Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (1)
Document ON INTERNATIONAL MEDIA (1)

Snapshot of the item below:
ON INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အမေရိကန်၏ ဝယ်ယူမှုအားကောင်းခြင်းကြောင့် တရုတ်ပို့ကုန်မျှော်မှန်းသည့်ထက်ကျော်

(8 March 2013 ရက်စွဲပါ BBC News မှ China exports beat foreeasts on strong US demand ကို ဘာသာပြန်ဆိုပါသည်)

  1. လာမည့်သက်တမ်းအာဏာရရေးအတွက် NLD ပါတီညီလာခံခေါ်ယူ

(AFP News မှ 9 March 2013 ရက်စွဲပါ “Suu Kyi’s Party meets to draw power” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. အိန္ဒိယမြန်မာရေတပ် ပထမဆုံးအကြိမ်ပူးတွဲလေ့ကျင့်မည်

(Deccan Herald မှ 9 march 2013 ရက်စွဲပါ “1st Indian-Myanmar naval exercise” သတင်းကိုဘာသာပြန်ဆိုပါသည်)


အမေရိကန်၏ ဝယ်ယူမှုအားကောင်းခြင်းကြောင့် တရုတ်ပို့ကုန်မျှော်မှန်းသည့်ထက်ကျော်

(8 March 2013 ရက်စွဲပါ BBC News မှ China exports beat foreeasts on strong US demand ကို ဘာသာပြန်ဆိုပါသည်)

တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ဖေဖော်ဝါရီလက မျှော်မှန်းသည်ထက် ပိုခဲ့ခြင်းကြောင့် ၎င်း၏ စီးပွားရေးပြန်လည် ကောင်းမွန်လာရေးအတွက် အကောင်းမြင်မှုကို ပိုမိုဖြစ်စေပါသည်။

သင်္ဘောတင်ပို့မှုများသည် အမေရိကန်နှင့် အရှေ့တောင်အာရှတို့၏အားကောင်းလာသော ဝယ်ယူအားကြောင့် လွန်ခဲ့သော တစ်နှစ်ကထက်စာလျှင် ၂၁.၈% တိုးတက်လာခဲ့ပါသည်။ လေ့လာသူအများစုက ၁၅% တိုးတက်ရန်သာ မျှော်မှန်းခဲ့ပါ သည်။

တရုတ်နိုင်ငံ၏ ကြီးထွားမှုအတွက် အဓိကမောင်းနှင်အားဖြစ်သော ပို့ကုန်သည် မကြာသေးမီက အဓိကဈေးကွက်များ ဝယ်ယူမှုနှေးကွေးသွားခြင်းကြောင့် ထိခိုက်ခဲ့ရပါသည်။

လေ့လာသူများက ပြောကြားရာတွင် တရုတ်နှစ်သစ်ကူးကြောင့် ကိန်းဂဏန်းများ တိကျမှုမရှိနိုင်ကြောင်း သို့သော် လမ်းကြောင်းမှာမူ ပြန်လည်ကောင်းမွန်ရေးအတွက် ဦးတည်နေသည်ဟုဆိုပါသည်။

“ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလပို့ကုန်တွေကတော့ အားကောင်းပါတယ်။ ဒါကိုကြည့်ရင် ပြန်လည်သန်စွမ်းလာမည့် လမ်းကြောင်းလို့ ပြောနိုင်ပါတယ်” ဟု ဟောင်ကောင်ရှိ Daiwa မှ စီးပွားရေးပညာရှင် Sun Chi က ပြောပါသည်။

သို့သော် သွင်းကုန်များတွင်မူ အကြီးအကျယ်ကျဆင်းသွားခဲ့ရာ လွန်ခဲ့သော တစ်နှစ်ကထက်စာလျှင် ၁၅.၂% ကျဆင်း သွားခဲ့ပါသည်။

လေ့လာသူများကပြောကြားရာတွင် တရုတ်နိုင်ငံတွင် တရုတ်နှစ်သစ်ကူးကျင်းပသဖြင့် စက်ရုံများနှင့်စီးပွားရေး လုပ်ငန်းများ ရက်အတန်ကြာ ပိတ်ခြင်းသည်လည်း ထိုသို့ကျဆင်းရခြင်း၏ အဓိကအချက်ဖြစ်သည်ဟု ဆိုပါသည်။

ပြီးခဲ့သည့်နှစ်က တရုတ်နှစ်သစ်ကူးသည် ဇန်နဝါရီလတွင် ဖြစ်သော်လည်း ယခုနှစ်တွင် ဖေဖေဝါရီလ၌ ကျင်းပခြင်း ဖြစ်ပါ သည်။ ဆိုလိုသည်မှာ စက်ရုံများသည် ဖေဖဝါရီလတွင် ရက်အနည်းငယ်သာ လည်ပတ်သည်ဟူ၍ ဖြစ်ပါသည်။

“စက်ရုံတွေက ရက်နည်းနည်းပဲ လည်ပတ်ကြတော့ ကုန်ကြမ်းကိုလည်း လျှော့ပြီးတင်သွင်းပါတယ်”ဟု ဟောင်ကောင်ရှိ Credit Agriocle CIB မှ စီးပွားရေးပညာရှင် Dariusz Kowalczyk ကပြောပါသည်။

“ဒါ့ကြောင့်မို့ လက်တွေ့လုပ်ဆောင်မှု ပမာဏကိုကြည့်ချင်ရင် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ နှစ်လရဲ့ ကိန်းဂဏန်းတွေကို ပေါင်းကြည့် မှ သိနိုင်ပါမယ်”ဟု ၎င်းက ဆိုပါသည်။

Mr Kowalczyk ကပြောကြားရာတွင် အဆိုပါနှစ်လ၏ ကိန်းဂဏန်းစုစုပေါင်းသည် လွန်ခဲ့သည့်နှစ် ကထက်စာလျင် သွင်းကုန်တွင် ၅.၁% တက်လာသည်ကို တွေ့ရသည်ဟု ဆိုပါသည်။

ဖေဖော်ဝါရီလတွင် ပို့ကုန်များတက်လာရာ၌ အကယ်၍သာ စက်ရုံများ တစ်လလုံးလည်ပတ်ခဲ့ပါက ထိုထက်ပို၍ တက်လာ နိုင်ကြောင်း ၎င်းကပြောပါသည်။


လာမည့်သက်တမ်းအာဏာရရေးအတွက် NLD ပါတီညီလာခံခေါ်ယူ

(AFP News မှ 9 March 2013 ရက်စွဲပါ “Suu Kyi’s Party meets to draw power” သတင်းကို ဘာသာပြန်ဆိုပါသည်)

၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ ကြီးမားသောစိန်ခေါ်မှုများကို ရင်ဆိုင်နေရသော အတိုက်အခံ NLD ပါတီသည် အတွေ့ အကြုံနည်းသော်လည်း လူကြိုက်များရေပန်းစားနေမှုကို ပြန်လည်အသက်သွင်းရန် အရေးကြီးသောအခွင့်အရေးကို ဖမ်းဆုပ်သည့် အနေဖြင့် သမိုင်းဝင်ညီလာခံကို သောကြာနေ့က ဖွင့်လှစ်လိုက်ပါသည်။ ကြီမားသော လူထုထောက်ခံမှုအားကို ကြောက်ရွံ့သော တပ်မတော်အစိုးရ၏ နှစ်ပေါင်းများစွာ ပိတ်ပင်နှိပ်ကွပ်မှုကိုခံခဲ့ရသည့် ဒီမိုကရေစီခေါင်းဆောင်၏ NLD ပါတီသည် ယခုအခါ အရွယ်လွန်ထိပ်တန်းခေါင်းဆောင်များ၏ နေရာတွင်သွေးသစ်များဖြင့် အစားထိုးရန်နှင့် ပြင်ပကျွမ်းကျင်သူများ၏ အကူအညီကို ယူရန် ဝိုင်းဝန်းတိုက်တွန်းခြင်း ခံနေရသည်။

အကယ်၍ လာမည့်ရွေးကောက်ပွဲသာ လွတ်လပ်မျှတမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၏ လူကြိုက်များမှု အင်အားဖြင့် NLD ပါတီအနိုင်ရရှိကာ စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီသို့ အသွင်ကူးပြောင်းမှုကို ဦးဆောင်နိုင်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြသည်။

သို့သော်လည်း အခြေခံ အဆောက်အဦးစနစ် တည်ဆောက်ခြင်း၊ စီးပွားရေး အင်ဂျင်နှိုးခြင်း၊ ဥပဒေစနစ် ပြန်လည် ရေးဆွဲ ခြင်း၊ လစ်လျုရှုခံ ပညာရေးနှင့် ကျန်းမားရေးကဏ္ဍကို အားသစ်လောင်းခြင်းတို့ အပါအဝင် ဆင်းရဲသောနိုင်ငံ စီမံခန့်ခွဲရေးတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများအတွက် အတိုက်အခံပါတီ အဆင်သင့်ဖြစ်နေပြီ ဟူသောအချက်ကို ကျွမ်းကျင်သူပညာရှင်အချို့က သံသယရှိနေကြသည်။

“ဒါဟာNLD အတွက်တော့ အမှောင်ထုထဲက ထွက်လာပြီလား၊ နိုင်ငံကိုဦးဆောင်ဖို့ ထိုက်တန်ပြီလားဆိုတာကို စမ်းသပ်ံ ရမယ့် အခြေအနေပါပဲ” ဟု အမည်မဖော်လိုသူ မြန်မာနိုင်ငံရေး အကဲခတ်တစ်ဦးက ပြောကြားသည်။

“တစ်ကယ်လို့ NLD ပါတီဟာ လာမယ့်သက်တမ်းမှာ အစိုးရဖြစ်လာမယ်ဆိုရင် ပါတီတွင်းမှာ Capacity Building လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ သူတို့ထဲမှာဒီပွဲကိုက နိုင်တဲ့သူရှိတယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ၎င်းက ဆက်လက်သုံးသပ်ပြောဆိုသည်။

လောလောဆယ်တွင် ၂၀၁၀ ရွေးကောက်ပွဲဝင်ချိန်က စစ်ယူနီဖောင်းချွတ်ခဲ့ကြသော ဗိုလ်ချုပ်ဟောင်းများ ပါဝင်ဖွဲ့စည်း ထားသည့် ပြည်ခိုင်ဖြိုးပါတီ၏ ငွေကြေးအင်အား၊ နိုင်ငံရေးအင်အားကို NLD ပါတီရင်ဆိုင်နေရပါသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် လွှတ်တော်သွားရာလမ်း ပွင့်လင်းစေခဲ့သည့် မနှစ်ကဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီ၏ အလဲထိုးခံလိုက်ရသော ပြည်ခိုင်ဖြိုးပါတီသည်လည်း ပြန်လည်အနိုင်ယူနိုင်မည့် မဟာဗျူဟာသစ်ကို ရှာဖွေနေပါသည်။

ပြည်တွင်းမှ လေ့လာစောင့်ကြည့်သူတစ်ဦးက “NLD ပါတီရဲ့ စွမ်းဆောင်နိုင်စွမ်းကို မေးခွန်းထုတ်သင့်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လက်ရှိ အစိုးရဟာလည်း ဦးသန်းရွှေ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးကို ဦးထိပ်ထားပြီး စစ်တပ် အာဏာဖြေးဖြေးချင်းစွန့် ဒီမိုကရေစီကို တရွေ့ရွေ့သွားဆိုတဲ့ မဟာဗျူဟာလမ်းကြောင်းအတိုင်း သွားနေရတာပါ။ ပွင့်ပွင့် လင်းလင်းပြောရရင် နှစ်ဖက်စလုံးမှာဟာကွက်တွေ ရှိနေပါတယ်။ ဒါ့ကြောင့် ပြည်သူ့သဘောထားကို ဘက်မလိုက်တမ်း ဖော်ထုတ် တင်ပြမယ့် မီဒီယာမဏ္ဍိုင် အားကောင်းခိုင်မာဖို့က ပိုပြီးအရေြးံကီးပါတယ်”ဟု မှတ်ချက်ပေးပြောဆိုသည်။

NLD ပါတီ၏ ၃ ရက်ကြာ ညီလာခံသို့ ပါတီဝင်ကိုယ်စားလှယ် ၈၅၀ ခန့် တက်ရောက်ကြမည်ဟု ခန့်မှန်းရသည်။


အိန္ဒိယမြန်မာရေတပ် ပထမဆုံးအကြိမ်ပူးတွဲလေ့ကျင့်မည်

(Deccan Herald မှ 9 march 2013 ရက်စွဲပါ “1st Indian-Myanmar naval exercise” သတင်းကိုဘာသာပြန်ဆိုပါသည်)

အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးအကြိမ် ရေတပ်စစ်ရေးလေ့ကျင့်မှုကို ပြုလုပ် ကြတော့မည်ဖြစ်ရာ ဘီဂျင်းလက်မှလွတ်ရန်အတွက် နယူးဒေလီနှင့် အပေါင်းအသင်းလုပ်ရန် နေပြည်တော်ကလိုလားကြောင်း ပြသ လိုက်ခြင်းပင်ဖြစ်သည်။

မြန်မာရေတပ်မှ ဖရီးဂိတ်နှင့်ကောဗက် စစ်သင်္ဘောနှစ်စင်းသည် ဗီဆာကာပတ္တနမ်သို့ စနေနေ့တွင် ရောက်ရှိကာ နောက်ထပ် ၄-၅ ရက် နေထိုင်ကြမည်ဖြစ်ပြီး ထိုအတောအတွင်း အိန္ဒိယအရှေ့ပိုင်းရေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်ကြမည်ဟု သတင်းများက ဆိုသည်။

ထို့နောက်တွင် မြန်မာစစ်သင်္ဘောနှစ်စင်းသည် အိန္ဒိယစစ်သင်္ဘောနှစ်စင်းနှင့်အတူ ကိုကိုးကျွန်း အနီးတဝိုက်ဧရိယာကို ပူးတွဲကင်းလှည့်မှု ပြုလုပ်ကြဖွယ်ရှိသည်။ ကိုကိုးကျွန်းစုများတွင် တရုတ်ရေဒါစခန်းတစ်ခု ရှိသည်ဟုအများစုက ယုံကြည်ထားကြ သည်။ သို့သော် အိန္ဒိယရေတပ်နှင့် မြန်မာရေတပ် နှစ်ဖွဲ့စလုံးက အဆိုပါခန့်မှန်းချက်ကို ငြင်းဆိုခဲ့ကြသည်။

ယခု ပူးတွဲကင်းလှည့်မှုသည် ကိုကိုးကျွန်းနှင့်ပတ်သက်သည့် အငြင်းပွားစရာများနှင့် မသက်ဆိုင်ပဲ ၎င်းဧရိယာသည် အိန္ဒိယနှင့် မြန်မာရေပြင် နယ်နိမိတ်များနှင့် နီးကပ်သောကြောင့်သာဖြစ်ပြီး၊ တရားမဝင် ငါးခိုးဖမ်းသူများ၊ မှောင်ခိုစက်လှေများနှင့် သူပုန်အုပ်စုများကို ကင်းလှည့်ရှာဖွေကြမည်ဟု သိရှိရသည်။

တရုတ်သြဇာ သိသိသာသာ လွှမ်းမိုးမှုရှိနေသော မြန်မာနိုင်ငံသို့ လမ်းပွင့်သွားစေရန်အတွက် ဇန်နဝါရီလက အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ လာရောက်ခဲ့ပြီးနောက်တွင် ယခုလိုနှစ်နိုင်ငံ ပူးတွဲလေ့ကျင့်မှုအစီအစဉ် ပေါ်ထွက် လာခြင်းဖြစ်သည်။

ပြီးခဲ့သော ၁၈ လအတွင်း အိန္ဒိယစစ်တပ် ဦးစီးချုပ် ၃ ဦးမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေး ခိုင်မာစေလိုသော အိန္ဒိယနိုင်ငံ၏ဆန္ဒကို ပြသနေပါသည်။ ဆယ်စုနှစ် တစ်စုနီးပါးခန့်အတွင်း မြန်မာနိုင်ငံသည် အိန္ဒိယစစ်တပ် ဦးစီးချုပ်များနှင့် စစ်ဖက်တာဝန်ရှိသူများ မကြာခဏသွားရောက်လည်ပတ်ရာ နေရာတစ်ခုဖြစ်နေခြင်းသည် အိန္ဒိယ စစ်ရေးမဟာဗျူဟာတွင်  မြန်မာနိုင်ငံအရေးပါ မှုကို ညွှန်ပြနေသည်။

ပါကစ္စတန် ဂွါဒါ ဆိပ်ကမ်း၊ သီရိလင်္ကာ ဟမ်ဘန်တိုတာဆိပ်ကမ်း၊ မြန်မာစစ်တွေ ဆိပ်ကမ်းတို့ကိုအသုံးပြုကာ အိန္ဒိယကို စောင့်ကြည့်ရန် စီစဉ်ထားသည်ဟု ယူဆရသော တရုတ်တို့၏ ပုလဲကုံးမဟာဗျူဟာတွင် စစ်တွေဆိပ်ကမ်းကို ထည့်သွင်းထားသည် ဟု ယုံကြည်ရသည်။

မကြာသေးမှီက ပါကစ္စတန်ဂွါဒါဆိပ်ကမ်း စီမံခန့်ခွဲမှုကို တရုတ်တို့ရရှိခဲ့ခြင်းသည် အိန္ဒိယအစိုးရအတွက် အထူး စိုးရိမ်စရာ ကိစ္စ တစ်ခုဖြစ်သည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး အန်တိုနီက သတ်မှတ်ထားသည်။ ဂွါဒါဆိပ်ကမ်းသည် ဟော်မုစ် ရေလက်ကြား နှင့် ကီလိုမီတာ ၄၀၀ အကွာ ပါဂုန်ပင်လယ်ကွေ့အဝတွင် တည်ရှိသည်။ ဟော်မုစ် ရေလက်ကြားသည် သော့ချက်ကျသော ကမ္ဘာ့ ရေနံပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်သည်။


 

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   

              

                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment