Transparency Myanmar

transparency.myanmar@gmail.com

          ကျူးဘား ကွန်မြူနစ်အစိုးရကို ဖေန်ပြစ်တင် ရေးသားမှုများ ပြုလုပ်လျက်ရှိသော အင်တာနက် ဘလော့ရေးသူ (Blogger) အမျိုးသမီးတစ်ဦးနှင့် အမေရိကန်သမ္မတ ဘားရက် အိုဘားမားတို့ စာဖြင့်အပြန်အလှန် ဆက်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း ဘီဘီစီ သတင်းဌာနက ဆိုသည်။

အဆိုပါ ဘလော့ဂါမှာ ကျူးဘား-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက် အမေ ရိကန် သမ္မတ အိုဘားမားအား အီးမေးလ်ဖြင့် မေးခွန်းများ ပေးပို့မေးမြန်းခဲ့ကြောင်း၊ ထိုမေးခွန်းများနှင့် ဆက်စပ်ပြီး အိုဘားမားက ဖေန်မှတ်ချက် ပြုချက်များ ပြန်ပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ဘလော့ဂါ၏ အမည်မှာ ယိုနီဆန်ချက် ဖြစ်ပြီး ၏ အင်တာနက် ဘလော့ စာမျက်နှာမှာ အကောင်းဆုံးဆု ရရှိထားသည်။ မစ္စ္စ္စယိုနီဆန်ချက်၏ ကျူးဘား-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်သည့် မေးခွန်းတစ်ခု အပေါ် အိုဘားမားက မိမိတို့ နိုင်ငံသည် ကျူးဘားနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ထူထောင်လိုပါသည်ဟု တုံ့ပြန်ဖြေကြားသည်။ သို့သော် ယင်းသို့ ဆက်ဆံရေး ကောင်းမွန်နိုင်မှုဟူသော အချက်မှာ ကျူးဘားနိုင်ငံ ပေါ်တွင်သာ မူတည်ပါကြောင်း အိုဘားမားက ဆိုသည်။

          အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်သော မစ္စယိုနီသည် အမေရိကန် သမ္မတအား မေးခွန်းများ ပေးပို့ခဲ့သလို ကျူးဘား သမ္မတ ရာအူးကက်စထရို ထံသို့လည်း ပေးပို့ခဲ့သည်။ သို့သော် ရာအူးကက်စထရို က သူမ၏မေးခွန်းများကို ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။ အမေရိကန် အိမ်ဖြူတော် အစိုးရက သမ္မတအိုဘားမား မစ္စယိုနီထံသို့ အီးမေးလ်ဖြင့် စာပြန်ခဲ့သည် ဟူသော သတင်းမှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

အမေရိကန် အစိုးရအနေဖြင့် ကျူးဘားအစိုးရနှင့် တိုက်ရိုက်တွေ့ဆုံ စကားပြော မည်လောဟု မေးမြန်းရာ အိုဘားမားက စကားပြောရရေး သက်သက်အတွက် စကားပြောရခြင်းကို စိတ်မင်စားကြောင်း ပြောကြားသည်။

          အိုဘားမားက ကျူးဘားနိုင်ငံနှင့် တိုက်ရိုက် သံတမန်ဆက်ဆံရေး ထူထောင်လိုသည်ဟု ဆိုသည်။ "ကျူးဘားနိုင်ငံ အရေးကိစမှာ စစ်ရေး အင်အားသုံးပြီး ဖြေရှင်းဖို့ ကျွန်တော်တို့ ရည်ရွယ်ချက် မရှိပါဘူး။ ကျူဘားနိုင်ငံရဲ့ ပြည်သူတွေသာ နိုင်ငံတွင်း အပြုသဘော ဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် လုပ်နိုင်မှာပါ။ ကျူးဘားပြည်သူတွေ အနာဂတ် ကာလမှာ အလားအလာရှိမယ့် ကိစ္စတွေ ဖော်ဆောင် လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်" ဟု အိုဘားမားက မစ္စယိုနီထံ စာရေးသား ပေးပို့သည်။

          မစ္စယိုနီ၏ ဘလော့အမည်မှာိုင်မျိုးဆက်သစ် ဘလော့ ဟူဖြစ်ပြီး ကျူးဘား လူမျိုးများ၏ နိစ္စဓူလူမှုဘ အကြောင်းကို အထူးဖော်ထုတ် ရေးသားလျက် ရှိသည်။ိုင်မျိုးဆက်သစ် ဘလော့သည် နိုင်ငံတကာ သတင်းစာ ဆုပေါင်းများစွာ ရရှိခဲ့ပြီး ဖြစ်သည်။ ကျူးဘားမြို့တော် ဟာဗားနားအခြေစိုက် ဘီဘီစီ သတင်းထောက်က မစ္စယိုနီ၏ ဘလော့မှာ နောက်ပိုင်းတွင် နိုင်ငံရေးနှင့် ပတ်သက်သော အကြောင်းအရာများ ပိုမိုပါင်လာကြောင်း ပြောကြားသည်။

မစ္စယိုနီ အား လွန်ခဲ့သည့် တစ်ပတ်ခန့်က ဘလော့နှင့် ပတ်သက်ပြီး ကျူးဘား အာဏာပိုင်များ က ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ "သူတို့က မစ္စယိုနီကို ရိုက်နှက် မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ သိရတယ်။ အမေရိကန် နိုင်ငံခြားရေးန် ကြီးဌာန အကြောင်းကို သူမရဲ့ဘလော့မှာ တင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးလုပ်တာ" ဟု ဘီဘီစီ သတင်းထောက်က ပြောသည်။ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန်သော ကြေညာချက် တစ်ရပ်တွင် ကျူးဘားသမ္မတ ရာအူးကက်စထရိုသည် ၏ အကိုဖြစ်သူ ဖီဒယ်ကက်စရို လက်ထက်က ကျင့်သုံးခဲ့သော ဖိနှိပ်ချုပ်ခြယ်သည့် မူါဒများ ကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းလျက် ရှိကြောင်း ရေးသားထားသည်။

ဘီဘီစီသတင်းဌာန၏ President Obama replies to Cuba's dissident blogger သတင်းကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။ 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment