Transparency Myanmar

transparency.myanmar@gmail.com

English.people.com.cn, 8th March 2010

          ယခုနှစ်အတွင်း စတင် အကျုံးဝင် သက်ရောက်မည့် တရုတ်-အာဆီယံ ကုန်သွယ်ရေး လွတ်လပ်နယ်မြေ (CAFTA) ၏ လုပ်ငန်းဆောင်တာများမှ တစ်ဆင့် တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြှင့် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် စီးပွားရေး ကောင်စီဝန် ဂျင်ဟောင်ဂျန်က တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

          CAFTA ဖွဲ့စည်း တည်ထောင်လိုက်ခြင်းကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ချောမွေ့ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်လိမ့် မည်ဟုလည်း ၎င်းက ဆိုသည်။

          တရုတ်အစိုးရ တရားဝင် စာရင်းဇယားများအရ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးသည် ၂၀၀၉ ခုနှစ်တွင် ယခင်နှစ်ကထက် ၁၀ % မြင့်တက်ကာ အမေရိကန် ဒေါ်လာ ၂.၉၀၇ ဘီလျံအထိ ရောက်ရှိခဲ့သည်ဟု သိရသည်။ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးတွင် တရုတ်မှ မြန်မာသို့ တင်ပို့မှုမှာ ဒေါ်လာ ၂.၂၆ ဘီလျံ ရှိခဲ့ပြီး မြန်မာမှ တရုတ်သို့ တင်သွင်းမှုမှာ ဒေါ်လာ ၆၄၆ သန်း ရှိခဲ့သည်ဟုလည်း စာရင်း ထုတ်ပြန်သည်။

          ၂၀၀၈ ခုနှစ် အကုန်တွင် တရုတ်က မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံခဲ့သော တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၃၃၁ ဘီလျံ ရှိခဲ့ပြီး သတ္ထုတူးဖော်ရေး၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများတွင် အဓိက မြှုပ်နှံခြင်း ဖြစ်သည်။

          တရုတ်နိုင်ငံသည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဘက် အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတွင် စတုတ္ထ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ အဖြစ်လည်းကောင်း ရပ်တည်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment