းပါးကဏ္ဍ

စောင့်ကြည့်ရဦးမည့် စမ်းသပ်ပွဲ

မိုးမြင့်ငြိမ်း

အားစမ်းမှုများကြားက

အမေရိကန်အပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များသည် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးအတွက် အာမခံချက်ရှိသော အပြောင်းအလဲဖြစ်သည်ဟု တညီတညွတ်တည်း သဘောထွက်ဆိုမှုများ ရှိလာနေသည်။ မြန်မာအစိုးရ ခေါင်းဆောင်များအနေဖြင့်လည်း လက်ရှိ လူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံရေးအင်အားစုများကြားတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အတားအဆီးများ မရှိ တဟုန်ထိုးဆောင်ရွက်နိုင်သည့် အနေအထားမျိုးတော့မဟုတ်။ ပြုပြင်ပြောင်းလဲမှုများကြောင့် လူမှုရေးမတည်ငြိမ်မှုဖြစ်မည် ဆိုးသည်ကတစ်ဖက်၊ အခုအခံများ၏ တုန့်ပြန်နေမှုများကို အားပြိုင်နေရသည်ကတစ်ဖက်နှင့် မရဲတရဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှလည်း နိုင်ငံရေး ဖြစ်စဉ်များကို စောင့်ကြည့်ကာအကောင်း၊ အဆိုးချီးကျူး ဝေဖန်ရန် အသင့်အနေအထားပင် ဖြစ်သည်။

ဒီမိုကရက်တစ် တာဝန်ခံမှု

အာဏာပိုင်စနစ်မှ အသွင်ကူးပြောင်းပုံဖော်လာသော အရပ်သားတစ်ပိုင်းအစိုးရကို ပြည်သူများရော၊ နိုင်ငံတကာရော အစပိုင်းတွင် သံသယဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ ယခုအခါတွင်တော့ အစိုးရ၏ ဒီမိုကရက်တစ်တာဝန်ခံမှုများ (democratic accountability) ကို မျက်ဝါးထင်ထင် တွေ့မြင် လာရပြီဖြစ်သည်။ ပြည်သူအများက ဆန့်ကျင်နေသည့် မြစ်ဆုံစီမံကိန်း ရပ်တန့်ခဲ့ခြင်း အပါအဝင် နာမည်ကြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်း တို့သည် ဒီမိုကရေစီ အစိုးရ၏ တာဝန်ခံခြင်းများပင်ဖြစ်သည်။ ထိုအတွက်ကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံသည် စစ်မှန်သော အပြောင်းအလဲ လမ်းကြောင်းပေါ် စတင်ရောက်ရှိနေပြီဖြစ်သည်ဟု ရဲရဲကြီး သုံးသပ်ပြောကြားနေခြင်း ဖြစ်သည်။

မြန်မာနွေဦးပို၍တာ

မန်မာနိုင်ငံနှင့်အပြိုင် နိုင်ငံရေးပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည့် အီဂျစ်၊ ဆီးရီးယား၊ လစ်ဗျားအစရှိသည့် အာရပ်နိုင်ငံများကို ကြည့်ပါ။ ယင်းနိုင်ငံများရှိ ပြည်သူများတောင်းဆိုခဲ့သည့် နိုင်ငံရေးပြောင်းလဲမှုမှာ အုပ်ချုပ်စနစ် အပြောင်းအလဲ(Regime change) ဖြစ်ပါသည်။ ထိုအတွက်ကြောင့် လူထုတော်လှန်ရေးသည် အဓိကပင်မ ရေစီကြောင်း နိုင်ငံရေးဖြစ်ခဲ့သည်။ သို့သော် ယင်းလမ်းကြောင်းထိရောက်မှုမရှိသည့်အပြင် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိကြောင်းတော်လှန်ရေးအပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် တွေ့မြင်လာရသည်။  မြန်မာနိုင်ငံသည်လည်း စစ်အာဏာရှင် အစိုးရ လက်ထက်တုန်းက လူထုတော်လှန်ရေးလမ်းကြောင်းသည် ပင်မရေစီးကြောင်းနိုင်ငံရေး ဖြစ်ခဲ့ပါသည်။ ယခုအခါတွင်တော့ လွှတ်တော်နိုင်ငံရေးသည်သာ ပင်မရေစီကြောင်းနိုင်ငံရေး ဖြစ်လာလေပြီ။ တနည်းအားဖြင့်ဆိုရလျှင် မြန်မာနွေဦးမှာအာရပ်နွေဦးထက် များစွာတာသွားခဲ့ပြီး ထိရောက်မှုလည်း ရှိကြောင်း တွေ့ရသည်။

ဧည့်သည်တော်များ၏ ကတိကဝတ်

အစိုးရသစ်၏ ဒီမိုကရက်တစ်တာဝန်ခံမှုကိုနောက်ထပ် အမှတ်ရနိုင်သည့် စာမေးပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲပင် ဖြစ်သည်။ နိုင်ငံတကာမှ ရောက်ရှိလာသောအဆင့်မြင့် သံကိုယ်စားလှယ်များ၊ သြဇာရှိ လွှတ်တော်အမတ်များကလည်း ယင်းအချက်ကို အဓိကအလေးထား ပြောဆိုလာကြသည်။ ဇန်နဝါရီ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် နော်ဝေးနိုင်ငံခြားရေးဝန်ကြီး ဂျိုးနက် ဂတ်စကိုနှင့် တွေ့ဆုံစဉ် ယင်းက မြန်မာနိုင်ငံအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားဥပဒေစိုးမိုးပြီး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအား ဆောင်ရွက်ပါက နော်ဝေးနိုင်ငံမှ ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်သော ကိစ္စများအား ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားသွားခဲ့ သည်။ အစိုးရသစ်၏ လုပ်ဆောင်ချက်များ အပြုသဘောတုန့်ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ချမှတ်ထားသည့် ကန့်သတ်မှုများ အနက်မှ ပြည်ဝင်ခွင့် ပိတ်ပင်မှုကို ဆိုင်ငံ့ခဲ့သည်။

တရားမျှတဖို့ ဆိုလျှင်

နောင်လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်မှာ ပြုပြင်ပြောင်းလဲမှု၏ အရေးကြီးဆုံးပွိုင့်တစ်ခု ဖြစ်ပါလိမ့်မည်။ ယခင် တရားမျှတမှုနှင့် ပွင့်လင်းမှုမရှိဘူးဟု နာမည်ထွက်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြောင့် ပြိုကွဲခဲ့ရသည့် ပြည်သူများ၏ မျှော်လင့်ချက်ကို တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုအပြည့်ရှိသည့် လာတော့မည် ကြားဖြတ်ရွေးကောက်ပွဲဖြင့်သာ ပြန်လည်ဆည်ယူနိုင်မည် ဖြစ်သည်။ ထိုအတွက်ကြောင့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာမှ စောင့်ကြည့်နေမည့် အဖွဲ့အစည်းများနှင့် မီဒီယာကိုလွတ်လပ်စွာ သတင်းယူ မှတ်တမ်းတင်ခွင့် ပေးသင့်ပါသည်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မတ်ကိန်းမှ သတင်းစာရှင်းလင်ပွဲတစ်ခုတွင် နိုင်ငံတကာမှ လေ့လာစောင့်ကြည်သူများ မြန်မာနိုင်ငံကို လာရောက်ကာ လွတ်လပ်မျှတသော ရွေးကောက်ပွဲများ၏ စံနှုန်းများဖြစ်သော မဲဆန္ဒရှင်စာရင်း ကောက်ခြင်း၊ ပါတီတည်ထောင်ခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ဝင်ရောက်ကူညီစေခြင်းကို မြင်တွေ့လိုကြောင်းပြောကြားသွားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ယခုအပြောင်းအလဲများသည့် နိုင်ငံတော် သမ္မတကြီးပြောခဲ့သလို နိုင်ငံတကာ၏ ဖိအားများကြောင့် ဖြစ်ပေါ်ခဲ့ခြင်းမဟုတ် ဟူသည်ကို စာရေးသူအနေဖြင့် အသိအမှတ်ပြု အလေးထားပါသည်။ သို့သော် နိုင်ငံရေးမှာ သိပ္ပံနည်းကျ ဖော်မြူလာထုတ်မရသည်များလည်းရှိရာ အသိဖြင့် သာဆောင်ရွက်ရသည့်အတွက် ဖြစ်တန်ရာ နိုင်ငံရေးမှန်းဆချက်များဖြင့် မရေရာမသေချာမှုများကို ရေရာသေချာအောင် ဆောင်ရွက်ရသော အနုပညာရပ်ပင် ဖြစ်သည်။

စာရေးသူအနေဖြင့် နိုင်ငံရေးအပြောင်းအလဲနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၏ လမ်းကြောင်းမှန်ကန်မှုမှာ နိုင်ငံရေးစေတနာပေါ်တွင် များစွာ မူတည်သည်ဟုယုံကြည်ပါ သည်။

*******************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment