Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

ရန်ကုန်တွင် စာချုပ် ၅ ခုလက်မှတ်ထိုး၍ စင်္ကာပူ-မြန်မာဆက်ဆံရေးကို တိုးမြှင့်

(Channel News Asia မှ 4 Apr 2013 ရက်စွဲပါ “Fire pacts inked in Yangon, boosting Singapore-Myanmar ties”သတင်းကိုဘာသာပြန်ဆိုသည်)

ကြာသပတေးနေ့က ရန်ကုန်တွင် သဘောတူစာချုပ် ၅ ခုပါဝင်သော ပုဂ္ဂလိကကဏ္ဍလက်တွဲမှုများသည် တယ်လီဖုန်းဆက်သွယ်ရေးနှင့် ပာိုတယ်လုပ်ငန်းကဲ့သို့သော နယ်ပယ်များနှင့် သက်ဆိုင်ပါသည်။

ယခုလက်မှတ်ထိုးမှုများတွင် ပါဝင်သော မြန်မာကုမ္ပဏီတစ်ခုမှာ အမရာ Amara Bank ၏ကုမ္ပဏီခွဲ Amara Hospitality Capital ဖြစ်ပြီး ၎င်းကုမ္ပဏီသည် ရန်ကုန်တွင် ပာိုတယ်သစ်တစ်ခုကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

လက်ရှိ ရန်ကုန်ပာိုတယ်လုပ်ငန်းတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသူမှာစင်္ကာပူနိုင်ငံဖြစ်ပြီး၊ ရန်ကုန်မြို့၏ အကြီးဆုံး နိုင်ငံတကာ ပာိုတယ်များဖြစ်သော Park Royal, Sedona နှင့် Traders ပာိုတယ်တို့ကို လုပ်ကိုင်လျက်ရှိသည်။

ယခုကဲ့သို့ ပုဂ္ဂလိကကဏ္ဍလက်တွဲမှုများသည် ရင်းနှီးမြှုပ်နှံခြင်း၊ ဗပာုသုတမျှဝေခြင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုတွင် ပါဝင်လိမ့်မည်ပာု International Enterprise (IE) Singapore ကဆိုပါသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးရန် ခေါင်းပြူလာမှုကိုစိတ်ဝင်စားသည့်အလျောက် ရန်ကုန်မြို့တွင် IE Singapore ၏ Overseas Centre ဖွင့်လှစ်ခြင်းမှာ အချိန်ကိုက်ပင်ဖြစ်ပါသည်။

အဆိုပါ Centre သည် စက်မှုနှင့် မြို့ပြဖွံ့ဖြိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ဖြန့်ဖြူးရေးကဲ့သို့ကဏ္ဍများတွင် စင်္ကာပူနှင့် မြန်မာအကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတို့ကို လွယ်ကူချောမွေ့စေမည်ဖြစ်သည်။

ထို့အပြင် အာရှနှင့်ကမ္ဘာသို့ ခြေဆန့်လိုသော မြန်မာကုမ္ပဏီများ စင်္ကာပူတွင် အခြေစိုက်ရာတွင်လည်း ကူညီပံ့ပိုးပေးမည်ပာု IE Singpore ကဆိုသည်။

မြန်မာနိုင်ငံရောက် စင်္ကာပူသမ္မတ တိုနီတန်ကဖွင့်လှစ်ပေးခဲ့သော ရန်ကုန်မြို့ Centre သည် IE Singpore ၏ ၃၇ ခုမြောက် ကမ္ဘာစင်တာခွဲတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှတွင် ၇ ခုမြောက် စင်တာဖြစ်လာပါသည်။

IE Singapore ၏စီအီးအို တိုအင်ချောင်းက “ဒီကနေ့ မြန်မာနိုင်ငံရောက် စင်္ကာပူကုမ္ပဏီတွေပာာ ကဏ္ဍများစွာက အခွင့်အလမ်းတွေကို လေ့လာနေကြပါတယ်။ ဒီနေရာမှာ မှန်ကန်တဲ့ ရှုမြင်မှုနဲ့ အဆက်အသွယ်ရှိမယ်ဆိုရင် ဒီစိတ်ဝင်စားမှုကို အရေးကြီးတဲ့ ကဏ္ဍတွေမှာ ခိုင်မာတဲ့စီမံကိန်းအဖြစ် ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ IE Singapore အနေနဲ့ ကုမ္ပဏီတွေ အတူတကွလုပ်ဆောင်နိုင်အောင် အားပေးသွားမှာဖြစ်ပြီး ပြည့်စုံတိကျတဲ့ ဖြေရှင်းနည်းတွေကို ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ ဒါက ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီဈေးကွက်မှာ အရေးပါတဲ့လှေကားထစ်ကို ဖန်တီးပေးမှာပါ”ပာု ရှင်းလင်းပြောဆိုသွားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment