Transparency Myanmar

transparency.myanmar@gmail.com

6 Nov 2009

Source - The Nation

          အမေရိကန်၏မူဝါဒ ပြန်လည်သုံးသပ်မှုများ ရှိနေလင့်ကစား၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို အမှန်အကန် တိုးတက်လုပ်ဆောင်နိုင်ခြင်းမရှိပါက မြန်မာအစိုးရအပေါ် ချမှတ်ထားသော အရေးယူပိတ်ပင်မှုများကို ရုတ်သိမ်းလိမ့်မည် မဟုတ်ပါဟု အမေရိကန် အကြီးတန်း သံတမန်တစ်ဦးက ယမန်နေ့က ပြောကြားသည်။

          မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်မှ အပြန်တွင် အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marcial က "အရေးယူပိတ်ပင်မှု နည်းလမ်းသည် တခုတည်း သီးသန့်အနေဖြင့် ထိရောက်မှုမရှိသော်လည်း ဆက်လက်ထားရှိရန် အမေရိကန်က ဆန္ဒရှိနေပါသည်။ သို့သော် တိုးတက်ပြောင်းလဲမှု ပေါ်မူတည်၍ ဆုံးဖြတ်ဆောင်ရွက်မည် ဟု ပြောခဲ့ပါသည်။

          စစ်ဖက်အုပ်ချုပ်သော နိုင်ငံတွင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်အောင် တိုက်တွန်း အားပေးရန် ရည်ရွယ်သည့် "မြန်မာအစိုးရနှင့် လက်တွေ့ကျကျညှိနှိုင်းဆွေးနွေးရေး" မူဝါဒကို စတင်သည့် အနေနှင့် Marcial နှင့်အတူ ၎င်း၏ အထက်အရာရှိ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Camptell တို့သည် မြန်မာနိုင်ငံသို့ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များ တွင် သွားရောက်ခဲ့ပါသည်။

          မူဝါဒပြန်လည်သုံးသပ်မှုနှင့် ထိပ်တိုက်တွေ့နေသော အချက်မှာ အရေးယူပိတ်ဆို့ မှုများသည် ထိရောက်မှုများသည် ထိရောက်မှုမရှိခြင်းနှင့် အာဆီယံ၏ ဆွေးနွေးညှိနှိုင်းမှု မှာ တိုးတက်မှုမရှိခြင်းပင် ဖြစ်သည်ဟု Marcial ကပြောပါသည်။

          အမေရိကန်၏ မူဝါဒ ပြောင်းလဲသော်လည်း အဓိကရည်မှန်းချက်များပြောင်းလဲခြင်း မရှိပါ၊ မိမိတို့သည် မြန်မာနိုင်ငံကို ငြိမ်းချမ်းသော၊ စည်းလုံးသော၊ ကြွယ်ဝသော၊ နိုင်ငံ သားတို့၏ အခွင့်အရေးကို လေးစားသော၊ ဒီမိုကရေစီထွန်းကားသောနိုင်ငံတစ်ခုအဖြစ် မြင်တွေ့လိုပါသည်ဟု ၎င်းကဆိုပါသည်။

          နှစ်ရက်ကြာခရီးစဉ်အတွင်း Compbell နှင့် Marcial တို့သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အစိုးရကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်များ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

          မြန်မာအာဏာပိုင်များက ၁၈ အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစု ကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အလွတ်ပေးမည်ဟု အမေရိကန်သံတမန်များ အား ကတိပေးခဲ့ခြင်းမရှိပါ။

          Marcial က ၎င်း၏ ခရီးစဉ်ကို နိုင်ငံရေးအကျဉ်းသားမည်ရွေ့မည်မျှ လွှတ်ပေး သည်ဆိုသော အချက်နှင့်တိုင်းတွာခန့်မှန်းမည်မဟုတ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးပြီး ဆွေးနွေးမှုစတင်မှသာ အစစ်အမှန်တိုးတက်မှုဟု သတ်မှတ်နိုင် မည်ဖြစ်ကြောင်းနှင့် မိမိတို့သည် ရှေ့သို့မျှော်ကြည်သော်လည်း အစစ်အမှန်တိုးတက်မှု ကိုသာ လိုလားသည်ဟု ပြောကြားခဲ့ပါသည်။

          မြန်မာအာဏာပိုင်များ၊ အတိုက်အခံပါတီများနှင့် တိုင်းရင်းသား လူမျိုးစုအဖွဲ့ အစည်းများအကြား တွေ့ဆုံဆွေးနွေးခြင်းသည် အမှန်တကယ်တိုးတက်ပြောင်းလဲမှုရရှိ စေမည့် သော့ချက်ပင်ဖြစ်သည်ဟု Marcial ကဆိုပါသည်။

          အားလုံးပါဝင်ခွင့်ဆိုသော နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်ထွန်းမှု မြန်မာနိုင်ငံတွင် မရှိ ခြင်းနှင့် နိုင်ငံရေးလုပ်ငန်းစဉ်တိုးမှုအတွက် မရှိမဖြစ်လိုအပ်သော အဓိကသော့ချက် ပုဂ္ဂိုလ်များအကြား တွေ့ဆုံဆွေးနွေးမှုမရှိခြင်းတို့သည် အဓိကကျသော ပြဿနာပင်ဖြစ် သည်ဟုဆိုပါသည်။

          အားလုံးပါဝင်ခွင့်ရှိသော နိုင်ငံရေးဆိုသည်မှာ လာမည့်နှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးအဖွဲ့အစည်းအားလုံးကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေး ရေးကို ဆိုလိုပါသည်။

          အကယ်၍ အားလုံးအပြည့်အဝပါဝင်နိုင်သော လုပ်ငန်းစဉ်မဟုတ်သလို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီလည်း ပါဝင်ခွင့်မရခဲ့ပါက သိက္ခာရှိ၍ လေးစားယုံကြည် ထိုက်သော ကိစ္စတစ်ခုအဖြစ်ရှုမြင်လက်ခံရန် မိမိအတွက် အလွန်ခက်ခဲပါလိမ့်မည်ဟု Marcial က မှတ်ချက်ပေးလိုက်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment