Transparency Myanmar

transparency.myanmar@gmail.com

From The Chennel News Asia

6 - Nov - 2009

          နောက်ထပ်တွေ့ဆုံဆွေးနွေးမှုသည် ကြာဦးမည်ဖြစ်ပြီး သတိထားပြီးလုပ်ရမည့် လုပ်ငန်းဖြစ် ကြောင်း မြန်မာနိုင်ငံသို့သွားရောက်ခဲ့သော ကိုယ်စားလှယ်များက ပြောကြားခဲ့ပါသည်။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကျင်းပရေးအစီအစဉ်သည် ကိုင်တွယ်ရခက်သည့် သိမ်မွေ့နက်နဲသည့် လုပ်ငန်း စဉ်တွင် အနှောက်အယှက်ပေးသည့် အရိပ်မည်းဖြစ်ပါသည်။

          အမေရိကန်ကိုယ်စားလှယ်နှစ်ဦးသည် အောင်မြင်မှုအတွက် မျှော်လင့်ချက်ထားနိုင်ရေးကို ကြိုး ပမ်းခဲ့ကြပြီး၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တိုးတက်မှုများမတွေ့ ရမချင်း စီးပွားရေး အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းပေးမည်မဟုတ်ကြောင်း စစ်အစိုးရအား သတိ ပေးခဲ့ပါသည်။

          သို့သော် စစ်အစိုးရက လာမည့် နှစ်ရွေးကောက်ပွဲကို ပြင်ဆင်မှုများ ပြုလုပ်လာရာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ပိုမိုခက်ခဲလာစေမည်ဖြစ်ပါသည်။

          အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Marciel က ကြာသပတေးနေ့က ဘန် ကောက်တွင် ပြောကြားရာတွင် ၂၀၁၀ ရွေးကောက်ပွဲအား တရားမျှတ၍ ဒေါ်အောင်ဆန်းစုကြည်ပါဝင် စေရန် တောင်းဆိုလိုက်ပါသည်။

          သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တောင်းဆိုနေပါသည်။ ရွေးကောက်ပွဲသည် စစ်အစိုးရကို တရားဝင်ဖြစ်အောင်လုပ်ပေးခြင်းဖြစ်၍ ရွေး ကောက်ပွဲမဝင်လိုဟုဆိုပါသည်။ စစ်အစိုးရသည် ဝေဖန်မှုများစွာရှိသော အခြေခံဥပဒေကို ပြီးခဲ့သည့် နှစ်ကအတည်ပြုခဲ့ပါသည်။

          George Mason တက္ကသိုလ်မှ မြန်မာ့ရေးရာကျွမ်းကျင်သူ John Dale က အမေရိကန် အာဏာပိုင်များသည် သိက္ခာရှိသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အတိုက်အခံများ ပါဝင်ရန် မြန်မာအစိုးရအားတိုက်တွန်းလျက်ရှိရာ အမေရိကန်တို့အရေးကြီးသည့် အချက်ကို သတိမပြု မိခဲ့ကြပါဟုပြောကြားခဲ့ပါသည်။

          အတိုက်အခံသည် ရေးကောက်ပွဲကို ဆန့်ကျင်ရန် စည်းရုံးပြောဆိုနေသည်မှာ ကြာပြီဖြစ် ကြောင်း၊ အစိုးရကလည်း ဖြေရှင်းရန် ကြိုးစားနေသည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း၊ အစိုးရက ရွေး ကောက်ပွဲတွင် ဖြစ်နိုင်သမျှ များများ ပါဝင်စေချင်ကြောင်း John Dale ကပြောပါသည်။

          ရွေးကောက်ပွဲကို နိုင်ငံတကာ လွတ်လပ်၍ တရားမျှတမှုရှိစေရန် စောင့်ကြည့်နေခြင်း အကြောင်းအရာပေါ်တွင်သာ အမေရိကန်ပြည်ထောင်စု၏ ဆွေးနွေးမှုများ အချိန်ယူနေပါက၊ မိမိတို့၏ လုပ်ငန်းစဉ်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ပေါ်တွင်သာ ပြီးဆုံးသွားလိမ့်မည်ဖြစ်ကြောင်း ဆက်ပြောပါ သည်။

          ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ၏ နည်းစနစ်ကိုပြောင်းခဲ့ပြီဖြစ်သည်။ အမေရိကန်က ဆွေးနွေးမှုကို ဖွင့်ပေးခဲ့သည်နှင့် သူမကလည်း စစ်အစိုးရ၏ ပိတ်ဆို့အရေးယူမှုများဖြေလျော့ပေးစေ မည့် လုပ်ငန်းစဉ်များကို လက်ခံခဲ့သည်။ သူမ၏ ယခင်ကစီးပွားရေးပိတ်ဆို့မှုများအပေါ် ထောက်ခံခဲ့မှု ကိုလည်း ဖြေလျော့လာခဲ့ပေသည်။

          သို့သော် သူမနှင့်အဆက်အသွယ်ပြုလုပ်ရန် ခက်ခဲနေဆဲဖြစ်သည်။ စစ်အစိုးရသည် သူမကို Campbell နှင့် Marciel တို့နှင့် ရန်ကုန်မြို့ရှိဟိုတယ်ကြီးတစ်ခုတွင် တွေ့ဆုံရန် ခွင့်ပြုခဲ့မှုသည် ၂၀၀၃ ခုနှစ်သူမအနေအိမ်အကျယ်ချုပ်ကျပြီးကတည်းက ပထမဆုံးအကြိမ်ပြင်ပတွင်ထွက်လာခြင်းဖြစ်သည်။

          ဒေါ်အောင်ဆန်းစုကြည်၏ ခံယူချက်နှင့် သူမ၏ ကဏ္ဍသည် အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒပြောင်းလဲမှုအတွက် အလွန်တစ်ရာ အရေးကြီးသည်ဟု မိမိထင်ကြောင်း Gergetown University မှ ပါမောက္ခ David Steinberg ကပြောပါသည်။

          Steingerg က စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမစခင်အချိန်ကလေး သော်လည်းကောင်း၊ ပြီးကာစအချိန်တွင်လည်းကောင်း လွတ်ပေးဖွယ်ရှိကြောင်းပြောပါသည်။ အမေရိ ကန်တို့ကမူ လက်ခံနိုင်မည်မဟုတ်ကြောင်း၊ ထိုတက်ပို၍ မျှော်လင့်လိမ့်မည်ဟု မိမိထင်ကြောင်း Steinberg ကဆက်ပြောပါသည်။

          သမ္မတ Obama နှင့် နိုင်ငံခြားရေးဝန်ကြီး Hillary တို့ကမူ လက်သီးဆုပ်မထားသူ အားလုံးကို မိမိတို့လက်ကမ်းပေးမည်ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားကာ တစ်ကမ္ဘာလုံးတွင်တွေ့ဆုံဆွေး နွေးရေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။

          ဆီနိတ်တာ Jim Webb က Campbell နှင့် Marciel တို့၏ ခရီးစဉ်သည် မိမိကို အင်အားများ ဖြစ်စေကြောင်း ပြောပါသည်။ Jim Webb သည် ပြီးခဲ့သည့် သြဂုတ်လက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် အဆက်အဆံပြုလုပ်ရေးမူဝါဒတွင် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါ သည်။

          Webb က အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းတွင်တာဝန် သိအဖွဲ့ဝင်တစ်ဦးဖြစ်လာစေရန် တဆင့်ပြီးတဆင့်ချဉ်းကပ်တွန်းအားပေးရမည်ဖြစ်ကြောင်းပြောပါ သည်။

          အမေရိကန်အစိုးရ၏ မြန်မာအစိုးရနှင့် အဆက်အဆံပြုလုပ်ရေးမူဝါဒသည် အမေရိကန် - မြန် မာဆက်ဆံရေးတိုးတက်မှုနှင့် မြန်မာပြည်သူများ၏ လူနေမှုဘ၀များအတွက် အရေးကြီးသော ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း Steinberg ကပြောပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment