Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အမေရိကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးအစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ တိုးတက်မှုတွေ့ရဟု ဆို

(19 April 2013 ရက်စွဲပါ VOA News မှ Scott Stearns ရေးသားသော State Dept rights report: Murder in Syria, progress in Burma ကို ဘာသာပြန်ပါသည်)

  1. EU Sanction အားလုံး ရုတ်သိမ်းပေးရန် မြန်မာ မျှော်လင့်

(IANS မှ 21 April 2013 ရက်စွဲပါ “Myanmar anticipates total lift of EU sanctions”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့ နိုင်ငံတည်ဆောက်ရေးတွင် အစိုးရ၊ ပုဂလိကနှစ်ရပ်လုံး ပံ့ပိုးရမည်

(21 April 2013 ရက်စွဲပါ Japan News မှ Myanmar Nation Building must be supported by govt, private sector သတင်းကို ဘာသာပြန်ဆိုသည်)


အမေရိကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးအစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ တိုးတက်မှု တွေ့ရဟု ဆို

(19 April 2013 ရက်စွဲပါ VOA News မှ Scott Stearns ရေးသားသော State Dept rights report: Murder in Syria, progress in Burma ကို ဘာသာပြန်ပါသည်)

photo credit by online

အမေရိကန် နိုင်ငံခြားရေးဌာနသည် သောကြာနေ့က ကမ္ဘာတဝှမ်း လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက် သော နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အိုဘားမားအစိုးရအနေဖြင့် တိုင်းရင်းသားခွဲခြားမှုမရှိဘဲ ဘာသာရေး ခွဲခြားမှုမရှိဘဲ၊ ကျားမ ခွဲခြားမှုမရှိဘဲ၊ လူသားမျိုးနွယ်ခွဲခြားမှုမရှိဘဲ၊ လိင်မှုဆိုင်ရာများခွဲခြားမှုမရှိဘဲ ရပိုင်ခွင့်များကို အကာအကွယ်ပေးရန် တောင်းဆိုသည်ဟု နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောပါသည်။

ယခုနှစ်အတွက် လူ့အခွင့်အရေး အစီရင်ခံစာထုတ်ပြန်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ပြောကြားရာတွင် ထိုအထဲ၌ ထင်ရှားသောနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ပြီး ၎င်း၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လူ့အခွင့်အရေး အကာအကွယ်ပေးမှု ပိုမိုကောင်းမွန်လာခြင်းသည် အထီးကျန်ခြင်းဖြစ်ခဲ့သည့်နှစ်များကို ပြီးဆုံးစေခဲ့ပြီဟု ဆိုပါသည်။

“ကျွန်တော်တို့ဖြစ်စေချင်တဲ့ နေရာ ရောက်ပြီလားဆိုတော့ မရောက်သေးဘူးလို့ ပြောရမှာပါပဲ။ ဒါပေမယ့် သူဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ ရွေ့နေပါပြီ။ မြန်မာအစိုးရဟာ အများလက်ခံတဲ့ ကမ္ဘာတလွှားက နိုင်ငံတွေနဲ့ပါ ပိုမိုဆက်ဆံလာပြီး တံခါးဖွင့်လာပါပြီ”ဟု ၎င်းကပြောပါသည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုနှင့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါသည်။

“ဒါပေမယ့် မြန်မာနိုင်ငံက ခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို မြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးကို ဆက်ပြီးအာရုံပြုထားနိုင်မယ်ဆိုရင်တော့ စိတ်ချရတဲ့လမ်းကြောင်းပေါ်မှာ ဆက်ရှိနိုင်ပါတယ်”ဟု ကယ်ရီကပြောပါသည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအစီရင်ခံစာက ဖော်ပြထားရာတွင် အာရပ်ကမ္ဘာနိုးထလာမှု၌ အစောပိုင်းနေ့ရက်များ၏ မျှော်လင့်ချက်များသည် ကြမ်းတမ်းသော ခက်ခဲသည့် အသွင်ကူး ပြောင်းရေးကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုပါသည်။

“အမြစ်တွယ်နေတဲ့အစိုးရတွေကို ဖြုတ်ချပြီး တက်လာတဲ့အစိုးရသစ်တွေဟာ အခွင့်အရေးနဲ့ အားနည်းပြီး တာဝန်ယူမှု တည်ဆောက်နေတဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေကို အကာအကွယ်ပေးဘို့ နှေးကွေးနေပါသေးတယ်။ သူတို့ဆီမှာ ဆန့်ကျင်မှုအင်အားစုတွေ တွေ့နေရတုန်းပါပဲ”ဟု ကယ်ရီကပြောပါသည်။

အစီရင်ခံစာတွင် အမေရိကန်က ပြဿနာများကြုံတွေ့နေရသည့် သမ္မတ Bashar al-Assad ကို တိုက်ခိုက်နေသော အင်အားစုများကို ကျောထောက်နောက်ခံပြုနေသည့် ဆီးရီးယားနိုင်ငံအကြောင်းလည်း ပါဝင်သည်။

“ဆီးရီးယားမှာ သမ္မတ အာဆတ်ဟာ အာဏာကို အငမ်းမရဖက်တွယ်ထားပြီး လွတ်လပ်မှုတောင်းဆိုသူတွေကို သတ်ဖြတ်ခြင်း၊ အကြောက်တရားဖြစ်အောင်လုပ်ခြင်း၊ ပိုမိုသွေးစွန်းအောင်လုပ်ခြင်းဖြင့် တုန့်ပြန်နေပါတယ်။ တိုက်ပွဲဝင် နေသူတွေ၊ စွန့်လွှတ်အနစ်နာခံထားသူတွေဟာ သူတို့ရဲ့အမြင်ကို သူတို့ရဲ့ လူ့အခွင့်အရေးတွေကို ငြင်းပယ်ပြီး လျစ်လျူရှုနေသရွေ့ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုနေပါတယ်”ဟု ကယ်ရီကပြောပါသည်။

တိဗက်တွင် ပြီးခဲ့သည့်နှစ်က ဗုဒ္ဓဘာသာများ ကိုယ့်ကိုယ်ကို မီးရှို့သတ်မှုများသည် ၂၀၁၁ ကထက် ခြောက်ကြိမ်ပိုမိုများလာကြောင်း အစီရင်ခံစာက ဆိုပါသည်။ အစီရင်ခံစာ၌ အာဏာပိုင်များသည် တိဗက်၏ သီးသန့် တမူထူးခြားစွာ ရှိနေသည့် ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များအပေါ် တရုတ်၏တိုင်းရင်းသား တိဗက်လူဦးရေများ၏ အရပ်သားရပိုင်ခွင့်များကို တင်းကြပ်စွာ ကန့်သတ်ခြင်းဖြင့် ဖိနှိပ်ထားပါသည်ဟု ဖော်ပြထားပါသည်။

အီရန်တွင်လည်း အစိုးရသည် သတင်းစာဆရာများ၊ ကျောင်းသားများ၊ ရှေ့နေများ၊ အနုပညာရှင်များကို ဖမ်းဆီးခြင်းဖြင့် လူထုအခြေပြုအဖွဲ့အစည်းများကို နှိပ်ကွပ်လျှက်ရှိပါသည်။ တိုင်းရင်းသားနှင့် ဘာသာရေးလှုပ်ရှားသူများကို နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများဖြင့် ပြင်းထန်စွာ ဖိနှိပ်ခဲ့ပါသည်ဟု အစီရင်ခံစာက ဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စုသည် လူ့အခွင့်အရေးများကို မြှင့်တင်နေခြင်းမှာ မှန်ကန်သော လုပ်ရပ်ဖြစ်ခြင်း ကြောင့်သာမက လုံခြုံရေးနှင့် ဆက်စပ်နေခြင်းကြောင့်လည်းဖြစ်သည်ဟု ကယ်ရီက ပြောပါသည်။

“လူ့အခွင့်အရေးအားကောင်းတဲ့ နိုင်ငံတွေမှာ ပြည်သူတွေဟာ စီးပွားရေးကောင်းကြတယ်။ ဘဝတွေကောင်းမွန် ပါတယ်။ အစိုးရတွေဟာ ပိုမိုထိရောက်ပြီး တာဝန်ယူနိုင်စွမ်းရှိပါတယ်။ ဒီတိုင်းပြည်တွေဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဦးဆောင် နိုင်ငံတွေဖြစ်ပြီး သူတို့ဒေသတွင်းမှာလည်း တည်ငြိမ်မှုပေးနိုင်စွမ်းရှိပါတယ်”ဟု ၎င်းကပြောပါသည်။

အစီရင်ခံစာတွင် ကမ္ဘာတစ်လွှား လူထုအခြေပြု အဖွဲ့အစည်းလှုပ်ရှားမှုများ၏ နေရာ ကျဉ်းမြောင်းလာမှု များကိုလည်း တွေ့ရကြောင်း ဆိုပါသည်။ အထူးသဖြင့် ရုရှားတွင် ဥပဒေသစ်များဖြင့် ခွင့်ပြုချက်မရသော ဆန္ဒပြမှုများ အတွက် ဒဏ်ငွေများတိုးမြှင့်ခြင်း၊ အင်တာနက်လွတ်လပ်ခွင့်များ ကန့်သတ်ခြင်း၊ ရာဇဝတ်မှုများကို ချဲ့ကား၍ အဓိပ္ပာယ် ဖွင့်ဆိုခြင်းများ တွေ့ရသည်ဟု ဆိုပါသည်။


EU Sanction အားလုံး ရုတ်သိမ်းပေးရန် မြန်မာ မျှော်လင့်

(IANS မှ 21 April 2013 ရက်စွဲပါ “Myanmar anticipates total lift of EU sanctions”သတင်းကို ဘာသာပြန်ဆိုသည်)

ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများသည်  မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားသော sanction အများစုကို လက်နက်ကုန်သွယ်မှုမှလွဲ၍ တစ်နှစ်တာ ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ၎င်း sanction များ ရုတ်သိမ်းပေးရေးအတွက် ဆုံးဖြတ်ရန် တနင်္လာနေ့တါင် လူဇင်ဘာ့၌ တွေ့ဆုံစည်းဝေးကြမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုတုန့်ပြန်သည့်အနေဖြင့် အီးယူက sanctions အားလုံးနီးပါးကို ရုတ်သိမ်းပေးရန် စဉ်းစားနေခြင်းသည် အီးယူ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုကို တိုးမြင့်လာစေမည်ဖြစ်ပြီး မြန်မာ-အီးယူဆက်ဆံရေးကိုလည်း တိုးတက်လာစေလိမ့်မည်ဟု တရုတ် Xinhua သတင်းဌာနက ထုတ်ပြန်ဖော်ပြသည်။

မြန်မာသမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သော မတ်လအတွင်းက နော်ဝေး၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ အီတလီ ဥရောပ ၅ နိုင်ငံသို့ ၁၁ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။ ယခင်တပ်မတော်အစိုးရ ခေါင်းဆောင် များ ခြေချခွင့်ပင်မရှိသော ဥရောပသို့ ယင်းကဲ့သို့ သမိုင်းဝင်ခရီးစဉ်သွားရောက်မှုကြောင့် မြန်မာနှင့် ဥရောပနိုင်ငံများ အပြန်အလှန်ချစ်ကြည်ရေးအတွက် တိုးတက်မှုများဖြစ်ပေါ်ခဲ့သည်။

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် ဥရောပနိုင်ငံများ ဆက်လက်ပူးပေါင်း ပါဝင်ပေး ကြရန် အဆိုပြုခဲ့သည်။

အီးယူကော်မရှင်နာမင်းကြီး ဂျိုဆေးမန်နူရယ်ဘာရိုဆို၏ မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် မြန်မာနှင့် အီးယူအကြား ဆက်ဆံရေး သိသိသာသာတိုးတက်လာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

အမေရိကန်နှင့် အီးယူက ဆက်လက်ချမှတ်ထားသော လက်ခုပ်ကုန်သွယ်ရေး ပိတ်ပင်မှုကိုမူ မြန်မာ့တပ်မတော်၏ နိုင်ငံရေးပတ်သက်မှု ကင်းရှင်းခြင်း၊ ဒီမိုကရေစီစစ်တပ်အဖြစ် အသွင်ကူးပြောင်းခြင်းတို့အပေါ် မူတည်၍ ဆုံးဖြတ်ဖယ်ရှား ပေးဖွယ်ရှိသည်ဟု ပြည်တွင်းမှ အကဲခတ်သူများက သုံးသပ်ပြောကြားသည်။


 

မြန်မာ့ နိုင်ငံတည်ဆောက်ရေးတွင် အစိုးရ၊ ပုဂလိကနှစ်ရပ်လုံး ပံ့ပိုးရမည်

(21 April 2013 ရက်စွဲပါ Japan News မှ Myanmar Nation Building must be supported by govt, private sector သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by online

မြန်မာနိုင်ငံ၏ အကြီးဆုံးအတိုက်အခံပါတီ NLD ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်အစိုးရ၏ ဖိတ်ခေါ်မှုဖြင့် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါနှင့် အခြားသူများနှင့်အတူ အစည်းအဝေးပွဲများဆက်တိုက်ပြုလုပ်ခဲ့ပါသည်။

ဤခရီးစဉ်သည် သူမအတွက် ၂၇ နှစ်အတွင်း ပထမဆုံးခရီးစဉ် ဖြစ်ပါသည်။ သူမသည် သူမ၏မွေးရပ်နိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုများတွင် မပါဝင်ခင် ၁၉၈၀ အလယ်ပိုင်းနှစ်များတွင် ကျိုတိုတက္ကသိုလ်၌ ဧည့်သုတေသန မှူး  ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်(ဘက်)အစိုးရ(များ)နှင့် ထိပ်တိုက်ရင်ဆိုင်မှုများပြုခဲ့ပြီး နေအိမ်အကျယ်ချုပ်ဖြင့် စုစုပေါင်း ၁၅ နှစ် နေခဲ့ရပါသည်။ သူမ၏ ဂျပန်နိုင်ငံခရီးစဉ်သည် အရပ်ဘက် အစိုးရ အဖြစ် လွန်ခဲ့သော နှစ်နှစ်က ပြောင်းလဲ အုပ်ချုပ်ခဲ့ သော မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုင်ဇေးရှင်းဖြစ်စဉ်အတွက် အမှတ်အသားတစ်ခု ဖြစ်ပါသည်။

ဂျပန်အစိုးရအနေဖြင့် ဦးသိန်းစိန်၏ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား ကြိုဆိုခဲ့ပြီး ဂျပန်ယန်း ချေးငွေ  အပါအဝင်တရားဝင်ဖွံ့ဖြိုးရေးအကူအညီများအား ပြန်လည်စတင်ခြင်းကဲ့သို့ လုပ်ဆောင်မှုများကို အမေရိကန်နှင့် ဥရောပသမဂတို့ထက်အရင် ဦးဆောင်ပံ့ပိုးမှုများ ပြုလုပ်ပေး(နေ) ခဲ့ပါသည်။

NLD နှင့် ဒီမိုကရက်တိုင်ဇေးရှင်း

လွှတ်တော်တွင် အားကိုးရမည့် အတိုက်အခံပါတီ၏ ကြီးထွားလာမှုသည် တိုင်းပြည်၏ ဒီမိုကရက်တိုင်ဇေးရှင်းဖြစ်စဉ် ရှေ့ဆက်နိုင်မှုနှင့် လူမှုအသိုင်းအဝိုင်းများ၏ တည်ငြိမ်မှုများဆီသို့ ဦးတည်သွားနိုင်မည် ဟူသော စဉ်းစားချက်ဖြင့် အစိုးရသည် NLD ပါတီနှင့် ဆက်ဆံရေးကို ခိုင်မာအောင် ကြိုးစားလျှက်ရှိသည်။ ဆက်စဉ်းစားမည်ဆိုလျှင် NLD သည်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် အားသစ်အင်သစ်များ ထပ်ရသွားနိုင်သည်။

“ပြုပြင်ပြောင်းလဲရေးတွေဆက်လက်တိုးတက်ဖြစ်ပေါ်နိုင်ဖို့ မြန်မာနိုင်ငံကို ထပ်ပြီးပံ့ပိုးပေးချင်ပါတယ်”ဟု အာဘေး က ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ ဆွေးနွေးစဉ် ပြောကြားခဲ့သည်။ထို့နောက် အာဘေးက ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ဖွံ့ဖြိုးရေးအကူအညီများ(ODA)နှင့် ပုဂလိကရင်းနှီးမြှုပ်နှံမှုများမှတဆင့် မြန်မာ့နိုင်ငံတည်ဆောက်ရေးအတွက် ပံ့ပိုးပေးနေသည့် ဂျပန်အစိုးရ၏ မူဝါဒများအကြောင်း ရှင်းပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပူးပေါင်းလုပ်ဆောင်ပေးမည်ဟု မျှော်လင့်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

သူမက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အခြားနယ်ပယ်များထက် အလုပ်အကိုင်ဆိုင်ရာနှင့် စိုက်ပျိုးရေး နယ်ပယ်အတွက် ပညာပေးလုပ်ငန်းစဉ်များတွင် ပိုမို အကူအညီပေးရန် တောင်းဆိုခဲ့သည်။

ခိုင်မာသော အောင်မြင်မှု

သူမသည် ပြီးခဲ့သော နွေဦးကာလက ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရပြီး ပြည်သူ့လွှတ်တော်တွင် လွှတ်တော် အမတ်အဖြစ် အရွေးခံရပြီးကတည်းက သူမသည်အစိုးရအပြင်စည်းမှ ဒီမိုကရေစီအရေး လှုပ်ရှားသူအဖြစ်မှ လက်တွေ့ ကျသော နိုင်ငံရေးသမားတစ်ဦးအဖြစ် ပြောင်းလဲရန် ကြိုးစားနေပါသည်။

ကူညီပံ့ပိုးသူများ၏ မျှော်လင့်ချက်များကို တုန့်ပြန်ရာတွင် သူမသည် တိုင်းပြည်၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာခြင်းကဲ့သို့ ခိုင်မာသော အောင်မြင်မှုကိုရရှိအောင် လုပ်ရန် လိုအပ်ပါသည်။

မြန်မာ့နိုင်ငံတည်ဆောက်ရေးအတွက် ကြမ်းတမ်းသော ခရီးလမ်းက ရှေ့တွင် ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည် ထပ်တလဲလဲပြောနေသကဲ့သို့ပင် မြန်မာဒီမိုကရက်တိုင်ဇေးရှင်း ရှေ့ဆက်ဖို့ရန်အတွက် စစ်တပ်၏ နိုင်ငံရေးအရ လွှမ်းမိုးနိုင်ရန်အလို့ငှာ အခြေခံဥပဒေတွင် သတ်မှတ်ပေးထားသော လွှတ်တော်တွင်း တပ်မတော်သားများ ပါရှိခြင်းအား ဖျက်သိမ်းရန်အပါအဝင် အခြေခံဥပဒေအား ပြန်လည်စစ်ဆေးပြင်ဆင်ရမည်ဖြစ်သည်။ အစိုးရ၏ ၎င်းတို့ရင်ဆိုင်နေရသော တိုင်းရင်းသားများနှင့် ဆက်ဆံရေး တိုးတက်စေရန် အတွက် အားထုတ်ကြိုးပမ်းနေမှုများမှာလည်း မချောမွေ့လှပေ။ ဆိုလိုသည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာလည်း နားလည်ရခက်ဆဲအခြေအနေပင် ဖြစ်သည်။ ထို့ပြင် ပြည်သူ့ လုံခြုံရေးအခြေအနေ ပိုမိုဆိုးဝါးလာခြင်းကလည်း ဂျပန်ကုမဏီများ၏ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံချင်မှု အပေါ်တွင်ရေအေးလောင်းလိုက်သလိုပင် အေးစက်စက်ဖြစ်စေခဲ့သည်။

ဂျပန်နိုင်ငံသည် အခြားနိုင်ငံများအားလုံးထက် မြန်မာနိုင်ငံအတွက် စီးပွားရေးအကူအညီအများဆုံး ပံ့ပိုးထားခဲ့သည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးရာတွင် အစိုးရနှင့် ပုဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်မှုမှာ ဂျပန်နိုင်ငံအတွက် အလွန်အရေးကြီးပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်းတိုင်းရင်းသားဒေသများပါ လူနေမှုအဆင့်အတန်း မြင့်မားလာရေးနှင့် လမ်းများနှင့် လျှပ်စစ်ကဏ္ဍ တိုးတက်မှုရှိလာစေရေးအပါအဝင် လူမှုပတ်ဝန်းကျင် တည်ငြိမ်မှုရအောင် ဆောင်ရွက်ပေးရပါမည်။

အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်အကြား အရေးကြီးသည့် တည်နေရာတွင် တည်ရှိနေသော မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် တန်ဖိုးသည် တိုးတက်လျှက်ရှိမည်သာဖြစ်သည်။ မြန်မာနိုင်ငံသည်စစ်အုပ်ချုပ်ရေးကာလကကဲ့သို့ တရုတ်အပေါ်သာ မှီခိုနေသော သံတမန်ဆက်ဆံရေးကိုလည်း ပြောင်းလဲပစ်ခဲ့ပြီး ဂျပန်၊ အိန္ဒိယ၊ အမေရိကန်တို့ကဲ့သို့ သော နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်လျှက်ရှိပါသည်။

မြန်မာနိုင်ငံ၌စစ်တပ်နှင့် စီးပွားရေးချဲ့ထွင်မှုတို့တွင် ၎င်း၏ လွှမ်းမိုးမှုအား တိုးတက်အောင် ပြုလုပ်ခဲ့သော တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား ဆန်းစစ်ခြင်းသည် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးလေးနက်မှုအတွက် အရေးကြီးပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment