Transparency Myanmar

transparency.myanmar@gmail.com

 Associated Press, 8th March 2010

မြန်မာနိုင်ငံ၌ ယခုနှစ်ကုန်တွင် ကျင်းပပေးမည်ဟု ဆိုသော ရွေးကောက်ပွဲ အတွက် လူအများ ကာလကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြသော ရွေးကောက်ပွဲ ဥပဒေများကို အစိုးရက ကြေညာပေးခဲ့သည်။

အစိုးရ ရုပ်မြင်သံကြားဋ္ဌာနက တနင်္လာနေ့ နေ့လယ်က ထုတ်လွှင့်ရာတွင် အစိုးရသည် ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ဥပဒေ တို့ကို ပြဋ္ဌာန်းခဲ့သည်ဟု ဆိုပါသည်။ အသေးစိတ် ဖော်ပြခြင်း မရှိဘဲ၊ အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသွားမည်ဟု ဆိုသည်။

မြန်မာ အစိုးရသည် ၂၀၀၈ ခုနှစ် အစောပိုင်းက ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပပေးမည်ဟု ကြေညာခဲ့သော်လည်း၊ ယခု အချိန်အထိ ကျင်းပမည့်ရက်ကို ထုတ်ပြန်ခြင်း မရှိသေးပါ။ ၁၉၉၀ ခုနှစ်က ပြုလုပ်သော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် အနိုင်ရခဲ့သော်လည်း အစိုးရက အာဏာလွှဲပေးခြင်း မရှိခဲ့ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment