Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၀.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဥပဒေသစ်ဖြင့်ဆွဲဆောင်ရန် မြန်မာမျှော်လင့်

(Burma News မှ 9,August,2012 ရက်စွဲပါ “Myanmar Expects To Attract FDIs With New Law” သတင်း ကို ဘာသာပြန်ဆိုသည်။)

  1. Pepsi ကမြန်မာနိုင်ငံတွင် အချိုရည်ရောင်းချမည်                     

(10 August 2012ရက်စွဲပါ Reters ၏ “Pepsi Allowed To Sell Drinks in Myanmar” ကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဥပဒေသစ်ဖြင့်ဆွဲဆောင်ရန် မြန်မာမျှော်လင့်

(Burma News မှ 9,August,2012 ရက်စွဲပါ “Myanmar Expects To Attract FDIs With New Law” သတင်း ကို ဘာသာပြန်ဆိုသည်။)

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းပြီးသည်နှင့် တစ်ပြိုင်နက် အနာဂတ်ကာလတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) နှင့်ပတ်သက် လျှင် ဦးစားပေး ရွေးချယ်ရမည့် နေရာများထဲတွင် ပါဝင်နိုင်ရန် မြန်မာနိုင်ငံက မျှော်လင့်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းခြင်းကို ယခုလကုန်တွင် ကြေညာတော့မည်ဟု မျှော်လင့်ရပြီး ယင်းဥပဒေသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အပြုသဘောဖြင့် ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်၍ မလေးရှားအပါအဝင် အခြားနိုင်ငံများနှင့် ကုန်သွယ်မှုများကို တွန်းအားပေးနိုင်လိမ့် မည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“တရုတ်နှင့်ဂျပန် အပါအဝင် အဓိက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များစွာဟာ အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ကြေညာပြဋ္ဌာန်းတာကို စောင့် ဆိုင်းနေကြပေမယ့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြောင်း ပြသထားကြပါတယ်” ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးစနစ်နှင့် ထင်ရာစိုင်း စီမံခန့်ခွဲမှု ပုံစံဟောင်းမှ စွန့်ခွာရုန်းထွက်ကာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို အ ကောင်အထည်ဖော်နေပြီ ဖြစ်သည့်အလျောက် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီဖွယ်ရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြဋ္ဌာန်းရေးဆွဲနိုင်ရန် အစိုး ရက ပြင်ဆင်နေသည်ဟု ကြာသပတေးနေ့တွင် မလေးရှား ကုန်ထုတ်လုပ်ငန်းရှင်များ အသင်းချုပ်(FMM)က ကြီးမှူးကျင်းပသော “မြန်မာ့ဈေး ကွက်ဖွင့်လှစ်မှုနှင့် စီးပွားရေး အခွင့်အလမ်းသစ်များ”ဆွေးနွေးပွဲ၏ အဝန်းအဝိုင်းတွင် ဦးဇော်မင်းဝင်းက သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ် သည်။

---------------------------------------------------------------------------------------------------------------------

Pepsi ကမြန်မာနိုင်ငံတွင် အချိုရည်ရောင်းချမည်                     

(10 August 2012ရက်စွဲပါ Reters ၏ Pepsi Allowed To Sell Drinks in Myanmar ကိုဘာသာပြန်ဆိုသည်)

ပက်စီကုမ္ပဏီက ၎င်းသည်၎င်း၏ အချိုရည်အချို့ကို မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချရန် သဘောတူစာချုပ်အား Diamond Star ကုမ္ပဏီလီမိတက် နှင့်လက်မှတ် ရေးထိုးခဲ့သည်ဟု ပြောဆိုခဲ့သည်။ ပက်စီသည် အရှေ့တောင်အာရှ နိုင်ငံများတွင် လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၅၀ခန့်ရှိ ပြီ ဖြစ်သည်။

                သဘောတူညီချက်အရ ဒိုင်းမွန်းစတားကုမ္ပဏီသည် ပက်(ပ)စီ၊ ကိုလာ၊ 7 Upနှင့် Mirindeများကို တင်သွင်းဖြန့်ဖြူး ရောင်းချခွင့်ရမည် ဖြစ်သည်။ ကုမ္ပဏီသည် ပက်စီကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံရှိ လုပ်ငန်းခွင်မှ ဝယ်ယူတင်သွင်းမည် ဖြစ်သည်။

ပက်(ပ)စီကုမ္ပဏီသည် မြန်မာနိုင်ငံ၌ အခြားအခွင့်အလမ်း များကိုအကဲဖြတ်ရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ရာ မြန်မာပြည်တွင် ထုတ်လုပ် ရေး နှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံရန်လည်း အပါအဝင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် အရေးယူမှုအချို့ကို ဖြေလျှော့ပေးခဲ့ပြီး အမေရိ ကန် ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နှင့် ငွေကြေးဝန်ဆောင်မှုများပေးရန် ပြီးခဲ့သည့်လက ခွင့်ပြုခဲ့သည်။

ပက်(ပ)စီသည် မြန်မာနိုင်ငံတွင် ၁၉၉၇ခုနှစ်က နောက်ဆုံးဝင် ရောက်လုပ်ကိုင်ခဲ့သည်။ ၎င်းအပြိုင်ဖြစ်သော ကိုကာကိုလာ ကုမ္ပဏီကလည်း ဇွန် လက ပြောကြားခဲ့ရာတွင် အမေရိကန် အစိုးရကခွင့်ပြုသည်နှင့် မြန်မာနိုင်ငံသို့ ဝင်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၀.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကိုယ့်ကိုယ်ကို ချောင်ပိတ်မိအောင် ဖန်တီးနေသည့် မြန်မာ

(Bangkok Post သတင်းစာမှ 8 August 2012 ရက်စွဲပါ “Myanmar Digs itself a Big Hole” ကိုဘာသာပြန်ဆိုသည်)

  1. OIC အားရိုဟင်ဂျာကိစ္စ စုံစမ်းခွင့်ပြုရန် မြန်မာစဉ်းစား

(Jakata News မှ 8 August 2012 ရက်စွဲပါ “Marty: Myanmar Considering Allowing OIC To Investigate Rohingya Situation” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. ရခိုင်ပြည်နယ် ဆူပူအုံကြွမှုအပေါ် အမေရိကန် မျက်ခြည်မပြတ်စောင့်ကြည့်

(UPI သတင်းဌာနမှ 9 August 2012 ရက်စွဲပါ “U.S Keeping Tabs On Myanmar Violance” ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအား ကူညီထောက်ပံ့ရန် အာဆီယံစဉ်းစား

 (The Jakarta Globe မှ 8 August 2012 ရက်စွဲပါ “Asean Mulls Assistance for Myanmar Rohingya” ကို ဘာသာပြန် ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ကိုယ့်ကိုယ်ကိုချောင်ပိတ်မိအောင်ဖန်တီးနေသည့်မြန်မာ

(Bangkok Post သတင်းစာမှ 8 August 2012 ရက်စွဲပါ “Myanmar Digs Itself a Big Hole” ကိုဘာသာပြန်ဆိုသည်)

ယခုအခါ မြန်မာနိုင်ငံမှ နေပြည်တော်အစိုးရသည် အနောက်ဘက်ဒေသရှိရခိုင်ပြည်နယ်တွင်လတ်တလောဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများနှင့် ပတ်သက်၍ သံတမန်ရေးရာ ဘေးကျပ်နံကျပ်ဖြစ်မည့် အခြေအနေထဲသို့ ရောက်ရှိနိုင်သည့် နည်းလမ်းများကို မသိလိုက်မသိဘာသာ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။

နေပြည်တော်အစိုးရသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောအဓိကရုဏ်းများနှင့် ဆက်လက်ဖြစ်ပွားနေသော မတည်မငြိမ်မှုများကို လျှို့ဝှက် သောနည်းဖြင့်တစ်မျိုး၊ အများပြည်သူအပေါ် အပြစ်ပုံချသည့် နည်းဖြင့်တစ်ဖုံ ကိုင်တွယ်နှိမ်နင်းလာသည်ကို တွေ့ရသည်။ အတိုချုံး ပြောရမည် ဆိုပါက နေပြည်တော် အစိုးရအနေဖြင့် ယင်းဆူပူအုံကြွမှုများကို လုံးလုံးလျားလျား လွဲမှားသော လမ်းစဉ်ဖြင့် ဖြေရှင်းနေခြင်း ပင်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသည့် အဓိကရုဏ်းများမှာ ပြီးခဲ့သည့် ဇွန်လတွင်အထွတ်အထိပ်သို့ရောက်ရှိသွားပါသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လူ ပေါင်းမည်၍မည်မျှ သေဆုံးပြီး မည်မျှအတိုင်းအတာအထိ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟူသော မှန်ကန်တိကျသည့် သတင်းမျိုး ရရှိရန် ခဲယဉ်း သလို လူစုဖွဲ့ အပြန်အလှန် တိုက်ခိုက်မှုများ အသေးစိတ် နှင့်အာဏာပိုင်များ မည်သို့မည်ပုံ တုံ့ပြန်သည်ဟူသည်ကိုလည်း သိရှိရန် ခဲယဉ်းလှပေသည်။ မည်သို့ပင်ဆိုစေကာမူထွက်ပေါ်လာသောသတင်းပေးပို့ချက်များအရ လူပေါင်း ရာနှင့်ချီ၍ သေကြေပျက်စီး (သို့မဟုတ်) ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကာ  အဆောက်အအုံပေါင်း ထောင်နှင့်ချီ၍ပျက်ဆီးခဲ့ကြောင်း၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ကလည်း ဆိုးဆိုးရွားရွားပင် ကိုင်တွယ် ဖြေရှင်းနေကြောင်း သိရသည်။ အဆိုပါ ရခိုင်ကိစ္စကို အသာထား။ လတ်တလော မြန်မာနိုင်ငံ၏ ပြဿနာကို ကြည့်လျှင် နိုင်ငံတကာ၏ စိုးရိမ် ပူပန်မှုနှင့် အမျက်ဒေါသများကို ကိုင်တွယ်ဖြေရှင်းရေးပင် ဖြစ်နေသည်ကို တွေ့ရလိမ့်မည်။

လတ်တလော မြန်မာအာဏာပိုင် တို့သည်လည်း နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့် ဝေဖန်မှုများကို ရှောင်လွှဲရန် သို့မဟုတ် လျစ်လျူရှုရန်သာ ကြိုးပမ်းနေကြသည်ကို တွေ့ရပါသည်။ ဤနည်းဖြင့် နှစ်ပေါင်း၅၀တာ ကြာမြင့်ခဲ့သော စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်ပြီး ဒီမိုကရေစီနိုင်ငံသစ် တစ်ခုအဖြစ် ပေါ်ထွန်းနိုင်ရေးမှာ မည်သို့မျှ လွယ်ကူမည် မဟုတ်ပေ။

အမှန်ဆိုရလျှင် ရခိုင်ပြည်နယ် အဓိကရုဏ်းများစတင်ဖြစ်ပေါ်သည့် အချိန်မှစ၍ယနေ့အချိန်အထိ မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များမှာ လွဲ မှား နေဆဲဖြစ်သည်။ ဆူပူသောင်းကျန်းမှုများဖြစ်ပွားရာ ရခိုင်ပြည်နယ်ထဲသို့ ပြည်တွင်း၊ပြည်ပသတင်းစာဆရာများ ဝင်ရောက်သတင်းရယူမှုကို ပိတ်ပင် ထားခြင်းက အစိုးရဆန့်ကျင်ရေးမီဒီယာများ ပိုမိုထွက်ပေါ်လာအောင်လုပ်ဆောင်ပေးနေသကဲ့သို့ရှိ၏။လူ့အခွင့်အရေးအုပ်စုများကမူ"ဘက်လိုက်မှုမရှိသော သတင်းပေး ပို့ချက်များ" ထွက်ပေါ်လာရန် တောင်းဆိုကြသည်။ဤနည်းဖြင့် နောက်ဆုံးတွင် အစိုးရက မီဒီယာများနှင့် သတင်းစာများအပေါ် ပိုမိုဖိနှိပ် အရေး ယူမှုများ မယုံနိုင်လောက်အောင် လုပ်ကိုင်လာတော့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာအစိုးရက ပုဂ္ဂလိကသတင်းစာနှစ်စောင်ကိုထုတ်ဝေခွင့်ပိတ်ပင်လိုက်သည်။ ဆင်ဆာဘုတ် အဖွဲ့သို့ ဦးစွာတင်ပြမှု မပြုလုပ်ဘဲ သတင်းများ ရေးသားထုတ်ဝေခဲ့ခြင်းကြောင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ သြဂုတ်လ ၄ ရက်နေ့တွင်မူ မြန်မာသတင်း ထောက်များက မီဒီယာဆင်ဆာတည်းဖြတ်မှု အဆုံးသတ်ရေးအတွက် အများပြည်သူများ ရှေ့မှောက်တွင် ဆန္ဒပြမှုများ ပြုလုပ်လာသည်။ ယင်းသို့ ဆန္ဒပြ တောင်းဆိုကြသည့် မြန်မာသတင်းထောက်များကိုကမ္ဘာ့မီဒီယာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက အလိုအလျောက် စာနာထောက်ထား လာကြမည်မှာတော့ အမှန်ပင်ဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ်ကန်တားနားကမြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အဓိကရုဏ်းများ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် အကျိုးဆက်များကိုထုတ်ဖော်ပေးနိုင်မည့် စစ်မှန်သောကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး နောက်ထပ်အလားတူ ဖြစ်ရပ်မျိုး မပေါ်ထွက်အောင် ကြိုတင်ကာကွယ်သင့်ကြောင်း အကြံပြုပြောဆိုခဲ့သည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များအပေါ် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ကအင်အားအလွန်အကျွံသုံးကာ ဖြိုခွင်းနှိမ်နင်းကောင်း နှိမ်နင်းခဲ့နိုင်သည်ဟူ၍ ဗြောင်ကျကျပြောဆိုခဲ့သော ကင်တားနားကို ဝေဖန်ပြောဆိုခဲ့သည်။ နောက်ထပ် စိတ်ဝင်စားစရာ ကိစ္စတစ်ခု ရှိနေသေးသည်။

ယင်းမှာ ရခိုင်ကိစ္စက အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အာရုံကို ဖမ်းစားလိုက်နိုင်ခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓ ဘာသာဝင်များက ရိုဟင်ဂျာ မွတ်စလင်များကို သတ်ဖြတ်နေပါသည်ဟူသော သတင်းထွက်ပေါ်မှုများကို အသေအချာ စုံစမ်းစစ်ဆေးနိုင်ရေး အတွက် မစ်ရှင်တစ်ခု စေလွှတ်ရန် OICက အဆိုပြု တောင်းဆိုထားသည်။ OIC တွင်အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနှင့်မလေးရှားတို့ပါဝင်သည်။

ထိုင်းနိုင်ငံမှာမူ လေ့လာသူအဆင့် အဖြစ်သာ ပါဝင်သည်။ မြန်မာအနေဖြင့် ရှေ့ဆက်သွားရမည့် လမ်းတွင် ရွေးချယ်စရာ အနည်းငယ်သာ ရှိတော့သည်။ သူ့အနေဖြင့် ရခိုင်ကိစ္စကို ဝေ့လည်ကြောင်ပတ် လုပ်ကောင်းလုပ်နိုင်သလို ရခိုင်ဒေသသို့ လေ့လာစောင့်ကြည့်သူများ ဝင်ရောက်ခွင့်ပြုကာ ရိုဟင်ဂျာများ၏ အခြေအနေမှန်ကို ဖွင့်ပြလာနိုင်သည်။

ထိုသို့ဖွင့်ပြပါက နိုင်ငံတကာအသိုင်းအဝိုင်း၏ပြစ်တင်ဝေဖန်မှုများကိုခံယူရန်သာရှိတော့သည်။ အကယ်၍မြန်မာအစိုးရသာ ဖိနှိပ်ချုပ်ခြယ်သည့် လမ်းစဉ်ကို ရွေးချယ်မည် ဆိုပါက မြန်မာအတွက်ရော အာဆီယံအတွက်ပါ ဆိုးကျိုးများကို မလွဲမသွေ ဖြစ်ပေါ်ရရှိစေမည် သာပင်ဖြစ်၏။

--------------------------------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ် ဆူပူအုံကြွမှုအပေါ် အမေရိကန် မျက်ခြည်မပြတ်စောင့်ကြည့်

(UPI သတင်းဌာနမှ 9 August 2012 ရက်စွဲပါ “U.S Keeping Tabs On Myanmar Violance” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ဆူပူအုံကြွမှုနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သူများ အားလုံးက ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ မူဝါဒများကို လက်ကိုင်ထားသင့်သည်ဟု အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအရာရှိကြီးတစ်ဦးက ပြောကြားသည်။

အမေရိကန်အစိုးရသည် မွတ်စလင်လူ့အဖွဲ့အစည်းဆိုင်ရာ အထူးသံတမန်တစ်ဦးဖြစ်သော Farah Pandith ဆိုသူအား ရခိုင်ပြည်နယ်ရှိ သက်ဆိုင်ရာ ဘာသာရေးနှင့် လူမျိုးရေး ခေါင်းဆောင်များနှင့်တွေ့ဆုံရန် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။

"မစ္စ Farah Pandith သည် မြန်မာနိုင်ငံရှိ မွတ်စလင် အသိုင်းအဝိုင်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပညာရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး အခွင့်အလမ်းများရရှိရေး အစရှိသည်တို့ကို ဆွေးနွေးခဲ့သည်။ အထူးသဖြင့် လူငယ်လူရွယ်များနှင့် ပတ်သက်၍ အဓိကအလေးပေး ဆွေးနွေးခဲ့သည် " ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းအကျဉ်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူအုံကြွမှုများကို တုံ့ပြန်ရာတွင် အာဏာပိုင်များက လုံခြုံရေးဆိုင်ရာ တာဝန်များကို ရှောင်ရှားခဲ့ကြကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောဆိုသည်။ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စ လင်များအကြား ဖြစ်ပွားခဲ့သော အဆိုပါ ဆူပူအုံကြွမှု ကြောင့် လူပေါင်း ၇၈ ဦးသေဆုံးခဲ့ကြောင်း အစိုးရ၏ ကိန်းဂဏန်း များက ဆိုသည်။ သို့သော် သေဆုံးသူဦးရေမှာ ရာနှင့်ချီ၍ရှိကြောင်း လူ့အခွင့်အရေး အုပ်စုတို့က ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်ကန်တားနားမှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်  ပတ်ခဲ့သည်။ ၎င်းသည် ပဋိပက္ခများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်သို့ သွားရောက်ကာ အခြေအနေ အရပ်ရပ်ကို အကဲဖြတ်ကြည့်ရှုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပက်ထရစ် ဗင်ထရဲလ်ကမူ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ အနီးကပ် စောင့် ကြည့်လျက် ရှိကြောင်းပြောဆိုသည်။

"ပါဝင်ပတ်သက်မှုရှိနေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် အသီးသီးတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ယခင်ကလိုပဲ ဆက်လက်တိုက်တွန်း လိုပါတယ်။ အကြမ်းဖက်မှုတွေ ထပ်မံမပြုလုပ်ဖို့၊ အချင်းချင်းခွဲခြား ဆက်ဆံမှု မပြုလုပ်ဖို့၊ ဘာသာရေး လွတ်လပ်ခွင့်ကို စွဲကိုင်ထားဖို့ တိုက်တွန်းလိုပါတယ်" ဟု ၎င်းကဆိုသည်။

----------------------------------------------------------------------------------------------------------------------------------

OIC အားရိုဟင်ဂျာကိစ္စ စုံစမ်းခွင့်ပြုရန် မြန်မာစဉ်းစား

(Jakata News မှ 8 August 2012 ရက်စွဲပါ “Marty: Myanmar Considering Allowing OIC to Investigate Rohingya Situation” သတင်းကို ဘာသာပြန်ဆိုသည်။)

အစ္စလာမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ Organizaion of Ialamic Corporation (OIC) အတွင်းရေးမှူးချုပ်အား ရိုဟင်ဂျာ မွတ်စလင်များ ၏ အနေ အထားကို စုံစမ်းလေ့လာနိုင်ရန် မြန်မာနိုင်ငံ အနောက်ပိုင်း နယ်စပ်ဒေသသို့ သွားခွင့်ပြုဖို့ မြန်မာနိုင်ငံက စဉ်းစားနေသည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန် ကြီး မာတီနာတာလီဂါဝါက ပြောကြားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မစ္စတာ မာတီနာတာလီ ဂါဝါနှင့် အင်္ဂါနေ့တွင် တွေ့ဆုံစဉ် အသိပေးခဲ့ခြင်း ဖြစ်သည်ဟု သတင်း များက ဆိုသည်။

OIC အတွင်းရေးမှူးချုပ် သွားရောက်ရေးကိစ္စသည် အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘန်း ယူဒိုယိုနိုပေးသော အကြံပြုချက်များထဲမှ တစ်ခု ဖြစ် သည်ဟု ဝန်ကြီမာတီက ဆိုသည်။ သမ္မတယူဒိုယိုနို၏စာကို သမ္မတဦးသိန်းစိန် လက်ခံရရှိကြောင်းနှင့် အမြန်ဆုံး ပြန်ကြားလိမ့်မည်ဖြစ်ကြောင်း မြန်မာဝန် ကြီး က ပြောကြားသည် ဟုလည်းသိရသည်။

“သမ္မတကြီးရဲ့စာကို သမ္မတဦးသိန်းစိန် လက်သို့ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံမှ တိုးတက်ပြောင်းလဲမှုများကို ကောင်းစွာ နားလည်ပေးခဲ့သော မိတ် ဆွေနိုင်ငံဖြစ်သည့် အင်ဒီုးရှားနိုင်ငံ၏ အမြင်ကို မြန်မာနိုင်ငံက အသိအမှတ်ပြုပါသည်” ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာပြဿနာကို အဖြေရှာရာတွင် အင်ဒိုနီးရှားနိုင်ငံပါဝင်ရန် လူ့အခွင့်အရေးလှုပ်ရှား သူများ လွှတ်တော် အမတ်များ ကျောင်းသားများက သီတင်းပတ်ပေါင်းများစွာ တောင်းဆိုခဲ့ကြပြီး နောက်တွင် ယူဒိုယိုနို၏ပေးစာ ပေါ်ထွက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ရိုဟင်ဂျာ အနေအထားနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပိုမိုပွင့်လင်းစွာ ပူးပေါင်းဆာင်ရွက်နိုင်လိမ့်မည်ဟု အင်ဒိုနီးရှားက မျှော်လင့်ကြောင်း မစ္စတာမာတီက ပြောကြားသည်။

“မြန်မာနိုင်ငံအနေနဲ့ ဒီဒေသကို ဖွင့်ပေးဖို့ အရေးကြီးကြောင်းနဲ့ ဒါမှသာ လက်တွေ့တိးတက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပိုမိုပွင့်လင်းစွာ ပူးပေါင်း ဆောင်ရွက်နိုင်လိမ့်မည်ဟု အင်ဒိုနီးရှားနိုင်ငံက မျှော်လင့်ထားကြောင်း”  မစ္စတာမာတီက ပြောကြားသည်။

လူ့အခွင့်အရေးအုပ်စုများ၏ ခန့်မှန်းချက်ထက် လျော့နည်းပုံ ရသော တရားဝင်အစိုးရ ထုတ်ပြန်ချက်အရ ရခိုင်နှင့် ရိုဟင်ဂျာတို့အကြား ဖြစ်ပွား  သော အဓိကရုဏ်းတွင် နှစ်ဘက်စလုံးမှ လူပေါင်း၈၀ခန့် သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

နိုင်ငံအနောက်ပိုင်း ရခုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့များက ရိုဟင်ဂျာ မွတ်စလင် များကို ညှင်းပမ်းနှိပ်သက်မှုများ ပြုလုပ်ခဲ့သည်ဟု နယူးယောက်အခြေစိုက် Human Rights Watch အုပ်စုကပြောကြားထားသည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအား ကူညီထောက်ပံ့ရန် အာဆီယံစဉ်းစား

 (The Jakarta Globe မှ 8 August 2012 ရက်စွဲပါ “Asean Mulls Assistance for Myanmar Rohingya” ကိုဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံတွင် ဝိုင်းဝန်းနှိပ်ကွပ်မှုများနှင့် ရင်ဆိုင်နေရသည်ဆိုသော ရိုဟင်ဂျာ ဒုက္ခသည်များအတွက် လူသားချင်းစာနာ ထောက်ထားသော အကူ အညီများ ပေးအပ်ရန် အာဆီယံ အဖွဲ့အနေဖြင့် စဉ်းစားလျက်ရှိကြောင်း ယင်းအဖွဲ့၏ ထိပ်တန်းအကြီးအကဲက သြဂုတ်လ ၈ရက်နေ့တွင် ပြောကြားသည်။

အာဆီယံ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်က ဇွန်လအတွင်း စတင်ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ပြဿနာအတွက် အဖြေရှာ ရာတွင် အာဆီယံအဖွဲ့အနေဖြင့် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သင့်ကြောင်း ပြောကြားသည်။

"မြန်မာနိုင်ငံမှာ နာဂစ်ဆိုက်ကလုန်း တိုက်ခိုက်ခဲ့စဉ်က ကျွန်တော်တို့ လုပ်ကိုင်ခဲ့ကြတဲ့အတိုင်း ယခု ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို အာဆီယံအနေနဲ့ ပေးအပ်သင့်တယ်လို့ ရေးသားထားတဲ့ အဆိုပြုလွှာတစ်စောင်ကို အဖွဲ့ဝင်နိုင်ငံတွေဆီ ပေး ပို့ပြီး ဖြစ်ပါတယ်"ဟု မစ္စတာ ဆူရင်ပစ်ဆာဝမ်က သတင်းထောက်များကို ပြောကြားသည်။

သို့သော် အကူအညီ အထောက်အပံ့များ ပေးပို့နိုင်မည့် အဖွဲ့ဝင်နိုင်ငံမှာ မည်သည့်နိုင်ငံ ဖြစ်သည်ဟူသော အချက်ကို အသေးစိတ်ထုတ်ဖော် ပြော ဆိုခြင်း မရှိပေ။ ရိုဟင်ဂျာများကို အကူအညီပေးအပ်ရန် မွတ်စလင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က လိုလားလျက်ရှိကြောင်း၊ အာဆီယံအဖွဲ့ဝင် အဆိုပါနှစ်နိုင်ငံက ရိုဟင်ဂျာများကို တိုက်ရိုက်ကူညီ ထောက်ပံ့ပေးသွားမည်ဟုလည်း ကမ်းလှမ်းထားကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်တိုင်းရင်းသားတို့နှင့် ရိုဟင်ဂျာ ဒုက္ခသည်များအကြား ပဋိပက္ခတွင် လူပေါင်း ၈၀ခန့် သေဆုံးခဲ့သည်ဟု မြန်မာအစိုးရ၏ တရားဝင်ကိန်းဂဏန်းများက ဆိုသော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ သေဆုံးသူဦးရေသည် ထို့ထက်ပိုမို များပြားကြောင်းပြောကြား သည်။

"အာဆီယံအဖွဲ့တစ်ခုလုံးရဲ့ ဥက္ကဌဖြစ်လာတော့မယ့် မြန်မာနိုင်ငံအနေနဲ့ ယခုလိုအရေးကိစ္စမျိုးကို ဘယ်လိုပုံစံနဲ့ ကိုင်တွယ် ဖြေရှင်းနေတယ် ဆို တာကို အားလုံးက အလေးအနက်ထား ကြည့်ရှုနေမှာ ဖြစ်ပါတယ်။ ယခုပြဿနာအတွက် လမ်းပြမြေပုံလည်း မရှိမဖြစ် လိုအပ်ပါတယ်" ဟု မစ္စတာ ဆူရင် ပစ်ဆူဝမ်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာများကို အကူအညီပေးအပ်မည့် နိုင်ငံတကာအေဂျင်စီကြီး သုံးခုအားပိတ်ပင် ကန့်သတ်ခဲ့သည်။ ရိုဟင်ဂျာများမှာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရမှုကြောင့် နိုင်ငံမဲ့ပြည်သူများအဖြစ် သတ်မှတ်ကြောင်း ကုလသမဂ္ဂက ဆိုထားသည်။ မြန်မာ အစိုးရက လူဦးရေရှစ်သိန်းခန့်ရှိသော ယင်းရိုဟင်ဂျာများကို နိုင်ငံခြားသား အဖြစ်ရှုမြင်ပြီး မြန်မာနိုင်ငံသား အများစုကမူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရား မဝင် ဝင်ရောက်လာသူများအဖြစ် ရှုမြင်ကြသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive