Transparency Myanmar

transparency.myanmar@gmail.com

From offshore.com, 20th Nov, 09

ဒေဝူးအင်တာနေရှင်နယ်သည် မြန်မာနိုင်ငံရှိ ရွှေသဘာဝဓာတ်ငွေ့ကမ်းလွန် ရေနံရှာဖွေရေး လုပ်ငန်း၏ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဒေါ်လာ . ဘီလီယံ တန်ဖိုးရှိ ကန်ထရိုက်အား Hyundai Heavy Industries (HHI) သို့ ပေးအပ်ခဲ့ပါသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းသည် ဘင်္ဂလား ပင်လယ်အော်ရှိ လုပ်ကွက် A- 1 နှင့် A- 3 တွင်ပါဝင်ပြီး မြန်မာနိုင်ငံအနောက်ဘက် ၇ဝ ကီလိုမီတာ (၄၃. မိုင်) အကွာအဝေးတွင် ရှိပါသည်။ တန်လေးသောင်း (၃၆၂၈၇ မက်ထရစ်တန်) လေးသော ပလက်ဖောင်းသည် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ၅ဝဝ မီလီယ ကုဗပေ ထွက်ရှိမည် ဖြစ်ပြီး ပင်လယ်ရေအောက် ပိုက်လိုင်းဖြင့် Ramree ကျွန်းသို့ ပို့ဆောင်မည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် တရုတ်ပြည်သို့ ကုန်းတွင်းပိုင်း ပိုက်လိုင်းဖြင့် တင်ပို့မည် ဖြစ်ပါသည်။

အဆိုပါ ကန်ထရိုက်အရ HHI သည် အင်ဂျင်နီယာလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူရေး၊ ဆောက်လုပ်ရေး၊ တပ်ဆင်ရေးတို့တွင် တာဝန်ယူရမည် ဖြစ်ပြီး ပလက်ဖောင်း၊ ပင်လယ်အောက် ထုတ်လုပ်ရေးစနစ်၊ ပင်လယ်အောက် ပိုက်လိုင်း၊ ဆိပ်ကမ်းနှင့် သဘာဝဓာတ်ငွေ့စတင် ဖြန့်ဖြူးမည့် နေရာများ တည်ဆောက်မှုတွင်လည်း ပါဝင်ရမည် ဖြစ်သည်။

ဒေဝူးသည် HHI နှင့် အဆိုပါ ကန်ထရိုက်ကို ဒီဇင်ဘာလလယ်တွင် မြန်မာအစိုးရ၏ အတည်ပြုချက် ရယူပြီး လက်မှတ်ထိုးလိမ့်မည် ဖြစ်ပါသည်။ ထိုစီမံကိန်းသည် ၂ဝ၁၃ မတ်လတွင် ပြီးစီးရန် သတ်မှတ်ထားပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment