Transparency Myanmar

transparency.myanmar@gmail.com

CURRENT AFFAIR
Document CURRENT AFFAIR

Snapshot of the item below:
CURRENT AFFAIR

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးသတင်းများ

  1. မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများအတွက် အီးယူနိုင်ငံနှင့် အတူတကွပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

  2. NLD ပါတီနိုင်ငံရေးလုံးဆိုင်ရာ ညီလာခံကျင်းပခြင်းနှင့်ပတ်သက်၍ NDF ပါတီမှသဝဏ်လွှာပေးပို့

  3. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏  နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပ

  4. အမေရိကန်ထိပ်တန်း အရာရှိတစ်ဦး မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်းလာရောက်မည်


မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုများအတွက် အီးယူနိုင်ငံနှင့် အတူတကွပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး သမိုင်းဝင်အပြောင်းအလဲများ ဆက်လက်အားကောင်း လာနိုင်စေရေးအတွက် အီးယူ-မြန်မာ အတူတကွပူးပေါင်းတည်ဆောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဥရောပကောင်စီဥက္ကဋ္ဌ မစ္စတာ ပာာမင်ဗန်ရွန်ပိုင်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ ပိာုဆေးမန်နျူရယ် ဘာရိုဆိုတို့တွေ့ဆုံစဉ် သဘောတူခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် ဥရောပသမဂ္ဂ(EU)အနေဖြင့် မြန်မာနိုင်ငံရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ခက်မသုံးဖြာနှင့်လည်းကောင်း၊ ရွေးကောက်ပွဲ ကော်မရှင်နှင့်လည်းကောင်း နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည့် အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ဗပာိုဌာနအား ဆက်လက်ထောက်ခံ သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

တရားစီရင်ရေးကဏ္ဍတွင် ဘက်လိုက်မှုကင်းရှင်းသော၊ ထိရောက်မှုရှိသော တရားရေးဆိုင်ရာစနစ်များ တည်ဆောက်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အီးယူက ထောက်ခံသွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် တက်ကြွ၍ လေးစားဖွယ်ကောင်းသော မြန်မာနိုင်ငံအဖြစ်လုပ်ဆောင်ရာတွင် အီးယူနိုင်ငံမှ လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုထ်ပြန် ကြေညာခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများအတွက် အီးယူနှင့် မြန်မာနှစ်ဖက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘော တူညီချက်တစ်ရပ် ရေးထိုးနိုင်ရေးဖြစ်နိုင်ခြေများကို လေ့လာဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် နှစ်ဖက်စလုံး စီးပွားရေးမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် တိကျခိုင်မာသည့်ခြေလှမ်းများ စတင်ရန်နှင့် ကျွမ်းကျင်ထိရောက်သောတုန့်ပြန်မှု စနစ်တစ်ရပ်ကိုတည်ထောင်၍ အရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှု၊ တုန့်ပြန်မှု၊ ကျွမ်းကျင်မှုများနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျယ်ပြန့်သောမူဝါဒဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်မှုတို့ကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ ကြောင်း သိရသည်

ဥရောပသမဂ္ဂ(EU)နိုင်ငံအနေဖြင့် တစ်နိုင်ငံလုံး ဦးစားပေးအစီအစဉ်နှင့် ပတ်သက်သည့်အကူအညီများ တိုးမြှင့်ပေးသွား မည်ဖြစ်ပြီး အနာဂါတ်ကာလ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းချက်များကို အီးယူနိုင်ငံများက ကူညီ သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ပညာရေးကဏ္ဍ တိုးတက်မြင့်မား လာနိုင်စေရေးအတွက်လည်း အီးယူနိုင်ငံမှ ကူညီ ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းများနှင့် မီဒီယာ လွတ်လပ်ခွင့်များအတွက် ဖိနှိပ်မှုများ ဖြေလျော့ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့်အီးယူနိုင်ငံမှ ဖြေလျော့မှုများ ပြုလုပ်ခဲ့သည့် အပြင် GSP/EBA အောက်၌ သက်သာခွင့်ရရှိရေးများ အပါအဝင် အီးယူဈေးကွက်အတွင်း မြန်မာကုန်ပစ္စည်းများ အပာန့်အတား မရှိ ပြန်လည် ဝင်ရောက်လာနိုင်ရေးအတွက် အီးယူမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

YC


NLD ပါတီနိုင်ငံရေးလုံးဆိုင်ရာ ညီလာခံကျင်းပခြင်းနှင့်ပတ်သက်၍ NDF ပါတီမှသဝဏ်လွှာပေးပို့

မတ်လ ၈ ရက်နေ့မှစတင်၍ ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသို့ ၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီမှ မတ်လ ၉ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခံထားရသည့် ပြည်သူလူထု၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒီမိုကရေစီအရေးအတွက် အသက်၊ သွေး၊ ချွေး၊ မျက်ရည်တို့ဖြင့် ရင်းနှီးပေးဆပ်ခဲ့သော်လည်း ယိမ်းယိုင်ခြင်းမရှိဘဲ ပြည်သူအကျိုးအတွက် အစဉ်ရပ်တည်ခဲ့သည့် NLD ပါတီ၏ ခိုင်မာသော ယုံကြည်ချက်နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများမှ တစ်ခဲနက်ထောက်ခံ၍ ဆန္ဒမဲဖြင့် အနိုင်ရရှိခဲ့သည့် အစဉ်အလာကောင်းကို ထိန်းသိမ်း၍ NLD ပါတီအနေဖြင့် အောင်မြင်မှုများ ဆက်လက်ရယူနိုင်ပါစေရန် ဆုမွန်ကောင်းတောင်းအပ်ကြောင်း ဖော်ပြထားသည်။

ထို့အတူ NLD ပါတီနှင့် NDF ပါတီတို့သည် မြန်မာနိုင်ငံရေး ခရီးလမ်းတွင် သေဖော်ရှင်ဖက်များအဖြစ် အတူလက်တွဲ ကြံ့ကြံ့ခံရင်ဆိုင်သည့်အပြင် ဆယ်စုနှစ်နှစ်ခုကျော် ကာလများအတွင်း နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေးမိတ်ဆွေများ၏ တိုင်းပြည်နှင့် ပြည်သူ့အတွက် ကိုယ်ကျိုးမဖက်ဘဲ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုသည် မပြုသည်ဆိုခြင်းများကို NDF ပါတီအနေဖြင့် အငြင်းမပွားလိုသော်လည်း အဆိုပါပုဂ္ဂိုလ်တို့၏ စွန့်လွှတ်အနစ်နာခံမှု၊ စိတ်ဓာတ်နှင့် တန်ဖိုးများမှာမူ သမိုင်းတွင် တင်ကျန်ရစ်မည်သာဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် အမျိုးမျိုးသောဖိနှိပ်မှုများကြားမှ နိုင်ငံရေးတောင်တက် ခရီး ရှည်ကြီးကို အောင်မြင်စွာတက်ရောက် နိုင်ခဲ့ရုံသာမက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ပြည်သူများဆန္ဒကို မျက်ကွယ် မပြုဘဲ ဝင်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်တွင်းသို့ ဝင်ရောက်လာခြင်းကိုလည်း NDF ပါတီအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆို သည့်အပြင် NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းကိုလည်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြောင်း အလေးအနက် ပြောကြားခဲ့သည်။

နောင်လာမည့် မြန်မာနိုင်ငံ၏ အနာဂါတ်တွင် NLD ပါတီမှ မားမားမတ်မတ်ရပ်တည်ကာ အမိနိုင်ငံတော်အား ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အသွင်ကူးပြောင်းလဲများကို ပြည်သူများနှင့်လက်တွဲ၍ လက်တွဲလျှောက်လှမ်းနိုင်ကြပါစေရန် ဆုမွန်ကောင်း တောင်းလိုက်ကြောင်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

 YC


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏  နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပ

၂၀၁၃ မတ်လ ၉ ရက်နေ့တွင်ကျင်းပသည့် NLD ပါတီ၏ တစ်နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ NLD ပါတီဝင် ကိုယ်စားလှယ် ၁၅၀၀ အနက် ဗပာိုကော်မတီဝင် ၁၅၀ ဦးကို ယခင်ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့် ပါတီဝင်အများစုဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဗပာိုကော်မတီဝင်အဖြစ် အရွေးချယ်ခံခဲ့ရသည့် ကိုယ်စားလှယ်များတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်တို့ ပါဝင်ပြီး ကျန် လွှတ်တော်ကိုယ်စားလှယ်များကို အလုပ်အမှုဆောင်အဖြစ် ရွေးချယ် ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ဗပာိုကော်မတီဝင် ၁၂ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ဗပာိုကော်မတီဝင် ကိုးဦး၊ တနင်္သာရီတိုင်းဒေကြီးမှ ဗပာိုကော်မတီဝင် သုံးဦး၊ ရခိုင်ပြည်နယ်မှ ဗပာိုကော်မတီဝင်လေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဗပာိုကော်မတီဝင် ရှစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ်လ ၉ ရက်နေ့ နံနက် ၈ နာရီတွင် ရွှေဂုံတိုင် ရှိ၊ တော်ဝင်နှင်းဆီခန်းမတွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး NLD ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်မှ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ပြောကြားသော အဆိုပါမိန့်ခွန်းတွင် NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံမှ ရွေးကောက်တင်မြှောက်ခံရသော လူသစ်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် စမ်းသပ်မှုကာလ တစ်ခုကို ဖြတ်သန်းရမည် ဖြစ်ပြီး NLD ပါတီကိုလူသစ်များဖြင့် သွေးသစ်လောင်းမည် ဖြစ်သည့်အတွက် လက်ရှိအချိန်ကာလနှင့် ကိုက်ညီသော ခေါင်းဆောင်၊ ပါတီနှင့်သင့်လျော်သော ခေါင်းဆောင်များကို ရွေးချယ်ကြရန် ညီလာခံတက်ရောက်သော ပါတီဝင် ကိုယ်စားလှယ်များအား တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ NLD ပါတီနိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်တွင်းတိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးပါတီ ၁၀၀ ကျော်၊ အမေရိကန်၊ ဗြိတိသျှ၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ အီတလီ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ဗီယက်နမ်သံရုံးများမှ တာဝန်ရှိသူများနှင့် တစ်နိုင်ငံလုံးရှိ NLD ပါတီမှ ကိုယ်စားလှယ်ပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမ၌ NLD ပါတီနိုင်ငံလုံးဆိုင်ရာ အကြို ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ ကျင်းပနေစဉ်အတောအတွင်း ကယားပြည်နယ် ၇ မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် တစ်သောင်းကျော်မှ ပါတီဝင်အဖြစ်မှ နုတ်ထွက်သွားကြောင်းသိရသည်။ ၎င်းတို့နုတ်ထွက်ရခြင်း မှာ ကယားပြည်နယ် NLD ဆိုင်းဘုတ်အား တရားမဝင်ပာုဆိုကာ NLD ပါတီ ဗပာိုတာဝန်ရှိသူ ဦးဥာဏ်ဝင်းမှကန့်ကွက်၍ ဖြုတ်ချ ခိုင်းသည့်ကိစ္စနှင့် လက်ရှိ NLD ပါတီနိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ ကယားပြည်နယ်ကိုယ်စားပြု တက်ရောက်လျက်ရှိသည့် ကိုယ်စားလှယ်များမှာ ပါတီဝင်များကို ကိုယ်စားပြုသည်ပာု မယူဆသည့်အတွက် တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

YC


အမေရိကန်ထိပ်တန်း အရာရှိတစ်ဦး မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်းလာရောက်မည်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ မြန်မာအစိုးရထိပ်တန်း အရာရှိများ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိ Patrick Murphy မှ မကြာမီကာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်း၏ အဆိုပါခရီးစဉ်တွင် အမေရိကန်အစိုးရ၏ မူဝါဒများ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း KIO နှင့်တပ်မတော်တို့၏ ပဋိပက္ခများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ နိုင်ငံတကာကူညီထောက်ပံ့ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ အထက်တန်းအကြံပေးအရာရှိ Patrick Murphy သည် ဘင်္ဂလားဒေ့ရှ်နှင့် ဒက်ကာမြို့များသို့ မတ်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ၊ နေပြည်တော်နှင့် အခြားမြို့များသို့ မတ်လ ၁၃ ရက်နေ့နှင့် ၁၆ ရက်နေ့အထိ၊ ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ထိ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း မတ်လ ၈ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည်။

YC


                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment