Transparency Myanmar

transparency.myanmar@gmail.com

From CNN (20 - Nov - 2009)

အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် ကြာသပတေးနေ့က တောင်ကိုရီးယား သမ္မတ Lee Myung bak နှင့် တွေ့ဆုံရာတွင် အမေရိကန်အစိုးရသည် ပြုံယမ်း၏ နျူကလီယာ အစီအစဉ်များ ဖျက်သိမ်းရေးကိစ္စကို နှစ်နိုင်ငံ ဆွေးနွေးရေးအတွက် Stephen Bosworth ကို မြောက်ကိုရီးယားသို့ ရှေ့လတွင် စေလွှတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အကယ်၍ မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယာ လက်နက်အစီအစဉ်များ ဖျက်သိမ်းရေးနှင့် လုပ်ဆောင်ရန် ရှိသည်များကို နောက်မဆုတ်ဘဲ ခိုင်မာသော ခြေလှမ်းများကို မြင်တွေ့ရပါက အမေရိကန်သည် စီးပွားရေး အကူအညီများပေးမည့် အပြင် နိုင်ငံတကာသို့လည်း စုစည်း၍ ကူညီနိုင်အောင် ဆော်သြပေးမည်ဖြစ် ပါသည်ဟု Obama က ပြောခဲ့ပါသည်။ အဆိုပါ အခွင့်အလမ်းကောင်းများအတွက် မြောက်ကိုရီးယားအား ခြိမ်းခြောက်မှုများ ပြုလုပ်လိမ့်မည် မဟုတ်သော်လည်း လုပ်ငန်းဆောင်တာများကို အများ မျှော်လင့်သည့်အတိုင်း ကောင်းမွန်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း Obama က ဆက်ပြောသွားပါသည်။

Bosworth ခရီးစဉ်သည် ဒီဇင်ဘာလ ရက်တွင် စတင်မည် ဖြစ်ပါသည်။ မြောက်ကိုရီးယားအား ၎င်းတို့၏ နျူကလီးယားအစီအစဉ်များ စွန့်လွှတ်ရန် နားချသည့် အလုပ်သည် ရိုးစင်းသော ကိစ္စတစ်ခုမဟုတ် ကြောင်း၊ ရက်သတ်မှတ်၍လည်း မရကြောင်း၊ တောင်ကိုးရီးယား သမ္မတ Lee က Obama နှင့် ပူးတွဲ သတင်းစာ  ရှင်းလင်းပွဲတွင် ပြောပါသည်။ လွယ်ကူလိမ့်မည် မဟုတ်သော်လည်း ယခုကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မိမိယုံကြည်ကြောင်း Lee က ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ၏ အာရှတိုက်ခရီးစဉ် အဆုံးတွင် တိုးတက်မှုတစ်ခုကား ထွက်ပေါ်လာခဲ့ပါ သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များက မြောက်ကိုရီးယားသည် အမေရိကန်နှင့် တိုက်ရိုက် စကားပြောရန် ကြိုးစားလာခဲ့ရာ၊ အမေရိကန် အာဏာပိုင်များက အမေရိကန် အပါအဝင် အခြားနိုင်ငံများနှင့် ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်ရေးအတွက် လမ်းစဖြစ်ကြောင်း ယူဆခဲ့ကြပါသည်။

Bosworth ခရီးစဉ်ကို ယခင်က ထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း၊ သွားရောက်မည့် ရက်ကိုမူ ထိုစဉ်က ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပါ။ အမေရိကန်အနေဖြင့် Bosworth ခရီးစဉ်သည် အကန့်အသတ် ရှိသော သံတမန်ရေးရာ လှုပ်ရှားမှုတစ်ခုသာ ဖြစ်ပြီး၊ နိုင်ငံပေါင်းစုံပါဝင်သော ဆွေးနွေးပွဲကို အစားထိုးခြင်း မဟုတ်ကြောင်း၊ သေချာစွာ ဂရုစိုက် ဖော်ပြခဲ့ပါသည်။

မိမိတို့၏ ရည်ရွယ်ချက်မှာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ အစောဆုံး ပြန်လည် ကျင်းပနိုင်ရေးအတွက် အကူအညီ အထောက်အပံ့များ ပေးရေးသာ ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန အစည်းအဝေးတွင် P.J. Crowley က ပြောပါသည်။

မြောက်ကိုရီးယား၏ နျူကလီယာ အစီအစဉ်အတွက် ကျင်းပနေသော ခြောက်နိုင်ငံ ဆွေးနွေးပွဲမှာ ရပ်ဆိုင်းလျက် ရှိနေပြီး၊ ယခု Bosworth ခရီးစဉ်သည် ခြောက်နိုင်ငံအစည်းအဝေးပြန်လည် ကျင်းပရေး ကို ဦးတည်နိုင်လိမ့်မည်ဟု ယူဆရပေသည်။

မိမိတို့၏ မျှော်လင့်ချက်များအတွက် ဖြစ်နိုင်ချေများကို မိမိတို့ သဘောပေါက်ပြီး ဖြစ်ကြောင်း၊ ယခု မြောက်ကိုရီးယား နှင့် ဆွေးနွေးရန် ကိစ္စမှာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ကိစ္စပင် ဖြစ်ကြောင်း၊ သို့သော် အဓိက ထင်ရှားသော အချက်မှာ မြောက်ကိုရီးယားတို့အနေဖြင့် နျူကလီယာကင်းစင်ရေးအတွက် အပေါင်းလက္ခဏာ ဆောင်သော ခြေလှမ်းများ လှမ်းရေးပင် ဖြစ်ကြောင်း Crowley က ပြောသွားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment