Transparency Myanmar

transparency.myanmar@gmail.com

http://myanmarbaydinsayar.blogspot.com/2010/01/blog-post.html  မှ ကူးယူဖော်ပြပါသည်။


          ၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံသည် ထူးခြား ဆန်းပြားသော အတွေ့အကြုံမျိုးစုံကို တစ်ပြိုင်နက် ခံစားရရှိမည့် အချိန်အခါ ဖြစ်သည်။ ပဋိပက္ခမျိုးစုံကို မြင်တွေ့ရမည် ဖြစ်သကဲ့သို့ ကောင်းကျိုး အဖုံဖုံကို မြင်တွေ့ရမည့် သဘောဖော်ပြနေပေရာ နက္ခတ္တ ပညာသဘောအရ နက်နဲသောဂြိုဟ်နေဖြစ်လေ၏။

များစွာ သိသာထင်ရှားသည်မှာ မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို နိုင်ငံတကာ ကလည်းကောင်း၊ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ အင်အားစုများက လည်းကောင်း ကျေနပ်နိုင်ခြင်း မရှိသောကြောင့် အကျပ်အတည်းမျိုးစုံကို ဖန်တီးကြလိမ့် မည်ဟူသည့်သဘော မြင်ရခြင်းဖြစ်၏။

ဝသဖလ ဂြိုဟ်၏ အင်္ဂါဂြိုဟ်သည် ကိုးတန့်တွင်နေ၍ လဂ်ကို ၅တန့် အပြည့်မြင်ထားရာ စစ်တပ်သည် နိုင်ငံ၏ ကောင်းရာ ကောင်းကျိုးကို ဆောင်ကြဉ်းလိမ့်မည်ဟူ၏။ မြန်မာ လွတ်လပ်ရေး ဇာတာ၏ စနေဂြိုဟ်သည် အဆိုပါ အင်္ဂါဂြိုဟ်ကို သွား၍ ပူးယှဉ်နေရာ စစ်မက် သဘောတရားများ စစ်တပ် အတွင်း၌လည်း ပဋိပက္ခများ ရှိလိမ့်မည် ဟူ၏။ သို့သော် အဆိုပါ စနေဂြိုဟ်သည် ဝသဖလ လဂ်ကို ၅ တန့် အပြည့်မြင်ထားရာ ဗိုလ်ချုပ်မှူးကြီးသည် သဘောကောင်းစွာ ကောင်းကျိုးများကို ဆောင်ကြဉ်း ဖွယ်ရှိ၏။

စစ်အစိုးရသည် နိုင်ငံအတွက် ကောင်းကျိုးများ ဆောင်ကြဉ်းမည်ဟု ပြထားသော်လည်း အတိုက်အခံ အင်အားစုများကို မူ ဖိနှိပ်ထားလိမ့်မည်ဟု လေးတန့်တွင် ရှိနေသော ယူရေးနပ်ဂြိုဟ်က ပြဆို၏။

မတ်လကုန်ပိုင်းသည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး အုတ်မြစ်များ ချမည့် အချိန်ဖြစ်သည်။ ယနေ့ဖြစ်နေသော အငြင်းအခုံ အားလုံးရပ်ဆိုင်း သွားတော့မည် ဖြစ်ပြီး သဘောထား တင်းမာသူ အားလုံး စစ်ဘက်၊ ဒီမိုကရေစီဘက် နှစ်ဘက်လုံးတွင် နိုင်ငံရေးမှ ထွက်သွား ကြရမည့် အချိန် ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ အားလုံးလည်း လွတ်မြောက်လာကြလိမ့်မည်။ မထင်မှတ်သော အပြောင်းအလဲ များလည်း မြင်ကြရလိမ့်မည်။

ဝသဖလ ဇာတာ၏ လဂ်ကို လွတ်လပ်ရေး ဇာတာ ကြာသပတေးဂြိုဟ်က ပူးယှဉ်ထားပြီး ဝသဖလ ကြာသပတေးက အကောင်းမြင်ထားရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် အဆုံးသတ် ကောင်းလိမ့်မည်ဟု ဆိုနိုင်ပါသည်။

ဝသဖလ ဇာတာ၏ တနင်္ဂနွေဂြိုဟ်သည် သောကြာဂြိုဟ်နှင့် ပူးယှဉ်ထားရာ အတိုက်အခံများ ဖိနှိပ်ခံရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ နားလည်မှု ရလိမ့်မည်ဟု ဖော်ပြပါ၏။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment