Transparency Myanmar

transparency.myanmar@gmail.com

American Chronicle

13 Oct 2009

          ကမ္ဘာပေါ်ရှိ စစ်အာဏာရှင်နိုင်ငံအများစုသည် ပြိုင်ဆိုင်မှုပြင်းထန်သော ဤကမ္ဘာ ကြီးတွင် နျူကလီးယားပါဝါနိုင်ငံဖြစ်လာရန် ကြိုးပမ်းအားထုတ်လာကြသည်ကိုတွေ့လာ ရပါသည်။ နျူကလီးယားနိုင်ငံဖြစ်လာရန် ကြိုးပမ်းနေကြသည့် ပြိုင်ပွဲသို့နောက်ဆုံးဝင် ရောက်လာသူမှာ မြန်မာနိုင်ငံဖြစ်သည်။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံဖြစ်က ပြည်တွင်းလုံခြုံရေးနှင့် ပြည်ပရန်သူများကို ကာကွယ်ရန်အတွက်သာ လက်နက်တပ်ဆင်မည်ဟု ပြောကြားခဲ့ပါသည်။ ၁၉၆၃ နျူကလီးယား တစိတ်တဒေသ စမ်းသပ်မှုကို တားမြစ်သည့် စာချုပ်(PTBT)ကို ပထမဆုံးလက်မှတ်ထိုးသည့် နိုင်ငံများ တွင် မြန်မာနိုင်ငံပါဝင်ခဲ့ပြီး ၁၉၆၇ အာကသာဆိုင်ရာစာချုပ် (OTS)နှင့် ၁၉၆၈ နျူကလီး ယားမပြန့်ပွားရေးစာချုပ် (NPT)နှင့် ယခုတိုင်အတည်မပြုရသေးသော ၁၉၇၂ ပင်လယ် ရေအောက်ကြမ်းပြင်စမ်းသပ်မှုတားမြစ်ချက် စာချုပ်များကိုလည်း လက်မှတ်ရေးထိုးခဲ့ သည့် အဖွဲ့ဝင်နိုင်ငံဖြစ်ပါသည်။ ၁၉၈၈ တွင် အာဏာရလာသော မြန်မာအစိုးရ (SLORC နှင့် SPDC)ကလည်း အဆိုပါ နိုင်ငံတကာ သဘောတူညီချက်များကို ထောက် ခံကြောင်း အတည်ပြုခဲ့ပါသည်။

          သို့ရာတွင် "ပြုံယမ်း" က လက်နက်နှင့် နျူကလီးယားနည်းပညာကို မြန်မာ နိုင်ငံအား လွှဲပြောင်းရောင်းချနေသည့်အတွက် စိုးရိမ်ပူပန်မိကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး Hillary Clinton ကလတ်တလောပြောကြားခဲ့ပါသည်။

          Sydney Morning Herald သတင်းများအရ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော မိုးကြိုးနှင့် တင်မင်းတို့၏ ဝန်ခံထွက်ဆိုချက်တွင် မြောက်ကိုရီးယားသည် မြန်မာနိုင်ငံ အား နှစ်အတွင်း အက်တပ်ဗုံး ထုတ်လုပ်ရန်လိုအပ်သော နျူကလီးယား ဓာတ်ပေါင်း ဖိုနှင့် ပလူတိုနီယမ်သန့်စင်သည့် စက်ရုံတည်ဆောက်ရန် အကူအညီပေးနေသည်ဟု ဖော်ပြထားကြောင်းသိရပါသည်။

          အဆိုပါ နျူကလီးယား အဆောက်အဦများကို မြန်မာနိုင်ငံမြောက်ပိုင်း နောင်လှိုင် တောင်ကြောထဲတွင် လျိုဝှက်တည်ဆောက်နေပြီး၊ အရပ်ဖက်သုံးနျူကလီးယားဓာတ် ပေါင်းဖိုတခုကိုလည်း အခြားနေရာတွင် ရုရှား၏ အကူအညီဖြင့် တပြိုင်တည်းတည် ဆောက်နေသည်ဟုဆိုပါသည်။

          မြန်မာစစ်တပ်အရာရှိဟောင်း မိုးကြိုးက တပ်ဖွဲ့ဝင် ၁၀၀၀ ပါဝင်သော နျူကလီး ယားအစောင့်တပ်ဖွဲ့ ကိုလေ့ကျင့်သင်တန်းပေးရာတွင် ၎င်းကိုယ်တိုင်တက်ရောက်ခဲ့ သည်ဟုဆိုပြီး မြန်မာအစိုးရသည် Yellow Cake Uranium (ယူရေနီယမ်ကုန်ကြမ်း)ကို မြောက်ကိုရီးယားနျင့် အီရန်သို့ရောင်းချထောက်ပံ့ခဲ့သည်ဟုသိရသည်။

          မြန်မာတပ်မတော်သည် Plutonium Reprocessing System (ပလူတိုနီယမ်ပြန် လည်ထုတ်လုပ်မှုအစီအစဉ်)ကို ဆောင်ရွက်နေပြီး ရုရှားပညာရှင်များက သင်ကြားပြ သပေးနေသည်ဟုဆိုသည်။

          မြန်မာတပ်မတော်နျူကလီးယား အစောင့်တပ်ဖွဲ့၏ တပ်ခွဲအချို့ကို လက်နက် ထုတ်လုပ်ရန်အတွက် ဒေသတွင်း ရွာတရွာတွင် ဌာနချုပ်ဖွင့်လှစ်ထားပြီး အဆိုပါ လျို ဝှက်စစ်ဆင်ရေးဗဟိုဌာနချုပ်ကို စက်ခယားတောင်းတန်းတွင် ကွယ်ဝှက်တည်ဆောက် ထားသည်ဟု မိုးကြိုးကဆက်လက်ပြောကြားသည်။

          အထက်ပါ ဖွဲ့စည်းတည်ဆောက်မှုတွင် အင်ဂျင်နီယာများ လေယာဉ်ပစ် အမြောက်တပ်၊ ဆက်သွယ်ရေးစနစ်များ ပါဝင်ပြီး နျူကလီးယား လက်နက်အစီအစဉ်၏ အမိန့်ပေးကွက်ကဲရေးဌာနချုပ်အဖြစ် အသုံးပြုမည်ဖြစ်သည်။

          တင်မင်းသည် မြန်မာနိုင်ငံ၏ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ စာရင်းကိုင်လုပ်ခဲ့သူဖြစ်သည်။ အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရင်းနှီး ပတ်သက်သူ ဦးတေဇက နောင်လှိုင်တောင်တန်းတွင် ထရပ်ကား စီး  လွတ်လပ်စွာ ယှဉ်ပြိုင်မောင်းနှင်နိုင်အောင် လုံလောက်စွာကျယ်ဝန်းသော ဥမင်လှိုင်ခေါင်းတစ်ခု ဖောက်လုပ်ရန် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုပိုပေးခဲ့ရသည်ဟု ၂၀၀၄ ခုနှစ်က ပြော ခဲ့ကြောင်းသိရှိရသည်။

          ဦးတေဇသည် ရုရှား၊ မြောက်ကိုရီးယားတို့နှင့် ချုပ်ဆိုမည့် နျူကလီးယားကန်ထ ရိုက်စာချုပ်များကို အဆိုပြုညှိနှိုင်းပေးရသည့်အပြင် ရန်ကုန်ဆိပ်ကမ်းသို့ဆိုက်ရောက် လာသော မြောက်ကိုရီးယားသင်္ဘောများပေါ်မှ လက်နက်ခဲယမ်းကွန်တိန်နာများကို အချိန်တွင်မြစ်ကြောင်းမှတဆင့် စုစည်းပို့ဆောင်ရန် စီစဉ်ပေးရသည်ဟု တင်မင်းကပြော သည်။

          တပ်မတော်အစိုးရသည် သမရိုးကျလက်နက်များနှင့်ပတ်သက်လာလျှင် အိမ်နီး ချင်းနိုင်ငံကို မယှဉ်ပြိုင်နိုင်ကြောင်း သိရှိနားလည်ထားပြီး မြောက်ကိုရီးယားကဲ့သို့ ပါဝါနိုင်ငံဖြစ်လိုပုံရသည်ဟု ဦးတေဇက ပြောကြောင်း တင်မင်းကဆိုပါသည်။

          တပ်မတော်သည် နျူကလီးယားလက်နက်နှင့် လေကြောင်းကာကွယ်ရေးဒုံးပျံများ ကို တွဲဖက်အသုံးပြုရန် မျှော်လင့်ထားပြီး ရုရှားနိုင်ငံကလည်း တန်ရာတန်ဘိုးပေးနိုင်သူ မည်သူ့ကိုမဆို လက်နက်များ လိုလားစွာရောင်းချပေးပါလိမ့်မည်။

          Sydney Morning Herald က မြန်မာနိုင်ငံကို နျူကလီးယားလက်နက်များ ထောက်ပံ့မည့် ပြုံးယမ်း၏ အစီအစဉ်ကို နိုင်ငံတကာ သတင်းမီဒီယာများသို့ ဖြန့်ဝေ လျက်ရှိစဉ် ရုရှားနိုင်ငံနှင့်လည်း ပတ်သက်နေကြောင်း အလားတူစွပ်စွဲချက်များပေါ် ထွက်လာခဲ့ခြင်းဖြစ်သည်။

          ကျော်ကြားသော လေ့လာဆန်းစစ်သူတစ်ဦးဖြစ်သည့် Micheal Sullivan က မြန် မာအစိုးရတွင် နျူကလီးယားအစီအစဉ်ရှိနေသည်မှာ သံသယရှိစရာမလိုကြောင်း၊ ယခု နှစ်များအတွင်း သိပံ္ပပညာရှင်များ၊ နည်းပညာရှင်များ၊ တပ်မတော်အရာရှိများကို ရုရှား နိုင်ငံသို့ အမြောက်အမြားစေလွှတ်လေ့ကျင့်ပေးခဲ့ကြောင်း၊ မော်စကိုကလည်း အရပ် ဖက်သုံး နျူကလီးယားဓာတ်ပေါင်းဖို့အသေးတစ်ခု တည်ဆောက်ပေးရန် သဘောတူခဲ့ ကြောင်း အထက်ပါကိစ္စနှင့်ပတ်သက်၍ အငြင်းပွားစရာမလိုကြောင်း၊ မြန်မာဗိုလ်ချုပ် ကြီးများသည် နျူကလီးယားလက်နက်ကိုပါ အလိုရှိနေသလား။ ဟူသော မေးခွန်းတခု သာ မေးဖို့လိုကြောင်းသုံးသပ်ပြပါသည်။

          အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ ထင်ရှားသော စာရေးဆရာ Bertil Lintner ကလည်း မြန်မာအစိုးရတွင် ယခုအချိန်အထိ နျူကလီးယား(သို့) နျူကလီးယားဗုံးထုတ်လုပ်နိုင်သော အခြေအနေမရှိသေးသော်လည်း နျူကလီးယားဗုံး တစ်လုံးခန့်ပိုင်ဆိုင်လိုသည်မှာမူ သေချာလှသည်ဟုဆိုပါသည်။ Bertil Lintnen သည် ထိုင်းနိုင်ငံတွင် အခြေစိုက်၍ မြန်မာနိုင်ငံနှင့်ပတ်သက်သော အကြောင်းအရာများစွာကို ကျယ်ပြန့်စွာရေးသားခဲ့သူဖြစ်သည်။

          ၂၀၀၇ မေလ ၁၈ ရက်နေ့ထုတ် Asia News Aqency သတင်းများက ရုရှားနိုင်ငံ သည် မြန်မာနိုင်ငံ၏ ပထမဆုံးနျူကလီးယားဓာတ်ပေါင်းဖိုကု တည်ဆောက်ပေးမည်ဟု ဖော်ပြခဲ့ပါသည်။

          Asia News Aqency က ရုရှားနိုင်ငံသည် နျူကလီးယားသုတေသနဌာနတည် ဆောက်ပေးရန် မြန်မာအစိုးရနှင့် သဘောတူညီချက်ရပြီဖြစ်ကြောင်း ရေလွတ်နည်း ပညာသုံးဓာတ်ပေါင်းဖိုအမျိုးအစားဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင် ကြောင်း၊ ၂၀ ရာခိုင်နှုန်းကြယ်ဝနျူကလီးယားလောင်စာကိုအသုံးပြုလိမ့်မည်ဖြစ်ကြောင်း ရုရှား Fedral Atomic Energy Aqency (Rosatam) သတင်းအချက်အလက်များကို ကိုးကားဖော်ပြခဲ့ပါသည်။

          Russia's Fediral Atomic Energy Aqency က မြန်မာနိုင်ငံသည် နျူကလီးယား နည်းပြညာကို ငြိမ်းချမ်းစွာအသုံးပြုရန် အခွင်အရေးရှိကြောင်းခုခံပြောကြားခဲ့ပြီး ယခု ဓာတ်ပေါင်းဖိုမှ နျူကလီးယားလက်နက်ထုတ်လုပ်ရန် နည်းလမ်းမရှိပါဟုဆိုသည်။ အဆို ပါဓာတ်ပေါင်းဖိုကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းပွင့်ဖြူမြို့နယ်အနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။

          မြန်မာနိုင်ငံ၏ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးလုပ်ငန်းကို နိုင်ငံတ ကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အနီးကပ်စောင့်ကြပ်မှုအောက်တွင် အကောင် အထည်ဖော်နေခြင်းဖြစ်သည်ဟု မော်စကိုက အခိုင်အမာပြောကြားထားပါသည်။

          မြန်မာအစိုးရသည် ပြုံယမ်း၏ အကူအညီဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုနှင့် ပလူ တိုနီယံသန့်စင်ရေးစက်ရုံကို လျှိုဝှက်စွာတည်ဆောက်နေပြီး အဆိုပါစီမံကိန်း၏ အနာ ဂတ်တိုးချဲ့မှုအစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ရန် မော်စကိုအားကမ်းလှမ်းထား သည်ဟု ထိုင်းမြန်မာနယ်စပ်အခြေစိုက် သြစတြေးလျစာနယ်ဇင်းသမား Phil Thornton က ၂၀၀၉ ခုနှစ် သြဂုတ်လ ရက်တွင် ထုတ်ဖော်ပြောဆိုပါသည်။

          တချိန်ထဲတွင် မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီးက ယခု ဓာတ်ပေါင်းဖိုသည် ဆေးဝါးနှင့် စိုက်ပျိုးရေး သိပ္ပံနယ်ပယ်အပါအဝင် သိပံ္ပပညာလောကတွင် ကျယ်ပြန့်စွာအ သုံးဝင်သည့် "ရေဒီယိုအိုင်ဆိုတုပ်" ထုတ်လုပ်ရန်အတွက် အသုံးပြုမည်ဖြစ်ပြီး နျူကလီး ယားနည်းပညာကို မြန်မာပြည်သူလူထု၏အကျိုးစီးပွားများအလို့ငှာငြိမ်းချမ်းသော နည်း လမ်းများဖြင့် အသုံးပြုရန် ရည်ရွယ်ကြောင်းထောက်ပြပြောဆိုသွားပါသည်။

          မြန်မာနိုင်ငံ၏ နျူကလီးယားပါဝါအစီအစဉ်သည် မှားယွင်းသော ရည်မှန်းချက် မဟုတ်ဟု လက်ရှိနေပြည်တော်အစိုးရက ယုံကြည်နေပါသည်။ နျူကလီးယားပြန့်ပွား ရေး ကိစ္စများကို စောင့်ကြည့်လေ့လာနေသော ဝါရှင်တန်အခြေစိုက် Institute for Science and International Security အကြီးအကဲ David Albright က ခိုင်မာသော အထောက်အထားများ မရှိသေးဘဲ ယခုအထိသံသယအဆင့်သာရှိသေးကြောင်းပြော ဆိုခဲ့သော်လည်း နျူကလီးယားနည်းပညာရောင်းဝယ်မှုများကြောင့် အရေးယူတားမြစ်ခံ ထားရသော မြောက်ကိုရီးယားအဖွဲ့အစည်း Nam Chonqang Trading Corporation အမှုဆောင်အရာရှိ မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်ကို အကြောင်းပြု၍ သံ သယများကြီးထွားလာသည်ဟုဆိုပါသည်။

          Burmanet News သတင်းများအရ ၂၀၀၉ ဇွန်လ ၃၀ ရက်က ဂျပန်ရဲအရာရှိများ သည် တာဝေးဒုံးကျည်တည်ဆောက်ရာတွင် အသုံးပြုသည့် တားမြစ်ထားသော နည်း ပညာပစ္စည်းများကို မြန်မာနိုင်ငံသို့တင်ပို့ရန် ကြိုးစားမှုဖြင့် စီးပွားရေး လုပ်ငန်းရှင် ဦးကို ဖမ်းဆီးအရေးယူခဲ့သည်ဟု သိရပါသည်။ မြောက်ကိုရီးယားသည် တေပိုဒေါင်း စနစ်ကဲ့သို့သော ဒုံးပျံနည်းပညာများကို မြန်မာနိုင်ငံသို့လွှဲပြောင်းပေးရန် ကြိုးစားနေ သည်ဟု ဂျပန်နိုင်ငံက ယုံကြည်ထားသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ အမေရိကန်ဒေါ်လာ ၇၃၀၀၀ တန်ဘိုးရှီ သလိုက်နည်းပညာသုံးကိရိယာကို မလေးရှားနိုင်ငံမှတဆင့် မြန်မာ နိုင်ငံသို့တင်ပို့ရန် လျှို့ဝှက်ကြံစည်ခဲ့ကြခြင်းဖြစ်သည်ဟုသိရပါသည်။

          မြန်မာနိုင်ငံနှင့် ပါကစ္စတန်နျူကလီးယားအာဏာပိုင်အဖွဲ့အစည်းတို့ကြား ဆက် သွယ်မှုရှိသည်ဆိုသော သတင်းပေါ်ထွက်လာခြင်းသည် သုတေသနကိစ္စအတွက် ဓာတ် ပေါင်းဖိုဝယ်ယူခဲ့သည်ဆိုသော အချက်မှန်ကန်ကြောင်းဖော်ညွှန်းနေပါသည်။ ပါကစ္စ တန်သည် မြန်မာနိုင်ငံအား သမရိုးကျလက်နက်ငယ်များ ရောင်းချပေးခဲ့ပြီး လက်နက် ကိုင်တပ်ဖွဲ့ဝင်များကိုလည်း လေ့ကျင့်ပေးခဲ့သည်။ ပါကစ္စတန်သည် တရုတ်နိုင်ငံနှင့် လည်းပူးပေါင်းကာ ဘင်္ဂလားပင်လယ်အော်နှင့် အရှေ့မြောက်ဒေသရှိ အိန္ဒိယတပ်ဖွဲ့များ ချထားမှုအပေါ်အလေးဂရုပြုနေသော မြန်မာနိုင်ငံနှင့် ထောက်လှမ်းရေးဆိုင်ရာ သတင်း များ မျှဝေရန် ဆုံးဖြတ်ခဲ့ပါသည်။

          ထို့အပြင် မြန်မာနိုင်ငံ၏ အမေရိကန်ဆန့်ကျင်ရေးသဘောထားကြောင့် အကြမ်း ဖက်အဖွဲ့များကို နောက်ကွယ်မှ ပံ့ပိုးတတ်သူအီရန်နိုင်ငံကလည်း နေပြည်တော်၏ နျူကလီးယားစွမ်းအင်တည်ဆောက်မှုများတွင် လျှိုဝှက်စွာ ကူညီပံ့ပိုးခဲ့ကြောင်းသိရှိရပါ သည်။ အီရန်သည် နိုင်ငံတကာ သတင်းမီဒီယာများကို ၎င်း၏ဝါဒဖြန့်ချီရေးယန္တရားအ ဖြစ်ကောင်းစွာအသုံးချလေ့ရှိပြီး ၎င်းပံ့ပိုးနေသည့် ဟစ်ဘိုလာအဖွဲ့ကလည်း အိန္ဒိယနှင့် အစ္စရေးသည်စစ်အင်အားတိုးချဲ့နေပြီး မြန်မာနိုင်ငံသို့နျူကလီးယားဆိုင်ရာ အကူအညီ များပေးနေသည်ဟု တကမ္ဘာလုံးသို့ ကောလာဟလ ဖြန့်ချီခဲ့သည်။

          ဆောင်းပါးရှင် Choudhury လတ်တလောရေးသားခဲ့သော "အရှေ့တောင် အာရှ  အကျပ်အတည်းနှင့်အစ္စလမ်မစ်လက်ဝဲစွန်းစစ်သွေးကြွဝါဒပြန့်ပွားလာမှု ဆောင်းပါးကို တုန့်ပြန်လှုပ်ရှားသည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် အီရန် ဟစ်လ်ဘိုလာ အဖွဲ့ခေါင်းဆောင်ကအောက်ပါအတိုင်းအီမေးလ်ပေးပို့ဆက်သွယ်ခဲ့ပါသည်။

-        မိမိတို့၏ သတင်းအရင်းအမြစ်များအရ မြန်မာနိုင်ငံသည် မြောက်ကိုရီးယား အကူအညီဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရန် ကြိုးစားနေသည်။

-        မြန်မာနိုင်ငံသည် နျူကလီးယားဗုံးထုတ်လုပ်ရန် ဆန္ဒပြင်းပြနေသည်။

-        မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးကို ထူ ထောင်နေသည်။

-        အစ္စရေးသည် မြန်မာနိုင်ငံသို့ လက်နက်များရောင်းချပေးခဲ့ပြီး ထောက်လှမ်းရေး ကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍကို အကူအညီပေးနေသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment