Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“သမ္မတကြီးပြောခဲ့တဲ့ မိန့်ခွန်းတွေနဲ့ သူရဲ့ဦးတည်ချက်တွေ၊ ရည်ရွယ်ချက်တွေကို ကျွန်တော်တို့ထောက်ခံတယ်ဆိုတဲ့ အကြောင်း ဖော်ဆောင်ခြင်းအနေနဲ့ One Myanmar ဆိုတဲ့အစီအစဉ်လေးကို စိတ်ဝင်စားလို့ ကျွန်တော်တို့ ပူးပေါင်းတာပါ။ အဓိက ကတော့ မိတ္ထီလာအရေးအခင်းဖြစ်သွားပြီးတော့ နောက်ဆက်တွဲပေါ့နော်။ ပြည်သူတွေအနေနဲ့ ဘယ်လိုနေထိုင် သင့်တယ်၊ ဘာဖြစ်သင့်တယ်။ ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိ အခြေအနေမှာ ဘယ်လိုဆက်ပြီး ဘယ်လိုသွားသင့်တယ် စသည်ဖြင့်ပေါ့။ သမ္မတကြီးပြောတဲ့ မိန့်ခွန်းတွေကို ကျွန်တော်တို့က ထောက်ခံတာပါ”

ဧပြီလ ၂၄ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၅) အမှတ် (၁၆) တွင်ပါရှိသော “နိုင်ငံတော်သမ္မတကို ထောက်ခံသောအနေဖြင့် One Myanmar အဖွဲ့လမ်းလျှောက်” သတင်းမှ လမ်းလျှောက်မှုတွင်ပါဝင်သော ကိုရဲ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဆန္ဒပြဖို့လျှောက်လွှာတင်ထားတဲ့လူတွေအကုန်လုံး တရားစွဲခံရတယ်။ လျှောက်လွှာတင်တော့ သူတို့က တရားဝင်ချမပေးဘူး။ အဲဒါကို ပြည်နယ်မှာအယူခံဝင်ခိုင်းတယ်။ ပြည်နယ်ကလည်း မချပေးဘူး။ ဒါပေမဲ့ ဆန္ဒပြဖို့ မချပေးလည်း ကျွန်တော်တို့က ပြဖို့စီစဉ်ပြီးသား။ ကျွန်တော်တို့ဒေသခံတွေဆိုတော့ ခံစားရတာ ရင်ထဲမှာ အပြည့်ဖြစ်လာတာကြောင့် ဆန္ဒပြရတာပါ။ အားလုံး ၁၀ ယောက် တရားစွဲခံထားရတယ်။ ပုဒ်မ ၁၈ နဲ့စွဲထားတယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ ပုဒ်မ ၁၈ ကသူတို့ပြောတာပါ။ ကျွန်တော်ငြိမ်နေလည်း သူတို့က ပုဒ်မတွေ ထပ်ပြီးတပ်ချင်တပ်နေမှာ။ နောက်ပြီးတော့ သူတို့က ဒီကိစ္စကိုနောက်ကွယ်ကနေ ဘယ်သူတွေ မြှောက်ပေးတာလဲဆိုတာတွေရော လိုက်စုံစမ်းနေကြတယ်။ အထူးသဖြင့် ကျွန်တော့ကို ပုဒ်မများများတပ်ရင် တပ်မှာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်က တရုတ်တွေကို သူတို့အမြင်မှာ ဒုက္ခတွေပေးနေတယ် ဆိုပြီးတော့ ကျွန်တော့်ကို ပိုပြီးစွဲမှာပါ။ ကျွန်တော်တို့ နောက်ကွယ်မှာ ဘယ်သူမှမရှိပါဘူး။ ဒေသခံတွေရဲ့ တကယ့် ခံစားရ တဲ့ ခံစားချက်ကို ရင်ဖွင့်ပြီးဆန္ဒပြတာပါ”

ဧပြီလ ၂၄ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၅) အမှတ် (၁၆) တွင်ပါရှိသော “မဒေးကျွန်းဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ-တရုတ် ရေနံပိုက်လိုင်းသည် အကျိုးရှိသည့် စီမံကိန်းဟု တရုတ်ဘက်မှ ပြန်လည်ရှင်းလင်း” သတင်းမှ ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဦးထွန်းကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက လာမယ့် ရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်အောင် အတက်နိုင်ဆုံးလွတ် လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီအတွက် မဲစာရင်းမှားယွင်းမှုတွေမရှိ အောင် အမှားအနည်းဆုံး ဖြစ်အောင် လုပ်ပါမယ်။ မဲစာရင်းတွေ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါ တယ်လို့ ပြောပါတယ်”

ဧပြီလ ၂၃ ရက်နေ့ထုတ် True News ဂျာနယ် အတွဲ (၅) အမှတ် (၂၇) တွင်ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲစာရင်း ပြုစုရာတွင် အမှားအယွင်းနည်းအောင် ဆောင်ရွက်သွားမည်ဟုဆို” သတင်းမှ ရွေးကောက်ပွဲ ကော်မရှင်  ဥက္ကဋ္ဌဦးတင်အေး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“စစ်တပ်နဲ့ အတူတူ ညှိနှိုင်းပြီး လုပ်ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေက အတိုင်း အတာတစ်ခု ရောက်ပြီလားလို့ မေးကြပါတယ်။ အဖြေကရှင်းပါတယ်။ အပြောင်းအလဲတွေကို စစ်တပ်က လက်ခံရင် ပြောင်းလဲမှုတွေက တစ်ခါတည်း ဖြစ်လာမှာပါ”

ဧပြီလ ၂၃ ရက်နေ့ထုတ် True News ဂျာနယ် အတွဲ (၅) အမှတ် (၂၇) တွင်ပါရှိသော “စစ်တပ်၏ သဘောတူညီချက် ရယူပြီး အခြေခံဥပဒေပြင်ဆင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အဓိကကတော့ အစိုးရဘက် ၀န်ကြီးတွေဘက်ကလည်း သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ကိစ္စ တွေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ကိစ္စတွေ။ နောက်ပြီးတော့ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေဘက် က ကူညီနိုင်တဲ့ကိစ္စတွေကို ကျနော်တို့ ကျနော်တို့ ဆွေးနွေးတယ်။ နောက်ပြီးတော့ ဒီဘက်က မြန်မာအသိုင်းအ၀ိုင်းဘက်ကလည်း လူငယ်အများစု ကတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့နဲ့ ပါဝင်ချင်တဲ့ ဆန္ဒနဲ့ ပြောတယ်။ အထူးသဖြင့်တော့ ကိုလံဘီယာ တက္ကသိုလ်မှာ တက်နေတဲ့ မြန်မာကျောင်းသား ၁၀ ယောက် ကျော်လောက် သူတို့ အုပ်စုလိုက်လာပြီးတော့ ဆွေးနွေးပွဲမှာ လာဆွေးနွေးတာရှိပါတယ်။ အဲဒီတော့ လူငယ်တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မှု၊ တိုင်းရင်းသားလူငယ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာလို နေရာမျိုးမှာ ဆွေးနွေးနိုင်မှုတွေကို ၀န်ကြီးအနေနဲ့ အားလုံးကို သဘောတူတယ်။ သူလည်း အတတ်နိုင်ဆုံး ၀ိုင်းကူပေးမယ်။ လူငယ်တွေရော လူကြီးတွေရောကိုလည်း ကြိုဆိုတယ်ပေါ့နော်။”

ဗီအိုအေ သတင်းဌာနတွင်ပါဝင်သော “ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက်မြန်မာများနှင့် တွေ့ဆုံ” သတင်းမှ  ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

ပြည်တွင်းခရီးသွားလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသားများဖက်စပ်လုပ်ပိုင်ခွင့်ပြုခြင်း ပယ်ဖျက်ပေးရန် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပ

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများတွင် နိုင်ငံသားခြားသားများ အားဖက်စပ် လုပ်ကိုင်ခွင့်ပြု သည့် အမျိုးအစားမှပယ်ဖြတ်၍   နိုင်ငံခြားသားများအား ခွင့်မပြုသည့်လုပ်ငန်းစာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုသွားမည်ဟု မြန်မာနိုင်ငံ တိုင်းရင်းသား ခရီးသွားလုပ်ငန်း ကော်မတီဝင် ဦးအေးကျော်မှ ပြောကြားခဲ့သည်။ထိုသို့လုပ်ကိုင်ခွင့် မပြုသည့်စာရင်းတွင် ထည့်သွင်းရာ၌ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြောငြာစာများတွင် ပြဌာန်းဆောင်ရွက်ပေးရန် အတွက် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပခဲ့ကြောင်းသိရသည်။

 

တိုင်းရင်းသားမီဒီယာကဏ္ဍမြင့်မားရေး ကွန်ဖရင့်တစ်ခုကျင်းပပြုလုပ်မည်

တိုင်းရင်းသားများ၏ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား လွတ်လပ်ခွင့်နှင့် ဥပဒေ ကြောင်း အရ အသိအမှတ်ပြုမှုရရှိရေးတို့အတွက် ဧပြီလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြို့၊ ကမ်းနားပိာုတယ်၌ တိုင်းရင်းသား မီဒီယာကွန်ဖရင့်တစ်ခုကို သုံးရက်ကြာ ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ကွန်ဖရင့်တွင် မီဒီယာများ၌ တိုင်းရင်းသားများ အကာအကွယ်ရရန်၊ စာနယ်ဇင်းကောင်စီတွင် တိုင်းရင်းသားကိုယ်စား ပြုသည့် ကိုယ်စား လှယ်များ ပါဝင်ခွင့်ရရှိရန်၊ တိုင်းရင်းသားဒေသများတွင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး နှင့်ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် တိုင်းရင်းသားမီဒီယာများ၏ အခန်း ကဏ္ဍ မြင့်မားရေး တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

KIO နှင့်ဆွေးနွေးပွဲပျက်ပြယ်ရခြင်းမှာ တရုတ်ကြောင့်ဖြစ်ကြောင်း ဝန်ကြီး တစ်ဦးပြောကြား

ဧပြီလ သင်္ကြန်မတိုင်မီကာလအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIO)နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲရွှေ့ဆိုင်းရခြင်းမှာ တရုတ် အစိုးရ၏ကန့်ကွက်မှုများနှင့် ပါဝင်ပတ်သက်မှုများ ကြောင့်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ ဥရောပနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်တွင် RFA သတင်းဌာနသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းဌာနများတွင် ဖော်ပြလျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားရခြင်းမှာ ထောက်ပံ့ပို့ဆောင် စီမံမှုများ ကြောင့်သာဖြစ်ပြီး ပြည်တွင်းဂျာနယ်များတွင် ဖော်ပြသကဲ့သို့ တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများကြောင့်မပာုတ်ကြောင်း ငြင်းဆိုထားသည်။

 

 တိုင်းရင်းသားမီဒီယာကဏ္ဍမြင့်မားရေး ကွန်ဖရင့်တစ်ခုကျင်းပပြုလုပ်မည်

တိုင်းရင်းသားများ၏ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား လွတ်လပ်ခွင့်နှင့် ဥပဒေကြောင်းအရ အသိအမှတ်ပြုမှု ရရှိရေးတို့အတွက် ဧပြီလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြို့၊ ကမ်းနားပိာုတယ်၌ တိုင်းရင်းသား မီဒီယာကွန်ဖရင့်တစ်ခုကို သုံးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကွန်ဖရင့်တွင် မီဒီယာများ၌ တိုင်းရင်းသားများ အကာအကွယ်ရရန်၊ စာနယ်ဇင်းကောင်စီတွင် တိုင်းရင်းသား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိရန်၊ တိုင်းရင်းသားဒေသများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍမြင့်မားရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆွေးနွေးဖလှယ်ပွဲ ပြုလုပ်မည်

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင် ရွက်နိုင်ရန်နှင့် တက်နိုင်သည့်အခန်းကဏ္ဍမှ ပါဝင်ပူးပေါင်းနိုင်ရန် ရည်ရွယ်၍ “မြန်မာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့် စင်္ကာပူရောက် မြန်မာတက်သိပညာရှင်၊ ကျွမ်းကျင်သူများ၏“ အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့် စင်္ကာပူနိုင်ငံရောက်မြန်မာပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များ၏ တွေ့ဆုံဆွေးနွေးဖလှယ်ပွဲတစ်ခုကို စင်္ကာပူနိုင်ငံ(47.Hill Street) ရှိ Auditorium SCCCI တွင် မေလ ၁ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တောင်ကိုရီးယားသို့သွားရောက်

ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွတ်တော်ဥက္ကဌ မစ္စတာကန်ချန်ဟီး၏ ဖိတ်ကြားချက်အရ ဦးရွှေမန်း ဦးဆောင်သော မြန်မာ့လွှတ်တော်ချစ်ကြည်ရေး အဖွဲ့သည် ကိုရီးယားနိုင်ငံသို့ ဧပြီလ ၂၁ ရက်နေ့ည ၁၁ နာရီခန့်တွင် ထွက်ခွာခဲ့ကြောင်းသိရသည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment