Transparency Myanmar

transparency.myanmar@gmail.com

Indoburman News . net,24 Nov 2009

          မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အနေအထားကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ နယ်ပယ်တွင် တရုတ်နှင့် အိန္ဒိယက အပြိုင်အဆိုင် ပူးပေါင်း ဆောင်ရွက်ရန် ကြိုးစားလာမှုအပေါ်၌ အကျိုးအမြတ် ရယူရန် အခွင့်အရေး ရှိနေပါသည်။ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးက မဟာဗျူဟာ မြောက် စစ်ရေးနှင့် စီးပွားရေး အကြောင်းအရင်းများကြောင့် အိန္ဒိယ သမုဒ္ဒရာကို ထိန်းချုပ်ရန် ကြိုးစားနေကြပါသည်။

          အမေရိကန်ပြည်ထောင်စုသည် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်ခြေ ရှိသည်။ အရှေ့တောင် အာရှဒေသတွင် စစ်အင်အား ဖြည့်တင်းရန် ကြိုးစားနေပြီး အင်ဒိုနီးရှားနိုင်ငံ Banda Ache တွင် လေတပ် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခဲ့ပြီး ဖြစ်ပါသည်။ ရေနံထွက်ရာ အရှေ့အလယ်ပိုင်း ဒေသမှ မလက္ကာ ရေလက်ကြားအထိ ကျယ်ပြန့်သော ဒေသတစ်ခုလုံးကို စစ်ရေးအရ တစ်ဦးတည်း လွှမ်းမိုးရန် အမေရိကန်က ဆုံးဖြတ်ထားပြီး တရုတ်နိုင်ငံကလည်း မြန်မာနှင့် ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ခြေလှမ်းစနေပြီ ဖြစ်ပါသည်။

          အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ထားသော မလက္ကာ ရေလက်ကြားသည် ပါရှန် ပင်လယ်ကွေ့နှင့် တရုတ်နိုင်ငံအကြား အတိုဆုံး ရေလမ်းကြောင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ သည်လည်း တရုတ်နိုင်ငံသို့ ရေနံနှင့် အခြားကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ဖြစ်နိုင်ခြေရှိသော ထောက်ပံ့ရေး လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။

          မြန်မာရေနက် ဆိပ်ကမ်း ကျောက်ဖြူနှင့် ယူနန်ပြည်နယ် ကူမင်းတို့ကြားတွင် ဆက်သွယ်မည့် ရေနံပိုက်လိုင်း စီမံကိန်းကို "ဘီဂျင်း"က ၂၀၀၆ တွင် အတည်ပြုခဲ့ပါသည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး ကာကွယ်ရေးဆိုင်ရာ မဟာမိတ် ဖြစ်၍ စစ်လက်နက်ပစ္စည်းနှင့် လေ့ကျင့်ရေး သင်တန်းများကို အများဆုံး ထောက်ပံ့ ကူညီနေပါသည်။

          မြန်မာနိုင်ငံအပေါ် တရုတ်၏ လွှမ်းမိုးမှု ကြီးမားလာခြင်းကို တုန့်ပြန်ရန်အတွက် အိန္ဒိယနိုင်ငံကလည်း ၎င်း၏ အရှေ့ဘက် အိမ်နီးချင်း မြန်မာနှင့် ဆက်ဆံရေး အားကောင်းလာရန် ကြိုးစားနေပါသည်။ အိန္ဒိယ နိုင်ငံက ၎င်းအတွက် မဟာဗျူဟာမြောက် အရေးပါသည့် မြန်မာနိုင်ငံတွင်းရှိ (တရုတ်နှင့် ကွဲပြားသော) စီမံကိန်းများတွင် ဒေါ်လာသန်းပေါင်းများစွာ မြှုပ်နှံလျက် ရှိပါသည်။

          မြန်မာနိုင်ငံ ကိုကိုးကျွန်းနှင့် ပါကစ္စတန် Guadar ရှိ အခြေစိုက် တရုတ်ဆိပ်ကမ်းများကြောင့် အိန္ဒိယ ပတ်လည် ရေပြင်ကို စိုးမိုးမှုအဖြစ် အိန္ဒိယက အထူးသဖြင့် စိုးရိမ်ပူပန်နေပါသည်။ ၎င်းအပြင် တရုတ်ကို အမီလိုက်ရန်အတွက် အိန္ဒိယသည် ၎င်း၏ စစ်အင်အားကို အချိန် ကြာမြင့်စွာကပင် တိုးမြှင့် တည်ဆောက်ခဲ့ပါသည်။ လက်ရှိအချိန်တွင် အိန္ဒိယသည် အမေရိကန်ပြည်ထောင်စုနှင့် ရင်းနှီးသော ဆက်ဆံရေး ထူထောင်ရန် စတင် ဆောင်ရွက်နေပါသည်။

          အထက်ပါ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှ ဖြစ်ရပ်မှန်များကို ထည့်သွင်း စဉ်းစားပါက ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်လည်း ၎င်း၏ အိမ်နီးချင်းများနှင့် ဆက်ဆံရာတွင် အရေးကြီးသော အမျိုးသား အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်နိုင်ရန် မူဝါဒနှင့် အစီအစဉ်များကို သတိကြီးကြီးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်နေသည်ဟု သုံးသပ်လိုက်ရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment