Transparency Myanmar

transparency.myanmar@gmail.com

Khonumthung News, 10 Dec 2009

          ချင်းပြည်နယ် Thantlang မြို့နယ် Lungler ရွာတွင် မြန်မာစစ်တပ်မှ တပ်ရင်း ၂၂၈ မှာ စစ်သား ၃၈ ဦး စခန်းချနေရာ ရွာသားများကို နေထိုင်ရ အဆင်မပြေမှုများ ဖြစ်စေသည်ဟု ဆိုပါသည်။

          သတင်းများအဆိုအရ စစ်တပ်မှ ခေါင်းဆောင်အရာရှိ စိုးကျော်သိန်းနှင့် သူ၏ တပ်ဖွဲ့သည် ရွာသား စန်းသူ၊ Thleilian နှင့် အခြားနှစ်ဦး၏ အိမ်များတွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ စတည်းချ နေကြကြောင်း သိရှိရပါသည်။

          ရွာရှိ အမျိုးသမီးတစ်ဦးက ပြောကြားရာတွင် စစ်သားများ ရှိနေသောကြောင့် ၎င်းတို့ စိတ်ညစ်ကြောင်း၊ နေထိုင်ရ ခက်ခဲ၍ လွတ်လွတ်လပ်လပ် မရှိကြောင်း၊ ကျေးရွာကောင်စီသည် ၎င်းတို့အတွက် အစားအစာများ၊ ရေနှင့် ချက်ပြုတ်ရန် ထင်းများ စီစဉ်ပေးရကြောင်း ဆိုပါသည်။

          ယခင်တပ်ဖွဲ့များ လာစဉ်က ရွာနှင့် အလှမ်းဝေးသော ဘုန်းကြီးကျောင်းတွင် နေထိုင်ခဲ့ကြသော်လည်း၊ ယခု ရောက်သော စစ်သားများက ရွာသားများနှင့် နီးကပ်စွာ နေထိုင်ကြောင်း ပြော၍ ရွာထဲတွင် နေထိုင်ကြသည်ဟု ဆိုပါသည်။

          ၎င်းတို့ အဘယ်ကြောင့် ရွာသားများနှင့် နေလိုကြောင်း မသိရကြောင်း၊ ရွာသားများ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရကြောင်း သူမက ပြောပါသည်။

          စစ်သားများသည် Thantlang မြို့နယ်ရှိ တောင်ကြားရှစ်ခုအနက် ငါးခုတွင် ကင်းလှည့်ပြီး တစ်ခါတစ်ရံ ရွာသားများထံမှ အိမ်မွေး တိရစ္ဆာန်များနှင့် ငွေများကို ယူကြပါသည်။

          ရွာထဲတွင် ဝင်ရောက် နေထိုင်ရခြင်း အကြောင်း ဖြစ်နိုင်သည့် အချက်မှ စစ်တပ်အတွက် စခန်းသစ် တည်ဆောက်ရာတွင် ရွာသားများအား ခိုင်းစေပါက ပြည်ပမီဒီယာများသို့ အဓမ္မ လုပ်အားပေးစေခိုင်းမှု ရှိကြောင်း သတင်းပေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်မည်ဟု ယူဆရပါသည်။

          Lungler စစ်တပ်ဧရိယာအတွင်းရှိ တောင်ကြားငါးခုတွင် ရွာပေါင်း ၄၆ ရွာ ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment