6th Nov 2009
Source: japantoday.com
နျူကလီးယား လက်နက်ထုတ်လုပ်ရာတွင် ပြောင်းလဲအသုံးပြုနိုင်သော နည်းပညာကိရိယာများ ကို မြန်မာနိုင်ငံသို့ တင်ပို့ရန် ကြိုးစားခဲ့သော ကုမ္ပဏီဥက္ကဋ္ဌတစ်ဦးကို ယိုကိုဟားမားခရိုင်တရားရုံးမှ ၄ နှစ် ဆိုင်းငံ့ပေးမည့် ထောင်ဒဏ် ၂ နှစ် ကြာသပတေးနေ့က ချမှတ်ခဲ့ပါသည်။ နိုင်ငံခြားကုသွယ်မှုဥပဒေ ကို ချိုးဖောက်ခဲ့သော Keiko Ri 4 နှစ်ကို ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ထားစဉ် အတောအတွင်း ၎င်း၏ တိုကျို အခြေစိုက်ကုန်သွယ်ရေးလုပ်ငန်း Toko Boeki ကို တရားရုံးက ယန်း ၆ သန်း ဒဏ်ငွေပေးဆောင်ရန် အမိန့်ချပါသည်။
ယခုနှစ် နည်းပညာကိရိယာများမှာ နျူကလီးယားလက်နက် ထုတ်လုပ်ရာတွင် အသုံးပြုနိုင် သည့် ပစ္စည်းများဖြစ်သည်။ ယခုလုပ်ရပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အန္တရာယ်ပေးနိုင်သလို နိုင်ငံတွင်း ယုံကြည်မှုကိုလည်း ပျက်ပြားစေသည်ဟု တရားသူကြီး Jui Chiro Kora ကပြောကြားသည်။
နျူကလီးယားလက်နက် ထုတ်လုပ်ရာတွင် လိုအပ်သော ယူရေနီယံ သတ္တုကို ဗဟိုခွာအား နည်းပညာဖြင့် သန့်စင်ရာတွင် ယခုကိရိယာများကို အသုံးပြုနိုင်သည်ဟု သိရှိရသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---