Transparency Myanmar

transparency.myanmar@gmail.com

15 Nov 2009

          ယခု ဆွေးနွေးမှုသည် ကမ္ဘာလုံးဆိုင်ရာ ဟန်ချက် ပြန်လည် ထိန်းညှိရေးနှင့် ပတ်သက်ပါသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ၎င်း၏ ပထမဆုံး အာရှခရီးစဉ်တွင် ရှားပါးသော သမိုင်း အလှည့်အပြောင်း တစ်ခုနှင့် ပတ်သက်၍ ဆွေးနွေး ပြောဆိုခဲ့ပါသည်။ ယခုအချိန်သည် ကွဲပြား ခြားနားသော လမ်းကြောင်းတစ်ခုကို ရွေးချယ်ရန် အခွင့်အရေး ရှိနေပါသည်။ အာရှစားသုံးသူများက ပိုမို သုံးစွဲလာပြီး အမေရိကန် ထုတ်လုပ်သူများက ပိုမို တင်ပို့နိုင်မည့် ပုံစံကို ထိန်းညှိရယူရန် အခွင့်အရေးပင် ဖြစ်ပါသည်။

          ကမ္ဘာပေါ်ရှိ စီးပွားရေး အင်အားစုတိုင်းက အရေးတကြီး လုပ်ဆောင်ရမည့် ယခု မဟာဗျူဟာကို APEC ခေါင်းဆောင်များက အပြည့်အဝ သဘောတူကြပါသည်။ သို့ရာတွင် စင်ကာပူ APEC အစည်းအဝေး၏ အသွင်သဏ္ဍာန်နှင့် ယခု အလှည့်အပြောင်းကို ဆောင်ရွက်ရာတွင် တွေ့ရမည့် ပြဿနာများကို ရှုမြင်ကြည့်ပါက အကြီးဆုံး ပြဿနာမှာ တရုတ်နိုင်ငံ ဖြစ်နေသည်ကို တွေ့ရပါမည်။

          လွန်ခဲ့သော နှစ်နှစ်ကျော်ကပင် တရုတ်နိုင်ငံသည် ၎င်း၏ ငွေကြေးကို အမေရိကန် ဒေါ်လာနှင့် ယှဉ်ပြိုင်နိုင်ရန် စတင် ခွင့်ပြုခဲ့ပါသည်။ တစ်ချိန်ထဲမှာပင် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်း ဖြစ်ပွားခဲ့ပြီး ၎င်း၏ ငွေကြေးတန်ဘိုး ၂၀% တက်သွားပါသည်။ အဆိုပါ ငွေကြေး အကြပ်အတည်း၏ အချက်ပြမှုကြောင့် တရုတ်က ငွေလဲလှယ်မှု နှုန်းထားကို တစ်ဒေါ်လာလျှင် . ယွမ်ဖြင့် ထိန်းချုပ် သတ်မှတ်လိုက်ပါသည်။

          လွန်ခဲ့သည့် တစ်နှစ်ခန့်ကမူ ကျဆင်းနေသော အမေရိကန်ဒေါ်လာနှင့် ပြောင်းပြန် တရုတ်ယွမ်ကို တန်ဖိုး လျော့ချထားမှုကြောင့် တရုတ်၏ အာရှ ကုန်သွယ်ဖက်နိုင်ငံများအတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာပါသည်။ သို့ဖြစ်၍ ငွေလဲနှုန်းကို ထိန်းချုပ်ထားသော တရုတ်အား မသိမသာ ဖိအားပေးရေး ကိစ္စကို စင်ကာပူ APEC အစည်းအဝေးတွင် အရေးတကြီး ဆွေးနွေးမည် ဖြစ်သည်။

          ဘဏ္ဍာရေးဝန်ကြီးများက ငွေလဲနှုန်း အရှင်ထားရန် ဆွေးနွေးခဲ့ကြပြီး APEC ခေါင်းဆောင်များက ငွေလဲနှုန်းကို ဈေးကွက်အခြေပြု သတ်မှတ်ရန် မျှော်လင့်ထားကြပါသည်။ အားလုံးက မျှော်လင့် မှန်းဆထားကြသည်မှာ တရုတ်ငွေကြေး လဲလှယ်နှုန်းကို ဈေးကွက်ပေါ်တွင် အခြေပြုသည့် စနစ်ဖြစ်ပေါ်လာရန် မရမက တွန်းအားပေးကြရေးပင် ဖြစ်ပါသည်။

          သို့ရာတွင် နောက်ဆုံး၌ ဈေးကွက်အခြေပြု ငွေလဲလှယ်ရေး ကိစ္စနှင့်ပတ်သက်သည့် ရည်ညွှန်းချက်များကို ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်မှ ပယ်ဖျက်ခဲ့ပါသည်။ ၎င်းကြေညာချက်နှင့် ပတ်သက်၍ အမေရိကန် - တရုတ် တံခါးပိတ် အစည်းအဝေးတွင် အငြင်းအခုန် ဖြစ်ခဲ့ကြပြီး နောက်ဆုံး တရုတ်က အသာစီးရသွားခြင်း ဖြစ်သည်။

          ယခုကိစ္စတွင် တရုတ်နိုင်ငံအနေနှင့် အဆင်သင့်ဖြစ်သည့် အခါမှသာ စတင် ဆောင်ရွက်လိမ့်မည်ဟု ယူဆရပါသည်။ အမေရိကန်က ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ပါ။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment