Transparency Myanmar

transparency.myanmar@gmail.com

QUOTES AND COMMENTS
Document QUOTES AND COMMENTS

Snapshot of the item below:
QUOTES AND COMMENTS

သတင်းနှင့် ဆောင်းပါးကောက်နှုတ်ချက်များ

“ဒီနေ့မြန်မာပြည်ကိုလာရောက်ရတာက မြန်မာနိုင်ငံအတွက်ဘယ်လိုထောက်ပံ့မှုတွေ ပေးရမလဲဆိုတာ ဒီကလူတွေရဲ့အသံကို နားထောင်ဖို့ သင်ယူဖို့လာရောက်တာလဲပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေဆီက ဘာတွေကြားရမလဲဆိုတာ နားထောင်ဖို့လည်း ပါတယ်။ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ သင်တို့လက်ထဲမှာပဲ ရှိတယ်”

မတ်လ ၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၉)တွင်ပါရှိသော “အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီက မြန်မာနိုင်ငံကို ကူညီမှုတွေအရှိန်မြှင့်မည်”သတင်းမှ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီက အုပ်ချုပ်ရေးမှူး Mr.Rajiva Shah ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ယူအင်န်ကို ဦးစီးဦးဆောင်ပြီးပါဝင်ပေးဖို့ ပြောထားတယ်။ တရုတ်၊ အမေရိကန်တို့လို အင်အားကြီးနိုင်ငံတွေပါဝင်ရင် ဒါတွေက သက်သေတွေ ဖြစ်တယ်”

မတ်လ ၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၉) တွင်ပါရှိသော “အစိုးရနှင့် ကေအိုင်အိုတို့  ပြည်တွင်းမှာ ဆွေးနွေးနိုင်ဖို့  ကြားခံပြည်ပအဖွဲ့လို” သတင်းမှ ကေအိုင်အိုမှ ဦးလနန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပဋိပက္ခတွေကို ထိန်းသိမ်းတဲ့နေရာမှာ မြန်မာနိုင်ငံက ဥပဒေမရှိဘူးဖြစ်နေတယ်။ မအူပင်ကကိစ္စကိုပဲကြည့် ပြည်သူလူထုက သူတို့မြေနေရာ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတယ်။ အဲဒီလို ဆန္ဒပြတော့ အဲဒီနေရာကို ပုဒ်မ ၁၄၄ အရဆိုပြီး လူရှင်းခိုင်းတယ်။ လူမရှင်းပေးတော့ တစ်ဖက်နဲ့တစ်ဖက်အဓိကရုဏ်း အကြီးအကျယ်ဖြစ်တယ်။ ပြန်ကြည့်လိုက်မယ်ဆိုရင် ဒါကပြဿနာကို လက်ပူတိုက်ဖြေရှင်းလို့ ဖြစ်လာတာပဲ၊ ဆန္ဒပြတဲ့လူထုရဲ့ဥပဒေဘောင်အတွင်းက လုပ်ဆောင်ရမယ်ဆိုတဲ့ အသိမရှိသေးတာလည်း ပါတာပေါ့။ ဒါပေမယ့် အခုလိုရုတ်တရက်ကြီး ပုဒ်မကိုင်စွဲပြီး ထိန်းသိမ်းတာတော့ တရားမဝင်ပါဘူး။ အဓိကအချက်ကတော့ ပဋိပက္ခတွေကို ထိန်းသိမ်းဖို့ဥပဒေ မရှိသေးတာပေါ့။”

မတ်လ ၈ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၃) တွင်ပါရှိသော “ပဋိပက္ခနှင့်ဆန္ဒပြမှုများ စစ်အစိုးရလို ထိန်းနေဆဲလား” သတင်းမှ ရှေ့နေများကွန်ရက်မှ ကိုဖိုးဖြူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သူတို့က OIC ရဲ့ဝင်ရောက်စွက်ဖက်မှုတွေကို အဓိကမကျေနပ်ကြတာ။ ဒုက္ခသည်စခန်းတွေ ရှိတဲ့နေရာမှာပဲ အိမ်ဆောက် ပေးလိုက်ရင် အဲဒီလောက် ပြဿနာမရှိဘူး။ အခုဟာက ဒီဘက်မှာရှိတဲ့ မီးလောင်မြေတွေမှာပါ ဆောက်မယ်ဆိုတော့ အဲဒါကို မကျေနပ်ကြတာ။ OIC အနေနဲ့ ကူစရာတွေကူညီပြီးရင် ပြန်ပေါ့။ အဲဒီလိုမဟုတ်ဘဲ အစိုးရကိုအကျပ်ကိုင်တဲ့ ပုံစံနဲ့ဝင်စွက်ဖက် နေတာကတော့ မကောင်းဘူး”

မတ်လ ၈ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၃) တွင်ပါရှိသော “တူရကီမှ လုံးချင်းအိမ်များ ဆောက်လုပ်ပေးမှုအပေါ် စစ်တွေမြို့၌ ကန့်ကွက်ဆန္ဒပြ”သတင်းမှ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအောင်မြတ်ကျော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“၂၀၁၅ အတွက် လျာထားတာတွေက ဒါနဲ့မဆိုင်ပါဘူး။ အဲဒီဟာက လူတွေတော်တော်နားမလည်ကြဘူး။ ၂၀၁၅ အတွက် ဘာမှလျာထားတာ မရှိပါဘူး။ အခုဟာက ညီလာခံကတက်လာတဲ့ အတိုင်းဆက်ပြီးတော့ လုပ်သွားမှာ။ ၂၀၁၅ ကျရင်တော့ ၂၀၁၅ ပေါ။့”

မတ်လ ၁၁ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၀) တွင်ပါရှိသော “အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ်ပါတီဗဟိုညီလာခံက ၂၀၁၅ ရွေးကောက်ခံမည့်  ကိုယ်စားလှယ်ရွေးခြင်းနှင့် မသက်ဆိုင်” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment