6 Nov 2009
By Saw Yan Naing ၊ Irrawaddy
ပထမအကြိမ် မဲခေါင် - ဂျပန်ထိပ်သီးညီလာခံကို တက်ရောက်ရန် ကြာသပတေးနေ့က တိုကျိုသို့ ရောက်ရှိလာသော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ခရီးစဉ်အတွင်း တပ်မတော်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်ထားရာ သောကြာနေ့တွင် တိုကျိုရှိ ဂျပန်ပါလီမန် အဆောက်အဦး အပြင်ဖက်၌ မြန်မာအစိုးရအား ဆန့်ကျင်သူ ၂၀၀ ခန့် စုဝေးကာ ဒုတိယအကြိမ်မြောက် ဆန္ဒပြပွဲ ဆင်နွှဲ ခဲ့ပါသည်။
ညီလာခံခရီးစဉ်အတွင်း မြန်မာဝန်ကြီးချုပ် တည်းခိုမည့် New Otani Hotel ၏ အပြင်ဖက်တွင် လည်း မြန်မာဒီမိုကရေစီလှုပ်ရှားသူများ စုဝေးကာ ဆန္ဒပြခဲ့ကြပါသည်။
တိုကျိုတွင် နေထိုင်သည့် မြန်မာ့အစိုးရဆန့်ကျင်သူ ကိုကိုအောင်က ယခုဆန္ဒပြပွဲ၏ ရည်ရွယ် ချက်မှာ အတုအယောင် ၂၀၀၈ အခြေခံဥပဒေကို ခုတုံးလုပ်၍ အာဏာကို ဆက်လက်ချုပ်ကိုင်ရန် အတွက် အကွက်ချကြံစည်ထားသော ၂၀၁၀ ရွေးကောက်ပွဲကို မှားယွင်းနေကြောင်း လူသိရှင်ကြား ဖော်ထုတ်ခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။
၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို မိမိတို့ လက်မခံနိုင်ကြောင်း ဂျပန်အစိုးရ ကို အသိပေးလိုပါသည်။ ဂျပန်အစိုးရအနေနှင့် မြန်မာတပ်မတော်အစိုးရကို ထောက်ခံအားပေးခြင်း မပြု လုပ်သင့်ပါ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင်းရှိ လက်ရှိနိုင်ငံရေး အနေအထားကို အသေးစိတ်စုံစမ်းစစ်ဆေးရန် ဂျပန်အစိုး ရအား ကိုကိုအောင်က တိုက်တွန်းလိုက်ပြီး မြန်မာအစိုးရကို ပေးသော ဂျပန်အကူအညီများမှာ မြန်မာ ပြည်သူများအား အထောက်အကူမဖြစ်ပါဟုလည်း ၎င်းက မှတ်ချက်ပေးပါသည်။
သောကြာနေ့ ညနေပိုင်း ဗိုလ်ချုပ်ကြီး သိန်းစိန် တိုကျိုမြန်မာသံရုံးသို့ ရောက်ရှိနေချိန်အတွင်း သံ ရုံးအပြင်ဖက်တွင် ဆန္ဒပြမှုများပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရှိရပါသည်။
Temple University Japan Campus မှ အာရှလေ့လာရေးဆိုင်ရာ ဒါရိုက်တာ Jeff Kingston က ဂျပန်အစိုးရသည် ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ လုံခြုံရေးကြိုးပမ်းအားထုတ်မှုများကို တွန်းအားပေးမြှင့်တင်ရန် ဆန္ဒရှိနေပြီး ယခု မဲခေါင် - ဂျပန် ညီလာခံသည် ထိုကဲ့သို့ ညှိနှိုင်းလုပ်ဆောင်သွား မည့် ယန္တရားတစ်ခုအဖြစ် ရှုမြင်သည်ဟု သောကြာနေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံသည် လူသားများ လုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ်လျော့ပါးရေး၊ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးနှင့် ရာသီဥတုဖောက်ပြန်မှုများကို ဖြေရှင်းရေးကို ကိစ္စများအတွက် မဲခေါင်မြစ်ဝှမ်းနိုင်ငံ များကို အကူအညီပေးမည်ဟု ဆိုပါသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံကို အကန့်အသတ်ဖြင့် ဆွေးနွေးညှိနှိုင်းခြင်းသည် ပြန်လည်ညှိနှိုင်းမှုကို ကြောင်းကျိုးဆီလျှော်စွာ တားမြစ်ထားသည့် ဂျပန်အစိုးရအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၌လည်း နေသားတကျ ပြုပြင်ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ၎င်းကသုံးသပ်ပါသည်။
ဂျပန်ဝန်ကြီးချုပ်သစ် ယူကီယိုဟာတိုယားမားနှင့် နိုင်ငံခြားရေး ဝန်ကြီး အိုကာဒါတို့သည် အခက်အခဲများနှင့် ရင်ဆိုင်နေရသော မြန်မာလူမျိုးများနှင့် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်ပြီး အသေးစိတ်သတင်းများ သိရှိထားကာ ကရုဏာသက်လျက်ရှိကြောင်းနှင့် လက်ရှိ ဂျပန်အစိုးရသည် လူ့ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ယခင်အစိုးရထက် ပို၍ ထိရောက်စွာ ဆောင်ရွက်သွားလိမ့်မည် ဟု Kingston က မှတ်ချက်ပေးပါသည်။
မြန်မာနိုင်ငံသည် မဟာမဲခေါင်ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်(Great Mekong Sub region - Economic Cooperation Program) တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ တရုတ်နိုင်ငံများနှင့်အတူ အဖွဲ့ဝင်အဖြစ် ပါဝင်ပါသည်။
ဂျပန်နိုင်ငံသည် အစဉ်အလာအားဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးအလှူရှင်နိုင်ငံဖြစ်သည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---