Transparency Myanmar

transparency.myanmar@gmail.com

Xinhua news,2 - Dec - 2009

        ရန်ကုန်မြို့တွင် နေ့စဉ် စွန့်ပစ်နေသော ပလပ်စတစ် အမှိုက်များမှ စွမ်းအင် ထုတ်ယူရာတွင် ဂျပန်က မြန်မာကို ကူညီမည်ဟု ယမန်နေ့ ဌာနဆိုင်ရာ သတင်းများတွင် ဖေါ်ပြခဲ့ပါသည်။

          ရန်ကုန်မြို့တော်သူ မြို့တော်သားများအား ပလပ်စတစ် စွန့်ပစ်ပစ္စည်းများကို သီးခြား စွန့်ပစ်ရန် အကြံပေး ညွှန်ကြားထားပြီး၊ သို့မှသာလျှင် အလွယ်တကူ လောင်ကျွမ်းနိုင်မည်ဟု ဆိုပါသည်။

          ယခုနှစ် ဇွန်လမှစ၍ မြို့ကြီးအချို့တွင် ကျွတ်ကျွတ်အိတ်ပါး အသုံးပြုမှုကို စတင် တားမြစ်ခဲ့ပြီး၊ ဒုတိယမြို့တော် မန္တလေးတွင် ပထမဆုံး စတင်ကာ ခရီးသွားဒေသ ပုဂံနှင့် မြို့တော်သစ် နေပြည်တော် တို့တွင်လည်း စတင် ဆောင်ရွက်နေပါသည်။

          ရန်ကုန်မြို့တော်တွင်မူ ကျွတ်ကျွတ်အိတ်ပါး အသုံးပြုမှု တားမြစ်ခြင်းကို ယခုတိုင် မထုတ်ပြန်သေးဘဲ ကျွတ်ကျွတ်အိတ် ထုတ်လုပ်မှုကို နိုဝင်ဘာလကုန်တွင် အရင် ရပ်ဆိုင်းရန် အာဏာပိုင်များက ရာဇသံ ပေးထားပါသည်။

          သို့သော်လည်း လုပ်ငန်းရှင်များ၏ တောင်းဆိုမှုအရ အာဏာပိုင်များက ထုတ်လုပ်မှု ရပ်ဆိုင်းရမည့် နောက်ဆုံးရက်ကို လေးလ နောက်ဆုတ်ပေးခဲ့ပါသည်။ အဆိုပါ သက်တမ်းတိုး ကာလအတွင်း ကျွတ်ကျွတ်အိတ်ပါး လျော့ချခြင်း၊ ပြန်လည် အသုံးပြုခြင်း၊ ပြန်လည် ထုတ်လုပ်ခြင်း (Recycle) မူဝါဒများကို ကုမ္ပဏီများက လိုက်နာခြင်းရှိ၊ မရှိကို လေ့လာ စောင့်ကြည့်သွားမည့် စနစ်ကို ကျင့်သုံးမည် ဖြစ်သည်။

          တစ်ချိန်တည်းမှာပင် ရန်ကုန်မြို့တော်တွင်း စွန့်ပစ် ပလပ်စတစ်အိတ်များ စုဆောင်းမည့် အစီအစဉ်ကို စတင် ဆောင်ရွက်မည် ဖြစ်ပြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သဘောတူညီချက်၏ လုပ်ငန်းတစ်ရပ် အနေဖြင့် ပလပ်စတစ်ပိုက်များ ထုတ်လုပ်ရာတွင် ပြန်လည် အသုံးပြုမည် ဖြစ်သည်။ ရန်ကုန်မြို့တော်တွင် ပလပ်စတစ်ပစ္စည်း စက်ရုံပေါင်း (၁၄၆) ခု ရှိနေကာ အသုံးပြုပြီး ပလပ်စတစ်အိတ် စွန့်ပစ်မှုမှာ တစ်ရက်လျှင် တန်ချိန် (၂၀၀) ခန့် ရှိသည်ဟု သိရပါသည်။

          အစားအသောက်နှင့် ကုန်ခြောက်ပစ္စည်းများ ထုတ်ပိုးရာတွင် စက္ကူအိတ်၊ အဝတ်အိတ်၊ ငှက်ပျောဖက်နှင့် အင်ဖက်များအား အစားထိုး အသုံးပြုရန် အာဏာပိုင်များက လူထုကို တိုက်တွန်း နေပါသည်။

          ရန်ကုန်မြို့တော်တွင် အသုံးပြုပြီး ပလပ်စတစ်အိတ် တန်ချိန် (၃၁) သန်းခန့် နှစ်စဉ် စွန့်ပစ်နေသည်ဟု စည်ပင်သာယာ တာဝန်ရှိ ပုဂ္ဂိုလ်များက ထုတ်ပြန် ကြေညာပါသည်။

          ကျွတ်ကျွတ်အိတ် ကင်းစင်သော ဒေသများ ဖေါ်ဆောင်ရေး အစီအစဉ်ကို မြစ်ကြီးနားနှင့် စစ်ကိုင်းမြို့များတွင် ဆက်လက် အကောင်အထည် ဖေါ်မည်ဟု ဆိုပါသည်။

          စားသောက်ဆိုင်များနှင့် ဈေးများတွင် စားသောက်စရာ ထုတ်ပိုးရာတွင်လည်းကောင်း၊  အမှိုက်များ ထုတ်ပိုး စွန့်ပစ်ရာတွင်လည်းကောင်း၊ ကျွတ်ကျွတ်အိတ်ပါး အသုံးပြုသော အလေ့အထသည် မြန်မာလူထုအတွင်း ပျံ့နှံ့လျက်ရှိပြီး နေ့စဉ် စွန့်ပစ်နေသော ပလတ်စတစ်အိတ်များကြောင့် ကြီးမားသော အမှိုက်ပုံကြီးများကို ဖြစ်ပေါ်စေပါသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment