Transparency Myanmar

transparency.myanmar@gmail.com

burmanet.org,10 Dec 2009

          လခစား မဟုတ်သော လွတ်လပ်သည့် မီဒီယာသမားများကို ထောင်သွင်း အကျဉ်းချမှုများ တစ်ကမ္ဘာလုံးတွင် တိုးပွားလာနေသည်ဟု သတိပေးထားသူ မီဒီယာ စောင့်ကြည့် လေ့လာရေးအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံသည် စာနယ်ဇင်းသမားများကို အများဆုံး အကျဉ်းချထားသော ကမ္ဘာ့နိုင်ငံ တစ်ခုဖြစ်နေသည်ဟု သိရှိရပါသည်။ စာနယ်ဇင်း သတင်းထောက်များကို အကျဉ်းချလေ့ ရှိသော ကမ္ဘာတစ်ဝှမ်းရှိ ၂၆ နိုင်ငံတွင် မြန်မာ၊ တရုတ်၊ အီရန်၊ ကျူးဘားနှင့် အီရီထရီယာတို့သည် အဆိုးဆုံး ဖြစ်သည်ဟု နယူးယောက် အခြေစိုက် စာနယ်ဇင်း သတင်းထောက်များ အကာအကွယ်ပေးရေး ကော်မတီ CPT က အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။

          ကမ္ဘာအနှံ့ ထောင်ဒဏ် ကျခံနေရသော သတင်းထောက်များ စုစုပေါင်း ၄၅ % မှာ လွတ်လပ်သော မီဒီယာသမားများဖြစ်ပြီး ယခု လတ်တလော ဖမ်းဆီးမှုများ မြင့်တက်လာခြင်းသည် ကမ္ဘာ့သတင်း စီးပွားရေးလုပ်ငန်း တိုးတက် ပြောင်းလဲလာခြင်းကို ထင်ဟပ်ပြနေသည်ဟု ၎င်းတို့က ပြောပါသည်။

          နိုင်ငံရေး အကျဉ်းသားများဟု ယေဘုယျ သတ်မှတ်ထားသော အကျဉ်းကျခံ စာနယ်ဇင်းသမား ၉ ဦးအနက် ၅ ဦးမှာ လွတ်လပ်သော သတင်းသမားများဖြစ်သည်ဟု CPJ သတင်းများအရ သိရပါသည်။

          ၎င်းတို့ အထဲတွင် ကျော်ကြားသော ဟာသပညာရှင် ဇာဂနာလည်း ပါဝင်လာပြီး ၎င်းသည် နာဂစ် ဆိုင်ကလုန်းကာလတွင် မြန်မာအစိုးရ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ပြည်ပ မီဒီယာများနှင့် အင်တာဗျူးတွင် ဝေဖန် ပြောကြားခဲ့သောကြောင့် ၂၀၀၈ နိုဝင်ဘာတွင် ထောင်ဒဏ် ၅၉ နှစ် (နောက်ပိုင်းတွင် ၃၅ နှစ်သို့ လျော့ချ) ပြစ်ဒဏ် ချမှတ်ခံထားရသူ ဖြစ်သည်။

          ဇာဂနာနှင့်အတူ နာဂစ်ဆိုင်ကလုန်း၏ ဆိုးကျိုးများကို ဗီဒီယိုရုပ်ရှင် ရိုက်ကူးခဲ့သူ ဇော်သက်ထွေးမှာလည်း ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခြင်း ခံရပါသည်။

          မြန်မာဘလော့ဂါ နေဖုန်းလတ်သည်လည်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများ၏ ရုပ်ပြောင် ပုံတူများကို တင်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံရကာ ၎င်းနှင့်အတူ လုပ်ကိုင်ခဲ့သူ ယခင် ဘီဘီစီ သတင်းပေး နေမင်းမှာလည်း ထောင်ဒဏ်၁၅ နှစ် ကျခံနေရပါသည်။

          သတင်းသမားများ၏ နောက်ကွယ်မှ ပံ့ပိုးနေသော မီဒီယာ အဖွဲ့အစည်းများ၏ ကြီးမားသော အစဉ်အလာသည် သမိုင်းတွင် တဖြည်းဖြည်း တိမ်မြှုပ် ကျဆင်းနေသည်ကို သိရှိသွားသောကြောင့် သတင်းသမားများသည် အန္တရာယ် ကြီးမားသော တာဝန်များမှ စွန့်ခွာနေကြသည်ဟု CPT အမှုဆောင် ဒါရိုက်တာ Toel Simon က အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          ယနေ့ ရှေ့တန်းတွင် လုပ်ကိုင်နေသော သတင်းထောက်များတွင် လွတ်လပ်စွာ လှုပ်ရှားသူများ တိုးပွားလာပါသည်။ အွန်လိုင်း သတင်းထောက်များ တိုးပွားလာခြင်းသည် သတင်းထောက် မျိုးဆက်သစ် စာမျက်နှာကို ဖွင့်လှစ်ခိုင်းခြင်း ဖြစ်သော်လည်း ၎င်းတို့မှာ ထိလွယ်ခိုက်လွယ် ဖြစ်နေသည် ဟု ဆိုရပါမည်။

          ဖြစ်ရပ်မှန် ဇာတ်ကားဆု ရရှိခဲ့သော Orphans of Burma Cyclone ရိုက်ကူးသူ DBV အတွက် အလုပ်လုပ်ပေးနေသည့် မြန်မာဓာတ်ပုံသမား "T"၏ အဖြစ်အပျက်ကို အဖွဲ့အစည်းက ညွှန်ပြခဲ့ပြီး ၎င်း သည် လက်ရှိတွင် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရပါသည်။

          ကမ္ဘာပေါ်ရှိ စစ်ဆေးမေးမြန်းမှု ထူပြောသည့် နိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံသည် သတင်းထောက်များအတွက် အလွန် အန္တရာယ်ကြီးပြီး T ကဲ့သို့သော အကာအကွယ်မဲ့ သတင်းထောက်များ၏ ကိစ္စမှာ ကမ္ဘာပေါ်တွင် အရေးတကြီး ဆန်းစစ်စရာ ဖြစ်လာနေပါသည်။

          ပဲရစ် အခြေစိုက် မီဒီယာ လေ့လာရေးအဖွဲ့ Reporters Sans Frontieres က နှစ်စဉ် ထုတ်ပြန် သော ၂၀၀၉ မီဒီယာ လွတ်လပ်သော နိုင်ငံများ ညွှန်းတန်းတွင် ၁၇၅ နိုင်ငံ ရှိသည့် အနက် မြန်မာနိုင်ငံ က နံပါတ် ၁၇၁ တွင် ရှိနေပါသည်။ မြန်မာနိုင်ငံသည် ဘလော့ဂါတစ်ယောက် ဖြစ်လာရန် မလွယ်ကူသော လူဆိုးနိုင်ငံဟု CPJ က ထုတ်ပြန်သည့် ဧပြီလ အစီရင်ခံစာတွင် နာမည်ပေးထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment