Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 5th January 2010

          မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲသည် အားလုံး လက်ခံ ယုံကြည်နိုင်ရေး အတွက် သံသယရှိကြောင်း အမေရိကန် ပြည်ထောင်စုက တနင်္လာနေ့က ပြောကြားခဲ့ပြီး၊ စစ်အစိုးရအနေဖြင့် အတိုက်အခံနှင့် တိုင်းရင်းသား အဖွဲ့များနှင့် ဆက်ဆံရေး ပြုလုပ်ရန် တိုက်တွန်းခဲ့ပါသည်။

          မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား ပေးပို့ရာတွင် မြန်မာပြည်သူများအား ၂၀၁၀ တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းခဲ့ပါသည်။

          အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ian Kelly က ပြောကြားရာတွင်  အမေရိကန်ပြည်ထောင်စု အနေဖြင့် အတိုက်အခံရော တိုင်းရင်းသားများပါ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် အတိုင်းအတာ တစ်ခုအထိ ချဉ်းကပ် ကြိုးစားသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

          သို့သော် ယခုအထိတော့ ယုံကြည်ရသည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည့် အဓိပ္ပာယ် ရှိသော ခြေလှမ်းများ မြင်တွေ့ရခြင်း မရှိသေးကြောင်း၊ Mr. Kelly က ပြောပါသည်။ အတိုက်အခံ ခေါင်းဆောင် အတော်များများသည် ထောင်ထဲတွင်ပင် ရှိနေသေးပြီး၊ နိုင်ငံရေးအရ ငြင်းခုံခွင့်လည်း မပေး၊ သတင်းစာ လွတ်လပ်ခွင့်လည်း မရှိသေးကြောင်း ၎င်းက ပြောပါသည်။

          Mr. Kelly က မြန်မာအစိုးရကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး အလေးအနက် ဆွေးနွေးစေရန် တောင်းဆိုခဲ့ပါသည်။ သို့မှသာ အားလုံး ပါဝင်နိုင်မည့် ရွေးကောက်ပွဲအတွက် ပထမခြေလှမ်း လှမ်းနိုင်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment