Transparency Myanmar

transparency.myanmar@gmail.com

By Mungpi ,20th Nov, 09 (From Mizzima)

မြန်မာအစိုးရသည် အတင်းအကျပ်စေခိုင်းမှုများကို ဖယ်ရှားရန် စုံစမ်းရေး ကော်မရှင်က တင်ပြထားသော အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်ဟု ILO စီမံ အုပ်ချုပ်ရေးအဖွဲ့က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ILO အထူးအရာရှိက တင်ပြသော သတင်းအချက်အလက်များနှင့် မြန်မာအစိုးရ အမြဲတမ်း ကိုယ်စားလှယ်က တင်ပြသော အစီရင်ခံစာအပေါ် မူတည်၍ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတွင်း အဓမ္မ စေခိုင်းမှုများကို လုံးဝဖယ်ရှားရန် စုံစမ်းရေး ကော်မရှင်၏ အကြံပြုချက်ကို အကောင်အထည်ဖော်ရေး (ညီလာခံ ဥပေဒေ နံပါတ် ၂၉ / ၁၉၃ဝ) ကို အပြည့်အဝ လိုက်နာရန် မြန်မာနိုင်ငံသည် ယခုအချိန်ထိ ပျက်ကွက်နေဆဲဟု ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ယခု ဆုံးဖြတ်ချက်တွင် ယခင် ကောက်ချက်များကို ပြန်လည် ဖော်ထုတ်ခဲ့ပြီး အဓမ္မစေခိုင်းမှုများ ဆက်လက်ပြုလုပ်နေမှုကို ရပ်ဆိုင်းသည့် ကြေငြာချက် ထုတ်ပြန်ရန်နှင့် အသင်းအဖွဲ့၏ လွတ်လပ်ခွင့် ရရှိမှုကို လေးစားရန် တိုက်တွန်းထားပါသည်။

          ILO အုပ်ချုပ်မှုအဖွဲ့က မြန်မာအစိုးရအား အဓမ္မခိုင်းစေမှုများနှင့်ပတ်သက်သော အစီရင်ခံစာ များကို တင်ပြခွင့်ပြုရန် အဆက်မပြတ် ဆောင်ရွက်ရန် သို့မှသာ အဆိုပါ အလေ့အထများ ရပ်ဆိုင်းသွား ပြီး ကျူးလွန်သူများကို တရားစွဲဆိုခြင်း၊ အပြစ်ပေးခြင်း ပြုလုပ်နိုင်မည်ဟု ဆိုပါသည်။

          ရေနံ၊ ဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့ အခြေခံအဆောက်အဦ စီမံကိန်းများကို စောင့်ကြည့် လေ့လာရန် တဦးတစ်ယောက်ချင်းက သတိပြုသင့်ကြောင်း ဆုံးဖြတ်ချက်က ဆိုပါသည်။ အတင်းအကျပ် စေခိုင်းမှုများနှင့် ပတ်သက်သော တိုင်ကြားချက်များကို ရန်ကုန်ရှိ ILO အထူးအရာရှိမှ တစ်ဆင့် မြန်မာနိုင်ငံသားများ တင်ပြနိုင်မည့် အစီအစဉ်ကို ၂၀၀၉ ဖေဖော်ဝါရီတွင် ILO နှင့် မြန်မာအစိုးရတို့က နောက်ဆက်တွဲ နားလည်မှု တစ်ရပ်အဖြစ် သဘောတူခဲ့ပါသည်။

          အဆိုပါ သဘောတူညီချက်အရ သတင်းပို့ တိုင်ကြားရေး လုပ်ငန်းစဉ်ကို ပူးပေါင်း ဆောင်ရွက်သူများ၊ တိုင်ကြားသူများကို ဖိအားပေးခြင်း၊ ပြစ်ဒဏ်ပေးခြင်းများမှ လွတ်မြောက်ခွင့် ရရန် အာမခံထားသော စည်းကမ်း ပါဝင်သည်ဟု သိရှိရပါသည်။

          မြန်မာအစိုးရနှင့် ILO အဖွဲ့ကြား သဘောတူညီချက် ရရှိထားသော်လည်း နိုင်ငံတွင်းတွင် အဓမ္မ စေခိုင်းမှုများ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုထားပါသည်။

          နောက်ဆက်တွဲ နားလည်မှုတစ်ရပ်ဖြစ်သည့် သတင်းပို့တိုင်ကြားရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သူများ၊ ပါဝင်ဆောင်ရွက်သူများ၊ တိုင်ကြားသူများအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားရာမှ အမြန်ဆုံး လွှတ်ပေးရန် ILO အုပ်ချုပ်ရေး အဖွဲ့က တောင်းဆိုခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများအား ချွင်းချက်မရှိ လွှတ်ပေးရန် ထပ်မံ တောင်းဆိုခဲ့ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment