Transparency Myanmar

transparency.myanmar@gmail.com

ဘင်္ဂလား ပင်လယ်အော်ဒေသ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (ဘင်းစတက်) ၏ ဥက္ကဌရာထူး ကို အိန္ဒိယ နိုင်ငံက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေး အပ် လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

အဖွဲ့ဝင် ခုနစ်နိုင်ငံ ပါဝင်သည့် အဆိုပါ ဘင်းစတက် အဖွဲ့သည် တောင်အာရှဒေသ၊ အရှေ့တောင် အာရှ ဒေသနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသများကို စီးပွားရေးပူးပေါင်း ဆောင်ရွက်နိုင်အောင် ပြုလုပ်ပေးသော အဖွဲ့ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး SM Krishna ကပြောကြားသည်။  

"ဒီဘင်းစတက် အဖွဲ့ကြီးဟာ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပေး နိုင်ဖို့အတွက် အင်မတန်အရေးပါတဲ့ အဖွဲ့ကြီးတစ်ခုလို့ကျွန်တော်တို့ မြင်ပါတယ်" ဟု မြန်မာ နိုင်ငံ၊ မြို့တော်နေပြည်တော်တွင် ကျင်းပပြုလုပ်သော ဘင်းစတက်ဥက္ကဌရာထူး လွှဲပြောင်းပေးရေး အခမ်းအနား၌ ၎င်းက ပြောသည်။ 

မစ္စတာ SM Krishna သည် အဆိုပါ ဘင်းစတက်ဥက္ကဌရာထူးကို ၎င်းနှင့် အဆင့်တူသူ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အား လွှဲပြောင်းပေးအပ်ခဲ့သည်။ 

"ဒီဘင်းစတက်အဖွဲ့ဟာ တောင်အာရှ၊ အရှေ့တောင်အာရှ နဲ့ အရှေ့မြောက်အိန္ဒိယ ဒေသတို့ ကို ချိတ်ဆက်ပေးတဲ့ တံတားတစ်စင်းလို့မြင်မိပါတယ်" ဟု မစ္စတာ Krishna ကပြောပါသည်။  

အိန္ဒိယနိုင်ငံသည် ဘင်းစတက်အဖွဲ့ဝင် နိုင်ငံများအချင်းချင်း ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် တွန်းအားပေးလျက်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။

ဘင်းစတက်အဖွဲ့တွင် ဘင်္ဂလားပင်လယ်အော် ဒေသ နိုင်ငံများ ဖြစ်ကြသော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း အစရှိသည့် နိုင်ငံများပါဝင်သည်။  

ယခင်နှစ်က ဒုတိယကြိမ်မြောက် ဘင်းစတက် ထိပ်သီးဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံက လက်ခံကျင်းပပေးခဲ့သည်။ အိန္ဒိယအနေဖြင့် ဘင်းစတက်နှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းမျာကို မြှင့် တင်လိုကြောင်း မစ္စတာ Krishnaက ထုတ်ဖော်ပြောဆိုပြီး အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ အစွမ်းကုန်မြှင့်တင် သွားစေလိုကြောင်း ၎င်းက တိုက်တွန်းလိုက်သည်။ 

"ကျွန်တော်တို့အနေနဲ့ ဘင်းစတက်ကို ခိုင်မာသန်စွမ်းတဲ့ အဖွဲ့အစည်းတစ်ခု အဖြစ် တွေ့မြင် လိုပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလတစ်လျှောက်လုံး ( အိန္ဒိယက ဥက္ကဌရာ ထူး ရယူခဲ့စဉ် ကာလက)  အခုလို ပန်းတိုင်မျိုးကို ရောက်လာအောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။ 

ဘင်းစတက် အဖွဲ့သည် ကျန်းမာရေး၊ စွမ်းအင်၊ နည်းပညာ၊လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက် ရေး၊ ကုန်သွယ်ရေး၊ တိုရစ်ဇင် နှင့် ယဉ်ကျေးမှု အပါအဝင် ကဏ္ဍပေါင်း ၁၄ ခုကို ပူးပေါင်း ဆောင်ရွက်နေသော အဖွဲ့တစ်ခုဖြစ်ပါသည်။ 

IANA သတင်းဌာနမှ India hands over BIMSTEC chair to Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment