Transparency Myanmar

transparency.myanmar@gmail.com

Yahoo News,Darlene Superville, 3 Dec 2009

          အမေရိကန် သမ္မတ အိုဘားမားနှင့် ရုရှားနိုင်ငံသမ္မတ Dmitry Medvedev တို့သည် စနေနေ့က သက်တမ်းလွန်သွားသည့် နျူကလီးယား လက်နက်စာချုပ်အတွက် ဆက်လက် ဆွေးနွေးညှိနှိုင်းရေး ကိစ္စအား စကားပြောကြကြောင်း အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

          အိုဘားမားအစိုးရ တာဝန်ရှိသူက ပြောရာတွင် သမ္မတနှစ်ဦးသည် တယ်လီဖုန်းဖြင့် အားပေး စကားပြောကြခြင်း ဖြစ်ပြီး၊ အသေးစိတ် အချက်အလက်များကို ပြောကြားခြင်း မရှိပါ။ ပြောဆိုသူက အမည်မဖော်လိုကြောင်း ဖုန်းဖြင့် ဆွေးနွေးမှုအား လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

          မဟာဗျူဟာ လက်နက်လျှော့ချရေး စာချုပ် The Strategic Arms Reduction Treaty (Start) မှာ ဒီဇင်ဘာလ ၅ ရက်နေ့က သက်တမ်း ကုန်သွားပြီ ဖြစ်သည်။ နှစ်နိုင်ငံအစိုးရသည် လွန်ခဲ့ သော လများကပင် နှစ်ဖက်စလုံးက နျူကလီယာလက်နက် ထပ်မံ လျော့ချရေးအတွက် စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။

          အိမ်ဖြူတော်သတင်း ထုတ်ပြန်ရေး အတွင်းရေးမှူး Robert Gibbs က ယခင်အပတ်က ပြောကြားရာတွင် နှစ်ဖက်စလုံး တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုပါသည်။ 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment