Transparency Myanmar

transparency.myanmar@gmail.com

          ဂျပန်၊ စင်ကာပူ၊ တရုတ်နှင့် တောင်ကိုရီးယား အစရှိသည့် နိုင်ငံများကို သွားရောက်ခဲ့သော အမေရိကန်သမ္မတ အိုဘားမာ၏ ခရီးစဉ်နှင့် ပတ်သက်သော သတင်းများကို ဖတ်ကြည့်ပါက အိုဘားမားသည် ခရီးစဉ်အတွင်း အောင်မြင်သော အရေးကိစမြောက်မြားစွာ အကောင်အထည် ဖော်နိုင်ခဲ့သည်ဟု ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။

          တစ်ချိန်တည်းမှာပင် အမေရိကန် အစိုးရမှ အရေးကြီး ပုဂ္ဂိုလ်များနှင့် ကမ္ဘာ့ နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များ နိုင်ငံအသီးသီးတွင် လက်ခံတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ကြသည့် သတင်းများမှာ အမေရိကန် ပြည်ထောင်စုအတွက် အလွန်အမင်း အရေးပါသော ကိစ္စတစ်ခု ဖြစ်လာသည်။

          သမ္မတ အိုဘားမား၏ အာရှပစိဖိတ် ခရီးစဉ်တွင် လွန်စွာ အရေးပါခဲ့သည်မှာ ဂျပန် ခရီးစဉ် ဖြစ်သည်။ ဂျပန်နိုင်ငံသည် န်ကြီးချုပ်သစ် ယူကီယိုဟာတိုယားမား ဦးဆောင်သော အစိုးရအဖွဲ့သစ်၏ အုပ်ချုပ်မှု လက်အောက်တွင် စတင်ရောက်ရှိ နေပြီဖြစ်သည်။ အဆိုပါ အစိုးရသစ်သည် အမေရိကန် ပြည်ထောင်စု၏ ကာလကြာရှည်သော မဟာမိတ် အစိုးရအဖွဲ့ နေရာတွင် အစားထိုး င်ရောက်လာသူ ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေး၊စီပွားရေး အစရှိသည့် အခန်း ကဏ္ဍသစ်များကို ဖော်ဆောင်နေသူ လည်းဖြစ်သည်။ သမ္မတ အိုဘားမား၏ ဂျပန်ခရီးစဉ်သည် ဂျပန်နိုင်ငံတွင် ရှိနေခဲ့သော အမေရိကန် ဆန့်ကျင်ရေး သဘောထားများကို နူးညံ့ ပျော့ပျောင်း လာအောင် လုပ်နိုင်ခဲ့သည် ဟုယူဆရသည်။

          ထို့အတူ တရုတ်ပြည် ခရီးစဉ်သည်လည်း သမ္မတအိုဘားမားအတွက် အလွန်တရာပင် အရေးကြီးခဲ့ပါသည်။ အိုဘားမားက တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းများ၏ တင်းမာသော သဘောထားများကို ပြင်းပြင်းထန်ထန် သော်လည်းကောင်း၊ သိသိသာသာ သော်လည်းကောင်း ဖေန်မှု မပြုလုပ်ခဲ့သည်မှာ ထင်သာပါသည်။ ဥပမာ ပြောရလျှင် တရုတ် ကွန်မြူနစ် အစိုးရ၏ နိမ့်ကျသော လူ့အခွင့်အရေး မှတ်တမ်းများ ဖြစ်သည့် နိုင်ငံရေး တင်းကြပ်မှု၊ ဘာသာရေးချုပ်ခြယ်မှု၊ တိဘက်ကိစအပါအင် တရုတ် မွတ်စလင် လူမျိုးများ ဖြစ်သည့်ီဂါလူမျိုးစု များအပေါ် ခွဲခြား ဆက်ဆံမှုများ ကို ထုတ်ဖော် သတိပေးခဲ့ခြင်းမျိုး မပြုလုပ်ခဲ့ပေ။

          အိုဘားမားက တရုတ်၏ တင်းမာမှု များအပေါ် ပျော့ပျောင်းစွာ သဘောထားခဲ့သည်မှာ တရုတ်က အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာကို ပိုင်ဆိုင်ထား သောကြောင့် ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ အမေရိကန်၏ ငွေတိုက် စာချုပ်များကိုလည်း တရုတ်ပြည်က ပိုင်ဆိုင် ထားသည်။ အကယ်အနာဂတ် ကာလတွင် အမေရိကန် ဘဏ္ဍာရေးမှာ အကျပ်အတည်းမှ ပြန်လည် မလွတ်မြောက် နိုင်သေးပါက အိုဘားမား အနေဖြင့် တရုတ်ပြည်ကို ယင်းသို့ပင် ဆက်ဆံရမည့် သဘောတွင် ရှိသည်။

          ပိုတိတိကျကျ ပြောရလျှင် အိုဘားမားသည် ယခင်သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် လက်ထက်က ကျင့်သုံးခဲ့သည် သံတမန် နည်းလမ်းနှင့် မတူသော ချဉ်းကပ်မှု သစ်ကို ကျင်သုံးကောင်း ကျင့်သုံးနေသည် လည်းဖြစ်နိုင်ပါသည်။ သမ္မတဘွတ်ရှ် လက်ထက်က ကျင့်သုံးခဲ့သော နည်းလမ်းမှာ လူအများရှေ့မှောက်တွင် ကောင်းမွန်စွာ ဆက်ဆံပြောဆိုပြီး ကွယ်ရာရောက်မှ ဖိနှိပ်သည့် ဆက်ဆံရေးမျိုး ဖြစ်သည်။ အကယ်အိုဘားမားသာ ယင်းသို့ သံတမန် နည်းလမ်းသစ်ကို ကျင့်သုံးခဲ့ရိုး မှန်ကန်ပါက သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ် လာမည်သာ ဖြစ်သည်။

          တရုတ်နှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ပြုမည်ဟု နှစ်ဦးနှစ်ဖက် အပြန်အလှန် သဘောတူညီခဲ့သည့် ကိစ္စမှာ အောင်မြင်မှုရှိသော ကိစ္စဟု ဆိုရပါမည်။ တရုတ်နှင့် ရာသီဥတု ပြောင်းလဲမှုကို ပူးပေါင်း ဖြေရှင်းမည်ဟူသော သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်ပြည်ထောင်စု အနေဖြင့် သဘာပတ်န်းကျင် ထိန်းသိမ်းရေးကို တစ်ကိုယ်တော်  ဆောင်ရွက်ရန် လွယ်ကူမည် မဟုတ်ပေ။ အမှန်ပြောရလျှင် အဆိုပါ သဘော တူညီချက်သည် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်ပြည် အတွက်သာမက ဥရောပ၊ အာရှ အပါအင် တစ်ကမ္ဘာလုံး အတွက် အရေးကြီးသော ကိစ္စဖြစ်ပါသည်။ လာမည့် ဒီဇင်ဘာလ ကိုပင်ဟေဂင်တွင် ကျင်းပ ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲတွင် အဆိုပါ သဘောတူညီချက်မျိုး ရရှိရန် လွယ်ကူမည် မဟုတ်ပေ။ အမေရိကန်နှင့် တရုတ် သမ္မတနှစ်ဦးသည် အခြားသော အရေးပါသည့် ကိစ္စများကိုလည်း ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ကြေညာခဲ့သည်။

          ယေဘုယျကျကျ ပြောပါက အိုဘားမားသည် အာရှခရီးစဉ်တွင် အချိန်အတော်ယူကာ မစ်ရှင်များကို အကောင်အထည် ဖော်ခဲ့ရသည်။ ဖြစ်နိုင်ခြေ ရှိသည်မှာ ထိုခရီးစဉ်မှ ရရှိလာမည့် အကျိုးအမြတ် စေုမှာ အချိန်ကာလ ကြာမြင့်လာပါမှ ရရှိ လာပေလိမ့်မည်။ ရလဒ်မှာ သီးသန့်သဘောမျိုး ဆောင်နေမည့် သဘောတွင် ရှိသည်။ အကြောင်းမှာ အိုဘားမား အကောင်အထည် ဖော်နေသော သံတမန် နည်းလမ်းမှာ သူမတူအောင် နူးညံ့သိမ်မွေ့ သောကြောင့်ပင်။

Pittsburgh Post Gazette သတင်းစာ၏ ခေါင်းကြီးပိုင်းဖြစ်သော Obama's Asian trip may produce benefits later ကိုဆီလျော်အောင် ဘာသာပြန်ပါ သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment