Transparency Myanmar

transparency.myanmar@gmail.com

WEEK IN INTERNATIONAL AFFAIR
Document WEEK IN INTERNATIONAL AFFAIR

Snapshot of the item below:
WEEK IN INTERNATIONAL AFFAIR

တစ်ပတ်အတွင်း နိုင်ငံတကာသတင်း။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာအခြေအနေများကို စာဖတ်သူများသိစေရန် အလို့ငှာ Yangon Chronicle မှ စုစည်းတင်ပြအပ်ပါသည်။

သတင်းအဖွဲ့

အငြင်းပွားဖွယ်သမ္မတ သေဆုံး

         Photo Credit By Spy Media

ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် အသက် ၅၈ နှစ်သည် ကင်ဆာရောဂါကို နှစ်နှစ်ကြာခံစားခဲ့ရပြီး နောက် မတ်လ ၅ ရက် နေ့တွင် သေဆုံးသွားခဲ့သည်။ ၎င်းတာဝန်ယူခဲ့သော သမ္မတသက်တမ်း ၁၄ နှစ်အတွင်းတွင် လက်တင်အမေရိကမှ အရှေ့ အလယ်ပိုင်းအထိ ထောက်ခံမှုများ ရရှိခဲ့သည်။ ဟူဂိုချာဗက်ဇ် သေဆုံးသွားပြီးနောက် လစ်လပ်သွားပြီဖြစ်သော သမ္မတနေရာတွင် ဒုတိယသမ္မတ မာဒူဂိုမှာ ရွေးကောက်ပွဲ ပြန်ကျင်းပချိန်အထိ သမ္မတရာထူးကိုယာယီ ထမ်းဆောင်မည်ဖြစ်သည်။

အာဆီယံဒေသတွင်း တင်းမာမှု

လွန်ခဲ့သည့် ရက်သတ္တပတ်က ထိုင်းအစိုးရသည် မွတ်ဆလင်သူပုန်များအား ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သော ဖြစ်ရပ်တွင် မွတ်ဆလင်သူပုန်များနှင့်  ထိုင်းအစိုးရတို့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့၌ သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ယင်းကဲ့သို့ လက်မှတ်ရေးထိုးနိုင်မှုသည် တောင်ပိုင်းဒေသတည်ငြိမ်ရေး ကြိုးပမ်းမှုအတွက် ထူးခြားကြီးမားသော ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။

မလေးရှားနိုင်ငံအရှေ့ပိုင်း ဘော်နီယိုကျွန်းပေါ်ရှိ ဆာဘားပြည်နယ်တွင် မိမိကိုယ်မိမိ ဆူလတန်ဟု အမည်ပေးထားသူ တစ်ဦး၏နောက်လိုက် ဖိလစ်ပိုင်မူဆလင်များ ဝင်ရောက်တိုက်ခိုက်မှုများကြောင့် ၂၆ ဦး ထက်မနည်း သေဆုံးခဲ့ရသည်။ ယင်း ပြည်နယ်သည် ယခင် ဖိလစ်ပိုင်မူဆလင် စူလတန်ဘုရင်ဟောင်းက တရားဝင်ရထိုက်သည့် အမွေခံဒေသဖြစ်သည်ဟု ဆိုကာ မူဆလင်စစ်သွေးကြွ အင်အား ၁၀၀ မှ ၃၀၀ တို့ ဆာဘားကမ်းခြေပေါ်သို့ ရောက်ရှိခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက် နေကြသော လက်နက်ကိုင်တပ်ဖွဲ့များ ဆက်နွယ်မှုအခြေအနေကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က မတ်လ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်နှင့် အခြားလက်နက်ကိုင် တပ်ဖွဲ့ဝင်များကို နှစ်ဆတိုးချထားခွင့် ပြုလုပ်လိုက်ပြီဖြစ်သည်။


ကမ္ဘာ့လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ အီရန်၏ နျူအရေး

လာမည့် ၁၅ နှစ်အတွင်း နျူကလီးယားစွမ်းအင် စက်ရုံများ တည်ဆောက်ရန် သင့်တော်သည့်ယူရေနီယံ သတ္တုသိုက်သစ် ၁၆ ခုကို ရှာဖွေတွေ့ရှိထားသည်ဟု အီရန်အဏုမြူစွမ်းအင်အဖွဲ့က ပြောကြားခဲ့သည်။ အဏုမြူလက်နက်များ လျှို့ဝှက်ထုတ်လုပ် နေသည်ဟူသော စွဲချက်များကို အီရန်က ငြင်းဆန်နေသော်လည်း ပိုမိုတင်းကျပ်လာသော ပိတ်ဆို့မှုများကြောင့် ရေနံအမြတ်ငွေ လျော့ကျကာ စီးပွားရေးကျပ်တည်းလာပြီဖြစ်သည်။

ယင်းကဲ့သို့ အီရန်၏နျူကလီးယားဗုံး ထုတ်လုပ်နိုင်တော့မည့် အနေအထားသည် အစ္စရေးနိုင်ငံအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့ပါသည်။ အီရန်နိုင်ငံအပေါ် ချမှတ်ထားသော သံတမန်နည်းလမ်းများနှင့် ဒဏ်ခတ်အရေးယူမှု နည်းများ မအောင်မြင်ခဲ့လျှင် ပြတ်သားသော စစ်ရေးခြိမ်းခြောက်မှု ရှိရမည်ဟု အစ္စရေးခေါင်းဆောင်က ပြောကြားခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျာမနီတို့ အီရန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် အီရန်အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများအနက် ရေနံမဟုတ်သော ဘဏ္ဍာရေး ငွေကြေးနှင့် ဆိုင်သည့် ပိတ်ဆို့မှုအချို့ကို လျှော့ပေးမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် အီရန်က ၎င်း၏ယူရေနီယံ အဆင့်မြင့် လုပ်ဆောင်မှုများ ကို လေ့လာခွင့်ပြုရမည်ဟု ကမ်းလှမ်းခဲ့သည်ကို စိတ်ဝင်စားကြောင်း ပြသခဲ့သည်။

အမေရိကန် စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး အပြောင်းအလဲများ

အမေရိကန်နိုင်ငံတွင် ကန်ဒေါ်လာ ၁၆.၆ ထရီလီယမ် အထိရှိသောနိုင်ငံတွင် ကြွေးမြီပြဿနာကို ဖြေရှင်းရာတွင် အခွန် အကောက်များ တိုးမြှင့်ရမည်ဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောကြားခဲ့သည်။ ထို့နောက် အစိုးရ၏အသုံးစရိတ်များ လျှော့ချရန် အတွက်လည်း တရားဝင်လက်မှတ်ရေးထိုးခဲ့သည်။ ယင်းကဲ့သို့ ဘတ်ဂျက်ဖြတ်တောက်မှုများကြောင့် အစိုးရ အေဂျင်စီများအနေဖြင့် မတ်လ ၁ မှ အောက်တိုဘာ ၁ ရက်အတွင်း ကန်ဒေါ်လာ ၈၅ ဘီလီယံ လျှော့ချသွားမည်ဖြစ်သည်။ ယင်းမှ ထက်ဝက်ပမာဏကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ကလျှော့ချရမည်ဖြစ်ပြီး ၎င်းကဲ့သို့ ဘတ်ဂျတ်ဖြတ်တောက်မှုကြောင့် ပင်တဂွန်၏ စစ်ဆင်ရေး လုပ်ငန်းများတွင် အခက်တွေ့စေနိုင်သည်။

သမ္မတအိုဘားမားသည် တစ်ဖက်တွင်လည်း မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုအား အပြစ်ပေးနိုင်ရေးအတွက် တရုတ်နှင့် သဘောတူညီမှု ရယူခဲ့သည်။ ယမန်နေ့က အမေရိကန်နှင့်တရုတ်တို့ မြောက်ကိုရီးယားနိုင်ငံအား အရေးယူနိုင်ရေး အတွက် အပြင်းအထန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ကန့်သတ်မှုများပြုလုပ်ရန် သဘောတူညီခဲ့သော်လည်း လုပ်ဆောင်ရမည့် အခြေအနေ၊ အရေးယူရန်ရေးဆွဲမည့် မူကြမ်းနှင့်ပတ်သက်၍ အသေးစိတ်ပြောကြားခြင်း မရှိခဲ့ပေ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဗြိတိန်၊ ပြင်သစ်၊ တူရကီနှင့် အီဂျစ်အပါအဝင် ဥရောပနှင့် အရှေ့ အလယ်ပိုင်းရှိ နိုင်ငံပေါင်း ၉ နိုင်ငံသို့ ၁၁ ရက်ကြာ ခရီးနှင်မည်ဖြစ်သည်။ ၎င်းသည် အာရှအရေးတွင် ပါဝင်စွက်ဖက်ပုံမရဟူ၍ တရုတ်နိုင်ငံက ကျေနပ်ပုံရသည်။ နှစ်နိုင်ငံအကျိုးစီးပွားအရ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှာ နှစ်နိုင်ငံဆက်ဆံရေး မပျက်ပြား စေရန် ထိန်းသိမ်းရမည်ဖြစ်သည်။

              


              

              

                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment